Friday, July 20, 2012

ဘ၀ကိုဖြတ်သန်းတဲ့အခါ ----



ဘ၀ကိုဖြတ်သန်းတဲ့အခါ ----

> အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ

> ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ

> မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ

> ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့

> အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ

> အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

> ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ

> အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ

> ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ

> မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့

> သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့

> ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့

> ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့

> Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

> အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။

> အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။

သက်တန့်ချို
ဖတ်မိသမျှ ၊ မှတ်မိသမျှ ၊ တွေးမိသမျှ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. တကယ်ကို လိုက်နာသင့်တဲ့ အချက်ကလေးတွေပါ..

    ReplyDelete
  2. > ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ good.

    ReplyDelete
  3. မှတ်သားစရာလေးတွေမို့ ဖတ်ပြီးမှတ်သွားတယ် မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုသက်တန့်ရေ... တကယ်မှတ်သားသင့်တာလေးတွေပါ...
    ဒီအချက်လေးကိုတော့ သေချာမှတ်သွားတယ်...:P
    အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

    ReplyDelete
  5. စာသားတွေက ကောင်းပါတယ်....ကျော်စွာငြိမ်းကနေ zombyard.net ကိုပြောင်းထားပါတယ်။ လာလည်ပါအုံး။

    ReplyDelete
  6. လိုက်နာကျင့်သုံးဖို့ လိုနေတဲ့ အဆိုအမိန့်တွေချည်းပဲဗျာ ... ။ ကျေးဇူးပဲ ကိုသက်တန့်ရေ ...

    ReplyDelete
  7. လိုအပ်နေသေးတဲ့ အချက်တွေပါပဲ ကိုသက်တန့်ရေ ...။ များများတွေးဖို့ ၊ များများလုပ်ဖြစ်ဖို့ ... စိတ်ကို သိနေတဲ့ အသိတွေအတွက် တချို့ ဥပဒေသ တွေကို ကိုယ်တိုင် လိုက်နာနိုင်ဖို့ ကြိုးစားရဦးမယ် ထင်ပါရဲ့ ...

    ReplyDelete