Monday, July 1, 2019

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ


Update ကိုပြောရရင် 7 Day ကို မူကြိုကျောင်း ကျောင်းအုပ် ရဲ့အပြောအရ

- ကြီးကြပ်ရေးမှူးဆရာမရဲ့သားနှစ်ယောက် ကို DNA စစ်ပြီးပြီ အကြမ်းဖျင်းအားဖြင့်အဖြေမတူဘူး အစစ်ခံတယ် DNA မတူဘူး (တစ်ယောက်က ဆယ်တန်း တစ်ယောက်က ၈ တန်း )
- သံသယ ကလေး (၂) ယောက် နဲ့ ကျောင်းဖက်က ၀န်ထမ်း ၃၀ လောက်ကိုလည်း စစ်ပြီးပြီ ရဲတပ်ဖွဲ့ဖက်က ဘယ်အရာကိုမှ အတည်ပြုချက်မပေးသေးပါ

-------------------------------

တချို့ အမှုတွေနဲ့ ရဲဘက်ပိုင်းဆိုင်ရာ စုံစမ်းမှုတွေမှာ confidential ဖြစ်ရတယ်ဆိုတာ နားလည်ပါတယ် ဒါမှ စုံစမ်းလို့ အမှုတည်ဆောက်ဖို့လွယ်မှာကိုး
ဒါပေမယ့် တစ်ခုသိချင်တာက ( ဘယ် လို ဆိုးကျိုးမှမရှိနိုင်ဘူးလို့ယူဆတာကြောင့် )

- DNA Result တွေကို Public ကို official press news ကနေတဆင့် ချပြပေးလို့မရဘူးလား
- ဆရာမ နှင်းနုရဲ့ ထွက်ဆိုချက်အသေးစိတ်ကို ချပြပေးလို့မရဘူးလား
- နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတဲ့ Plan ကို သိလို့ရမလား ( အကယ်၍ ပေးသိရင် တရားခံလွတ်သွားမှာ စိုးလို့ဆိုရင် အိုကေထားလိုက် ဒီတစ်ချက် )
- သံသယယာဉ်မောင်းကိုလည်းမခိုင်လုံလို့ ပြန်လွှတ် ၊ DNA လည်းအားလုံးစစ်ပြီး အဖြေမထွက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ?
- နိုင်ငံတကာ Investigator တွေအကူအညီယူမှာလား ( ဥပမာ Google street view - ကိုယ်ဥာဏ်မှီသလောက်စဉ်းစားတာ )
- CID ကရောဘာထူးသေးသလဲ ?

 ဒီနေ့ဟာ ဂျူလိုင်လ ၁ ရက်နေ့ရောက်ပါပြီ အခင်းဖြစ်ပြီးတရားခံမပေါ်သေးတာမေ ၁၇ ကနေ ဇူလိုင် ၁ ရက်နေ့ထိ ကြာမြင့်ခဲ့ပြီ

ဒီအတိုင်းပဲ ပြီးသွားမှာလား ???

 #JusticeForVictoria
#PromoteRuleOfLawInMyanmar

သက်တန့်ချို
1-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment