Friday, July 12, 2019

အမှောင်ဖက်ကိုလည်း မြင်အောင်ကြည့်ပါ




အဆင်ပြေပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
အခက်အခဲတွေအများကြီးရှိတယ်

ပျော်ပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
စိတ်ညစ်ရခြင်းတွေ အများကြီးရှိတယ်

ဝမ်းသာပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
ဝမ်းနည်းရခြင်းတွေအများကြီးရှိတယ်

ရယ်မောခြင်းတွေရဲ့နောက်ကွယ်မှာ
ငိုကြွေးရခြင်းတွေအများကြီးရှိတယ်

ကျေနပ်ပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
အလိုမကျခြင်းတွေအများကြီးရှိတယ်

လောကကြီးမှာပြီးပြည့်စုံတယ်ဆိုတာမရှိဘူး

လူတွေရဲ့အလင်းဖက်ကိုပဲမကြည့်ပါနဲ့
အမှောင်ဖက်ကိုလည်းမြင်အောင်ကြည့်တတ်ရပါမယ်

သက်တန့်ချို
12-July-2019






စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment