Saturday, July 13, 2019

ဘာကပိုအရေးကြီးသလဲ


မင်းအသားဖြူတာမည်းတာအရေးမကြီးဘူး
စိတ်ထားဖြူစင်ဖို့သာလိုတယ်

မင်းချမ်းသာတာဆင်းရဲတာအရေးမကြီးဘူး
စာရိတ္တကောင်းဖို့သာလိုတယ်

မင်းရာထူးမြင့်တာနိမ့်တာအရေးမကြီးဘူး
သီလလုံဖို့သာလိုတယ်

မင်းအောင်မြင်တာကျရှုံးတာအရေးမကြီးဘူး
ရိုးသားဖို့သာလိုတယ်

မင်းဘယ်လောက်ရယူနိုင်တယ်ဆိုတာထက်
မင်းဘယ်လောက်ပေးဆပ်နိုင်တယ်ဆိုတာက 
ပိုအရေးကြီးကြောင်း 

တစ်နေ့တော့သိလာပါလိမ့်မယ် 

သက်တန့်ချို
13-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment