Tuesday, July 9, 2019

ဘယ်တော့မှ သွေးမအေးကြပါနဲ့


 သမီးလေးမွေးထားရင် ဓါးကိုင်ပြီးစောင့်ရမယ့်ဘဝ
မရောက်ကြသေးခင်

ဘယ်တော့မှ လက်မလျော့ကြပါနဲ့
ဘယ်တော့မှ သွေးမအေးကြပါနဲ့
ဘယ်တော့မှ ဇာတ်မျောမပစ်လိုက်ကြပါနဲ့

လိင်အကြမ်းဖက်မှုခံရတဲ့ ကလေးဟာ
ကိုယ့်သား၊သမီး
ကိုယ့်တူ ၊ တူမ
ကိုယ့် ညီ၊ညီမ အချိန်မရွေးဖြစ်သွားနိုင်တာမို့ ဒီဖြစ်စဉ်တစ်ခုလုံးကို
အမှန်တရားပေါ်ပေါက်လာသည်အထိ awareness ရှိနေဖို့လိုပါတယ်

အချိန်တွေကြာလာတာနဲ့အမျှ
နေ့တွေ ကျော်လွန်လာတာနဲ့အမျှ
စိတ်ဝင်စားမှု လျော့ကျပြီး သွေးအေးသွားမှာ စိုးပါတယ်

ပြည်သူအများစု ဆန္ဒဖော်ထုတ်နေကြတယ်ဆိုတာ
Victoria ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပါဘူး

- ကလေးငယ်အားလုံးအတွက် ကြောက်ရွံ့မှုကင်းတဲ့ ပတ်ဝန်းကျင်ဖန်တီးချင်ကြလို့ပါ

- လိင်အကြမ်းဖက်မှု ပပျောက်ပြီး သန့်စင်သော Society ဖန်တီးချင်ကြလို့ပါ

- ရက်စက်ယုတ်မာသောလူယုတ်မာများကို ထိရောက်စွာ ဖော်ထုတ်အပြစ်ပေးနိုင်ဖို့ပါ

- ကလေးနဲ့လူကြီးတွေကြား နွေးထွေးတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ

- ကိုယ့်သားသမီး ၊ ကိုယ့်ရင်သွေး ၊ ကိုယ့်ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီးနောက်ထပ် victoria များစွာ ပေါ်ထွက်မလာစေရေးအတွက်ဖြစ်ပါတယ် ။

 #JusticeForVictoria
#ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

သက်တန့်ချို
9-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment