Wednesday, August 18, 2010

ညီမလေးဖတ်ဖို့ (၃)

ညီမလေးဖတ်ဖို့ (၃)




သို့

ညီမလေးရေ...

အခုရက်ပိုင်းအတွင်းမိုးကလည်းမစဲတော့ပဲ သည်းသည်းမဲမဲကို ရွာနေတော့တာပဲကွယ် ။ ဒီတစ်ညလုံး ထုံးစံ အတိုင်းပေါ့ မိုးကတဖွဲဖွဲလေး ရွာနေပြန်တယ်လေ ။ မိုးတွေရွာနေလို့ ကောင်းကင်ကြီးက မဲမှောင်မှိုင်း ညှို့နေ ပေမယ့် လမင်းကြီးကိုတော့ ရေးရေးလေး တွေ့နေရတယ်ကွဲ့ ။ေ၀၀ါးနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း ညီမလေး အတွက် စာတစ်စောင်ကိုရေးလိုက်ပါတယ် ။ ဒီတစ်ခါ ပထမဆုံးပြောချင်တာကတော့ မိန်းကလေး တွေသိသင့်တဲ့ ယောင်္ကျားအမျိုးအစားတွေပေါ့ကွယ် ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ယောင်္ကျား အမျိုး အစားတွေလည်း အများကြီးရှိသကွဲ့ ။ အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိတယ်လို့ မှတ်ထားလိုက်ပါ ညီမလေး ။

၁ ။ ခြင်္သေ့ကဲ့သို့ ယောင်္ကျား

အရမ်းကိုပဲ တည်ကြည်ရဲဝံ့ပြီး မိမိအပေါ် နှစ်နှစ်ကာကာ ချစ်ခင်လေးစားလေ့ရှိတယ် ။ အန္တရာယ်တစုံတရာ အသက် ဘေးနဲ့ကြုံတွေ့တာတောင်မှ ဘယ်တော့မှ သစ္စာမဖောက်ပဲ မိမိကြင်သူအပေါ် အသက်စွန့်ပြီး ကာကွယ် ပေးလေ့ရှိတယ် ။ ယောင်္ကျားဝတ္တရားငါးပါးနဲ့ အညီနေထိုင်သလို မိမိရဲ့ပါရမီဖြည့်ဖက်အပေါ် လေးနက် တည်ကြည်တဲ့စိတ်ထားရှိသူပေါ့ကွယ် ။ ညီမလေးသာ အဲဒီလို ယောင်္ကျားမျိုးနဲ့ဆုံတွေ့ခဲ့ရရင် တစ်သက်လုံး လက်တွဲ မဖြုတ်ပဲ ခိုင်ခိုင်မြဲမြဲ လက်တွဲလိုက်ပါ ။ ညီမလေးအကျိုးကိုသာ လိုလားတဲ့ ယောင်္ကျားမြတ် အမျိုးအ စားဖြစ်ပါတယ် ။

၂ ။ မျောက်ကဲ့သို့ ယောင်္ကျား

ဒီလို ယောင်္ကျားမျိုးဟာ မျောက်လို့ ဆိုသကဲ့သို့ အငြိမ်မနေတတ်ပေဘူး ညီမလေးရေ ။ မျက်လုံးကလည်း အလွန်ကစားပြီး တစ်ကိုင်းပြီးတစ်ကိုင်းသာရာကို ကူးလေ့ရှိတယ် ။ မိန်းကလေးတစ်ယောက်ကို အတည်တကျ တွဲလိုတဲ့ စိတ်ထားမရှိပဲ ချောတဲ့နောက် ကောက်ကောက်ပါအောင်လိုက်လေ့ရှိတယ် ။ ကိုယ်က ဘယ်လောက်ပဲ သစ္စာရှိရှိ သူကတော့ အမြဲတမ်း သစ္စာဖောက်နေမှာပါပဲ ။ ဒီလို ယောင်္ကျားမျိုးနဲ့ဆုံဆည်းရရင်တော့ ဝေးဝေးက ရှောင်ပေတော့ ညီမလေးရေ ။

၃ ။ မြေခွေးကဲ့သို့ယောင်္ကျား

အလွန်ကို ကောက်ကျစ်စဉ်းလဲပြီး ယောင်္ကျား စင်စစ်ဖြစ်ပါလျှက် သူတပါး အကျိုးကို အမြဲပျက်ဆီး ရာပျက်ဆီး ကြောင်းကြံစည်နေတတ်တဲ့ ယောင်္ကျားမျိုးပေါ့ကွယ် ။ တစ်ချိန်လုံး ကိုယ့်အနီးမှာ ရှိတဲ့ ကြင်သူ မိတ်တွေတွေကို ကုန်းချော ရန်တိုက်ပေးလိုစိတ်ရှိတဲ့ စိတ်ထား ယုတ်ညံ့တဲ့ ယောင်္ကျားမျိုးပေါ့ကွယ် ။ မြေခွေးဆိုသလိုပဲ တစ်ကောင် တည်းတော့ ရန်မထောင်ဝံ့ဘူး ။ အမျိုးတူစရိုက်တူတွေတွေ့ပြီ ဆိုရင်ဖြင့် ကမ်းကုန်အောင် ဆိုးတတ်တဲ့ ယောင်္ကျားမျိုးပေါ့ ။ ဒီလို ယောင်္ကျားမျိုး ကြုံရရင်တော့ ဒူးနဲ့မျက်ရည်သုတ်ဖို့မ လွဲပါဘူး ။ ဝေးဝေးက သာ ရှောင်ပေတော့ ညီမလေးရေ ။

၎ ။ ကြောင်ကဲ့သို့ ယောင်္ကျား

အမြင်မှာကြည့်ရင်တော့ ပွတ်သီးပွတ်သပ်နဲ့ ကိုယ့်ကို ချစ်ခင်ကြင်နာယုယ သလိုပဲပေါ့ကွယ် ။ ဒါပေမယ့် တကယ် တမ်းကျတော့ သူတို့ကို သခင်လို ပြုစုရပြီး အရမ်းကို ဂျီးများတတ်တဲ့ ယောင်္ကျားမျိုးပေါ့ ။ အရမ်းကို ကြောက်တတ် လေ့ရှိပြီး အန္တရာယ် တစုံတခုနဲ့ကြုံတဲ့အခါ မိန်းမနောက်ကွယ်ထဲက ၊ ပုဆိုးခြုံထဲက လက်သီးပုန်းပြတတ်တဲ့ ယောင်္ကျား မျိုးပေါ့ ။ စိတ်ဓါတ်က အားကိုးလောက်စရာမရှိတဲ့အတွက် ပယ်ချသင့်တဲ့အမျိုးအစားပေါ့ကွယ် ။

ဒီလောက်ဆို ညီမလေးလည်း လောကမှာ ဘယ်လိုယောင်္ကျားမျိုးကိုရွေးချယ်သင့်တယ်ဆိုတာနဲ့ သိသင့်တဲ့ ယောင်္ကျား အမျိုးအစာေးတွအကြောင်းကို သိလောက်ရောပေါ့ကွယ် ။ နောက်ပြောချင်တဲ့အကြောင်းကတော့ " အချစ် ၊ အိမ်ထောင်ပြုခြင်းနဲ့ ဘ၀ " ဆိုတာပါပဲ ။ ညီမလေးလည်း ဘ၀မှာ မလွဲမသေကြုံရမယ့်အရာမို့ အလေး အနက်စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ပါတယ် ။

အချစ်ဦးဆိုတာ လူတိုင်းကိုယ်စီ အရူးအမူး ဖြစ်ခဲ့ကြတဲ့အရာပေါ့ ။ လူတိုင်းလည်း အချစ်ဦးကိုယ်စီ ရှိခဲ့ကြဖူး လိမ့်မယ် ။ ဒါပေမယ့်ကွယ် အချစ်ဦးနဲ့ ပေါင်းစပ်ခွင့်ရတဲ့ လူကတော့ အရမ်းကို ရှားပါးပါလိမ့်မယ် ညီမလေးရေ ။ မိန်းကလေးဆိုတာ ပန်းကလေးတစ်ပွင့်နဲ့တူတယ် ညီမလေးရဲ့ ။ ပန်းကလေးတွေဟာ လှပနေတဲ့အချိန်မှာ လိုချင်ဆွတ်ခူးယူလိုသူတွေ များပြားနေလေ့ရှိပြီး ခြောက်သွေ့ညှိုးလျော်သွားတာနဲ့တပြိုင်နက် စွန့်ပယ်ခြင်းခံရပြီး စိတ်ဝင်စားမှုလည်း လျော့နည်းသွားတတ်လေ့ရှိတယ် ။ ဒါဟာ မပြောင်းလဲတဲ့ နိယာမ တရားတစ်ခုပေါ့ကွယ် ။ ဒီတော့ အဲဒီပန်းကလေး အစွမ်းကုန်ပွင့်ဖူးလှပနေတဲ့အချိန်မှာ မလွဲမသေ လက်ခံကြုံတွေ့ရမှာကတော့ အိမ် ထောင်ပြုခြင်းဆိုတဲ့အရာပေါ့ ။ အဲဒီမှာတင် အယူအဆ ၂ ခုပေါ်လာတယ်ညီမလေးရေ ။ အရမ်းကို စိတ်ဝင် စားဖို့ကောင်းပါတယ် ။

ပထမတစ်ခုကတော့ အချစ်နဲ့ဘ၀ဟာအတူတူပဲတဲ့ ။ အချစ်ဆိုတာ ဘ၀ဖြစ်ပြီး ကိုယ်ချစ်တဲ့သူနဲ့ အိမ် ထောင်ပြုခြင်းဟာ အကောင်းဆုံးပဲတဲ့ ။ အချစ်နဲ့ဘ၀ဟာ တစ်သားတည်းပေါ့ကွယ် ။ အဲဒီအယူအ ဆ ပိုင်ရှင် တွေဟာကိုယ်ချစ်တဲ့သူနဲ့သာ ပေါင်းစည်းပြီး ဆင်းရဲတွင်းထဲ ခုန်ဆင်းရပါလေ့စေ ၊ ထမင်းရည်ပဲ အတူလျှက် ရပါလေ့စေ မောင်နဲ့မယ် မခွဲတမ်း အတူဆိုတဲ့ လူစားမျိုးတွေပေါ့ကွယ် ။ အဆင်ပြေကျရင်တော့ အကောင်း ဆုံးပေါ့ ။ အိမ်ထောင်ပြုပြီးခါမှ လင်နဲ့မယား လျှာနဲ့သွားဆိုသလို အခန့်မသင့်လို့ အဖုအထစ်လေးတွေဖြစ်လာရင် နင့်ကြောင့် ငါ့ကြောင့်ဆိုပြီးစိတ်မကောင်းစရာတွေ ကြုံရလေ့ရှိတယ်ညီမလေး ။

ဒုတိယတစ်ခုကတော့ အချစ်ကို အချစ်လို့ပဲမြင်ပြီး ဘ၀ကို ဘ၀လို့ပဲ မြင်တဲ့ အမျိုးအစားပေါ့ကွယ် ။ အချစ်ဆိုတာ သီးသန့် နှလုံးသားထဲမှာပဲရှိပြီး ကြင်သူနဲ့ ပေါင်းရသည်ဖြစ်စေ ၊ မပေါင်းရသည်ဖြစ်စေ အချိန်တန်ရင်တော့ ဘ၀ အတွက် အိမ်ထောင်ပြုလေ့ရှိတယ် ။ ဘ၀ကို အကောင်းဆုံးတည်ဆောက်ပြီး အချစ်ကိုတော့ တစ်သက်လုံး နှလုံးသားထဲ သိမ်းထားတတ်တဲ့ လူစားမျိုးပေါ့ ။ သူတို့ခံယူချက်က ဘ၀အတွက် အိမ်ထောင်ပြုပြီး အချစ်ကိုတော့ နှလုံးသားထဲက သီးသန့်နယ်မြေလို့ ခံယူထားသူတွေပေါ့ ။

အဲဒီ ၂ ခုလုံးကိုကြည့်မယ်ဆိုရင် ပထမတစ်မျိုးက နှလုံးသားကိုဦးစားပေးပြီး ဒုတိယတစ်မျိုးကတော့ဦးနှောက်ကို ဦးစားပေး တာ တွေ့ရပါတယ် ။ အချစ် ၊ အိမ်ထောင်ပြုခြင်းနဲ့ ဘ၀ဟာ တစ်ထပ်တည်းကျခဲ့ရင်တော့ ဘာများ ပြောစရာလိုပါသေးသလဲ ။ အကောင်းဆုံးပေါ့ ။ ဒါပေမယ့် လောကကြီးမှာ အကောင်းကြီးပဲဆိုတာ ဘယ်တော့ မှရှိမနေဘူး ဆိုတဲ့ မူအတိုင်း တကယ်ကြုံတွေ့ရတဲ့အခါ အဲဒီ အယူအဆ ၂ ခုထဲက တစ်ခုကို ရွေးရလေ့ရှိပါတယ် ။ ကဲ... ဘာကို ရွေးချယ်ရလဲ ???? ပထမအယူအဆက နှလုံးသားကို ဦးစားပေးတဲ့အတွက် အမှားများနိုင်သလို တကယ်အမှားကြုံတွေ့ခဲ့ရင်လည်း ငါအချစ်အတွက် မှားတာပဲလေ ခံနိုင်ပါတယ်ဆိုပြီး ဖြေသိမ့်တတ်ကြပါတယ် ။

နှလုံးသားကို ဦးစားပေးပြီး ဘ၀ကို တည်ဆောက်ရင် တကယ်ပဲ တစ်သက်လုံး စိတ်ချမ်းသာ မှာတဲ့ လား ။

ဒုတိယအယူအဆကတော့ ဦးနှောက်ကို ဦးစားပေးပြီး ဘ၀ကို တည်ဆောက်တဲ့အတွက် အမှားနည်းနိုင်ပေမယ့် တကယ်ကိုယ်ချစ်တဲ့သူနဲ့ မဆုံဆည်းရတဲ့အတွက် လူဟာ စက်ရုပ်ဆန်သွားတတ်ပါတယ် ။ ဘ၀မှာတော့ ဦးနှောက်ကို အသုံးပြုတဲ့အတွက် အောင်မြင်မှုကို သိမ်းပိုက်ကောင်းသိမ်းပိုက်နိုင်တယ် ။ ဒါပေမယ့် အချစ်ဆို တဲ့အရာဟာ အိပ်မက်တစ်ခုလိုပဲ မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိပြီး နှလုံးသားထဲမှာပဲ ထွန်းလင်းနိုင်တဲ့ မီးလုံး လေးတစ်လုံးပေါ့ ။

ဦးနှောက်ကို ဦးစားပေးပြီး ဖြစ်သင့်တာတွေ လုပ်သင့်တာတွေဝိုင်းရံလို့ ဘ၀ကို လှလှပပ တည်ဆောက်ခြင်းဟာ တကယ်ပဲ တစ်သက်လုံး စိတ်ချမ်းသာမှာတဲ့လား ။

ဘာကို ရွေးချယ်ပြီး ဘာကိုဆုံးဖြတ်သင့်သလဲ ၊ ဘယ်လိုလုပ်ရမလည်းဆိုတာ ညီမလေးလည်း ပညာတွေတတ် သင့်သလောက်တတ်ပြီမို့ ကိုယ့်ဘာသာတွေးတော ဆုံးဖြတ်နိုင်ပါစေကွယ် ။ တစ်ခုမှာချင်တာကတော့ ကိုယ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုဟာ နောင်တစ်ချိန်မှာ နောင်တရမယ့် အရာမျိုးတော့ မဖြစ်ပါစေနဲ့ ။

စာလည်းအတော်ရှည်သွားပြီဖြစ်တဲ့အတွက် ညီမလေးလည်း ငြီးငွေ့လောက်ရောပေါ့ ။ ဘ၀မှာ အေးမြဖြူစင်ပြီး မြင် တိုင်းတင့်တယ်တဲ့ ပန်းကလေးတစ်ပွင့် ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း စာကို အဆုံးသတ်လိုက်ပါတယ်ကွယ် ။

ညစဉ်ညတိုင်း ..ညီမလေး အိပ်မက်လှလှမက်ပါစေ..............။

သက်တန့်ချို
17 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ညီမလေး စာလာဖတ်သွားပါတယ်...
    ပြီးတော့ ဘယ်လိုလူမျိုးကို ရွေးမလဲလို့ စဉ်းစားရင်း..
    ရွေးမရဖြစ်နေတယ်...
    ဖြစ်နိုင်ရင်တော့.....ဟိ

    ReplyDelete
  2. ကျနော်တော့ ဘယ်အမျိုးအစားထဲတော့ပါမလဲမသိဘူး
    မဟေသီကိုပြန်မေးလိုက်ဦးမယ်
    (10)တန်းနှစ်က ချစ်ခဲ့တဲ့အချစ်ဦးနဲ့လွဲခဲ့ရပေမဲ့
    ဒုတိယနှစ်မှာဆုံတွေခဲ့တဲ့မဟေသီနဲ့ ချစ်ခင်ပြီး
    အခုတောဘ၀လမ်းကိုပျော်ရွင်စွာ လျှောက်လှမ်းနေပါတယ်
    အမျိုးသမီးတွေအနေနဲ့သင့်တော်သောအမျိုးသားကို ရွေးချယ်ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်


    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  3. ကောင်းလိုက်တဲ့ အဆုံးအမလေးပဲ
    အကို့ရဲ့ညီမလေးက ကံကောင်းလိုက်တာ



    မသီရိ

    ReplyDelete
  4. ဟုတ်ကဲ့အကို မှတ်သားသွားပါတယ်း))

    ReplyDelete
  5. ခြင်္သေ့လို လူစား များများ ရှိပါစေ..။

    ReplyDelete
  6. ချစ်မမရေ..

    အလွန်ကောင်းတဲ့ ဗဟုသုတစာလေးတွေ တင်ပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ခြင်္သေ့အမျိုးစားဖြစ်ရရင် ကောင်းမှာပဲ .. ညီမလေးလဲ နားလည်ပေးနော် .. ညီမလေးကို ခြင်္သေ့လိုယောင်္ကျားအနေနဲ့ ချစ်ပါ့မရ် ... ချစ်သူတွေ အများကြီးထားရင် စိတ်တော့မဆိုးနဲ့ပေါ့ ... Discovery မှာ ခြင်္သေ့တွေအကြောင်းပြရင် မိန်းမတွေ အများကြီးပါတရ်လေ သူ့ဘေးမှာ .. ဟီး (နောက်တာနော် ကိုသက်တန့် :p)

    ReplyDelete
  8. သိပ်ကိုမှန်ပါတယ် သူကြီး ......မိန်းကလေးတိုင်းသိထားရမဲ့အချက်တွေပါ....
    တို့သူကြီးကရောဘယ်အမျိုးအစားထဲမှာပါတုန်း..:P. ......

    ReplyDelete
  9. အစ်ကို့ရဲ့စာတွေဖတ်ပြီးတိုင်းတစ်ခုမဟုတ်တစ်ခုမှတ်သားရလို့ကျေးဇူးတင်ပါတယ်....

    ReplyDelete