Tuesday, August 10, 2010

အမေဇုံ မြစ်ကို လမ်းလျောက်ဖြတ်ကူးတဲ့ ပထမဆုံးလူသား

အမေဇုံ မြစ်ကို လမ်းလျောက်ဖြတ်ကူးတဲ့ ပထမဆုံးလူသား


၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ ရိုက်ကူးခဲ့တဲ့ ဒီဓါတ်ပုံတွေကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ် ။ အင်္ဂနိုင်ငံ သား Ed Stafford ဟာ သူ့ရဲ့အမေဇုံမြစ်ထဲမှာ ခရီးသွားလာမှုစွန့်စားခန်းထဲက Peru နိုင်ငံရဲ့ တစ်နေရာ ( နေရာအတိအကျမသိ) မှာ ရေထဲ ဖြတ်ကူးလမ်းလျောက်နေပုံ ဖြစ်ပါတယ် ။ ၈၅၉ ရက်နဲ့ မိုင်ပေါင်း ထောင်ပေါင်းများစွာ ခရီးဆက်ပြီးနောက်မှာ Ed Stafford ဟာ အမေဇုံမြစ်တလျောက် ပထမဆုံး လမ်းလျှောက်ခရီးသွားခဲ့တဲ့ လူသားတစ်ဦးဖြစ်လာခဲ့ပါတယ် ။




အင်္ဂလန်နိုင်ငံ Leicestershire မှ Ed Stafford ဟာ ဘရာဇီးနိုင်ငံ အမေဇုံတောနက်ထဲမှ ထူထပ် တဲ့တောအုပ်တွေ သစ်ပင်တွေကြားမှာ လမ်းလျှောက်ပြီး ခရီးသွားနေပုံဖြစ်ပါတယ် ။ ဗြိတိန်နိုင်ငံ စစ်တပ်မှ Captain တစ်ဦး ဖြစ်သူ Stafford ဟာ ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံးမြစ်ဖြစ်တဲ့ အမေဇုံ မြစ်ထဲမှာ ဘာအကူအညီမှမပါပဲ လမ်း လျှောက်ဖြတ်ကူးခဲ့တဲ့ ပထမဆုံး လူသားအဖြစ် တနင်္လာနေ့ကမှတ်တမ်းဝင်ခဲ့ပါပြီ ။ သူက

" ကျွန်တော်ဟာ ခန္ဓာကိုယ်ပေါ်မှာ ခြင်ကိုက် တဲ့ဒါဏ်ရာပေါင်း ၅၀၀၀၀ လောက်ကိုက်တာခံရတယ်ပြီးတော့ ကင်းမြီး ကောက်တွေတိုက်ခိုက်တာလည်း ခံခဲ့ရတယ် "

လို့ပြောဆိုခဲ့ပါတယ် ။ ၈၅၉ ရက်ပြီးနောက်မှာတော့ သူဟာ အရေပြားရောဂါ တစ်ခုကိုပါ ခံစားခဲ့ရပါတယ် ။

သက်တန့်ချို
9 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အံ့မခန်း လူစွမ်းကောင်းပါတကား။ ဖတ်မှတ် ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကိုသက်တန့်။

    ReplyDelete
  2. ကြံကြံဖန်ဖန်တွေ အတော်လုပ်ပါလား

    ReplyDelete