Tuesday, August 24, 2010

ရဲစွမ်းသတ္တိရှိခြင်း

ရဲစွမ်းသတ္တိရှိခြင်း


" ကျွန်မ က ရဲစွမ်းသတ္တိရှိတယ်လို့ ရှင်ထင်လား "

လို့ သူမကမေးပါတယ် ။ အဲဒီအခါ ကောင်လေးက ကောင်မလေးကို ပြုံးပြလိုက်ပြီး

" အင်း ထင်ပါတယ် အဲဒီလိုပဲ ငါလည်း ရဲစွမ်းသတ္တိရှိဖို့ ကြိုးစားနေပါတယ် ။ ဘာလို့လည်းဆိုတော့ ငါ့မှာ ဒီလို သတ္တိမျိုး တွေရှိလာအောင်သင်ပေးခဲ့တဲ့ ဆရာတွေအများကြီး ရှိတယ်လေ .. အဲဒီအထဲက တစ်ယောက် အကြောင်းကို ငါနင့်ကို ပြောပြမယ်...ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့ Stanford ဆေးရုံကြီးမှာ ငါ လူမှုဝန်ထမ်း ၀င်လုပ်ခဲ့တယ်လေ ။

အဲဒီတုန်းက Liza ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ငါသိခဲ့ရတယ် ။ အဲဒီ ကောင်မလေးက အရမ်းကို ရှားပါးပြီး အရမ်းကို ပြင်းထန်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတဲ့ ဝေဒနာရှင်မလေးပေါ့ ။ အဲဒီ ကောင် မလေးအသက်ရှင်နိုင်ဖို့ အခွင့်အလမ်းက သူမရဲ့ ငါးနှစ်အရွယ်ရှိတဲ့ အကို ဆီက သွေးသွင်းမှ ပြန် ကောင်းလာနိုင်မယ်လေ ။ ဘာလို့လည်းဆိုတော့ သူမအကိုကလည်း အဲဒီလို ရောဂါမျိုးကိုပဲ ခံစားနေရပြီး ဒီရောဂါ ကို တိုက်ထုတ်နိုင်တဲ့ အရာ ( Antibodies) တွေ က အဲဒီကောင်လေးရဲ့ သွေးထဲမှာ ရှိနေလို့ပဲ ။ ဒါကြောင့် ဆရာဝန်က အဲဒီကောင်မလေးရဲ့ အကိုကို အခြေအနေကို ရှင်းပြပြီး သူ့ညီမလေးအတွက် သွေးကို ပေးနိုင်မလားလို့ မေးမြန်းခဲ့တယ် ။

အဲဒီအချိန်ငါမြင်ခဲ့ရတာကတော့ အဲဒီကောင်လေးဟာ တခဏငြိမ်သက်သွားတယ် ။ နောက်အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး ကောင်းပါပြီ ကျွန်တော့်ရဲ့သွေးက ညီမလေး လီဇာရဲ့အသက်ကို ကယ်တင်နိုင်မယ်ဆိုရင် ပေးဖို့ အဆင်သင့်ပါပဲလို့ ပြန်ပြောခဲ့ပါတယ် "

" ဒီလိုနဲ့ သွေးသွင်းနေစဉ်အချိန်တုန်းက သူ့ ညီမလေးရဲ့ကုတင်ဘေးမှာ သူ့အကိုက ငြိမ်သက်စွာ လဲလျောင်းလို့ ပြုံးပြနေခဲ့တယ် ။ သွေးသွင်းတာအကုန်လုံးပြီးသွားတဲ့အခါ ကောင်မလေးရဲ့ပါးပြင်မှာ ပန်းရောင်လေးတွေ သန်းလာခဲ့တယ် ။ ဒါပေမယ့် ကောင်လေးမျက်နှာကတော့ဖျော့လာခဲ့ပြီး သူ့ ရဲ့အပြုံးကလည်း လျော့လာ ခဲ့တယ်လေ ။ ကောင်လေးက ဆရာဝန်ကိုကြည့်လိုက်ပြီး တုန်ခါနေတဲ့အသံနဲ့မေးမြန်းခဲ့တယ် ။ အခု ကျွန်တော် သေဖို့ အဆင်သင့်ဖြစ်ပြီလားဟင် ...တဲ့ ။

အမှန်တော့ ငယ်ရွယ်သေးတဲ့အရွယ်မို့ ကောင်လေးက ဆရာဝန်စကားကို အထင်လွဲသွားတာပါ ။ ကောင်လေး ထင်တာက သူ့ ညီမလေးကိုကယ်ဖို့အတွက်သူ့ခန္ဓာကိုယ်က သွေးတွေကိုအကုန်လုံးပေးလိုက်ရမယ်လို့ ထင်နေ ခဲ့တာလေ "

" အင်းကြားလိုက်ရတာ ကျွန်မလည်း ရဲစွမ်းသတ္တိဆိုတာဘာလည်းသိသွားပါပြီ "

လို့သူမကပြောပါတယ် ။

" ဘာလို့လည်းဆိုတော့ အခုကျွန်မမှာလည်း သတ္တိရှိအောင် သင်ပေးတဲ့ဆရာရှိနေပြီလေ"

လို့ ကောင်လေးကို စိုက်ကြည့်ရင်း ပြောလိုက်ပါတော့တယ် ။

လောကမှာ တစ်စုံတစ်ဦးအတွက် ကိုယ့်အသက်ကို တောင်စွန့်လွှတ်ရဲတဲ့ မွန်မြတ်တဲ့ သတ္တိရှိခြင်း မျိုးကမှ လေးနက်တဲ့ ရဲစွမ်းသတ္တိမျိုးဖြစ်ပါတယ် ။

မူရင်းစာရေးသူ - Dan Millman

သက်တန့်ချို ဘာသာပြန်သည် ။
24 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကိုသက်တန့် ..

    မရောက်တာ အတော်ကြာခဲ့ပြီ..။

    လီဇာတို့ အကြောင်းလေး ဖတ်ပြီး ရဲစွမ်း သတ္တိ က မလွယ်ဘူး ဆိုတာ ပိုသိသွားတယ်.. ( မလွယ်ဘူးနော် ကိုသက်တန့်.. ) ..။

    မဗေဒါ (၈၈)

    ReplyDelete
  2. အဲဒီ post လေးကိုကြိုက်တယ်..
    ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်ထဲမှာ
    တခါဖတ်ပြီးကတည်းက ကြိုက်ခဲ့တာ..
    အခုတခါ ထပ်ဖတ်သွားတယ်...

    ReplyDelete
  3. ဖတ်ဖူးတယ်ဗျ .. ဟုတ်ပါတယ် .. အသက်စွန့်ရဲမှ ရဲစွမ်းသတ္တိ ရှိတာပေါ့လေ ...

    ReplyDelete
  4. တစ်ကယ့်ကို မွန်မြတ်တဲ့ ရဲစွမ်းသတ္တိ ရှိသူ ဖြစ်ချင်လိုက်တာ..။

    ReplyDelete