Friday, December 3, 2010

ဘုရားစူး အထူးတဲ့ဗျာ ....

ဘုရားစူး အထူးတဲ့ဗျာ ....

မနက်မိုးလင်း လမ်းမပေါ်ရောက်တာနဲ့ ပထမဆုံးတွေ့ရတာက ပျားပန်းခတ်မျှ သွားလာနေတဲ့ ကား ရောင်စုံ တွေပါပဲ ။ အော် ဒီလောက်တောင်မတိုက်မိအောင် မနည်းရှောင်နေရတဲ့ ကားရောင်စုံတွေကြား ငါတစ်စီးမှ မပိုင် ပါ လားလို့လည်း ကြောင်တောင်တောင်အတွေးမျိုးတွေးမိပါသေးတယ် ။ ဒီတော့လည်း ကိုယ်ပိုင်ကား မရှိသူ တွေရဲ့ ထုံးစံအတိုင်း လိုင်းကားကိုပဲ အားကိုးရတော့တာပေါ့ ။ ဒီလိုင်းကားတွေအကြောင်းမပြောခင် ကျွန်တော် နေထိုင်ရာ မြောက်ဥက္ကလာပ မြို့အကြောင်းလေး နည်းနည်းပြောပါရစေ ။ မြောက်ဥက္ကလာပ မှာ အဓိက သုဓမ္မာ လမ်းမကြီးနဲ့ ခေမာသီလမ်းကြီးဆိုပြီး ၂ လမ်းရှိပါတယ် ။ အဲဒီလမ်း ၂ သွယ်အစသည် ကန်သာယာ လမ်းဆုံးမှစပြီး အ၀ိုင်းကြီးမှာ ဆုံးပါတယ် ။ ဒီတော့ သုဓမ္မာ တည့်တည့်လာတဲ့ ကားတွေရော ခေမာသီက လာတဲ့ကားတွေရော အ၀ိုင်းကြီးမှာဆုံပြီး ပြွတ်သိပ်ကျပ်တည်းစွာနဲ့ မြို့ထဲကိုသွားကြရရှာပါတယ် ။

ခေမာသီဖက် မှာ ၄၃ ၊ ၈၁ နဲ့ ဒိုင်နာတွေ နောက်တာမွေဖက်သွားတဲ့ ၄၃ တွေ ဘီအမ် တွေ စသဖြင့် ကားပေါင်း စုံရှိပြီး သုဓမ္မာ လမ်းကြောမှာတော့ ရွှေကျုံးလို့ခေါ်တဲ့ ၄၃ ကားတွေ ကြာရမီလို့ခေါ်တဲ့ ပါရမီ ၁၈၃ တွေ တခြား သန်မြန် သူတွေနဲ့စုံလို့ပါပဲ ။ အထူးကားတွေမပေါ်ခင်ကတော့ အဲဒီကားတွေပဲစီးရပါတယ် ။ နောက်ပိုင်းတော့ လိုင်း ပေါင်းစုံမှာ အထူးယဉ်လိုင်းတွေတိုးချဲ့လိုက်တေ့ အတော်ကြီးကို မြို့ထဲသွားရတာ အဆင်ပြေသွားပါတယ် ။ အဲဒီမှာ ကျွန်တော်မြို့ထဲသွားတိုင်း စီးဖြစ်တာကတော့ ၄၃ အထူးကားကြီးပေါ့ဗျာ ။ စည်းကမ်းချက်တွေကလည်း များ သဗျ ။ " လူပိုမတင်ရ " " ရပ်စီးခရီးသည်မတင်ရ " " ပုံသေ ၂၀၀ ကျပ် " " မထသ၏ ဂုဏ်သတင်း အစဉ် မွှေးပျံ့ စေရမည် " စသဖြင့်ပေါ့ဗျာ ။ အထူးကလည်း မာနအရမ်းကြီးလွန်းသဗျ ။ ကြားမှတ်တိုင်ကနေ ဖြတ်မစီး လေနဲ့ ။ လမ်းပေါ်ကလူ ယောင်လို့တောင်လှည့်မကြည့်ဘူး ။ အဲဒီလောက် မာနကြီးချက်ကတော့ ။ ဒီတော့ ကိုယ်တွေမှာ ၄၃ အထူးကြီးကို သက်တောင့်သက်သာစီးချင်လွန်းလို့ ၆ ကွေ့မှတ် တိုင်အ ထိသွားစီး ရပါ တယ် ။ အစပိုင်းတော့အဆင်ပြေသဗျ ။

နောက်ပိုင်း ၆ ကွေ့မှာ လာစီးကြတဲ့ သူများလာတော့ တခါတလေ ရပ်တောင်မရပ်တော့ဘူး ။ ဒီတော့ ကျွန်တော့် မှာ သူ့ဂိတ်စဖြစ်တဲ့ ခရေပင်ရိပ်မွန်အထိ ပတ်စီးရပါတယ် ။ ပတ်စီးခ ၁၀၀ ကျပ် ၊ မြို့ထဲ ၂၀၀ ကျပ် ပေါင်း ၃၀၀ ကျပ်ပေါ့ဗျာ ။ အပြန်ကျတော့လည်း ကျွန်တော့်ရုံး လမ်း ၃၀ ထိပ်ကနေ ဘုန်းကြီးလမ်း နောက် ဆူးလေ ပြန်ပတ် အဲဒီလမ်းကြောအတိုင်း စီးရတာ ပတ်စီးခနဲ့ဆို ၃၀၀ ပေါ့ ။ ဒီတော့အသွားအပြန် ၆၀၀ ပေါ့ဗျာ ။ ကြာလာတော့ ကိုယ်အမြဲစီးနေတဲ့ ၄၃ အထူးကားကြီးက ဗွေဖောက်လာသဗျ ။ သူများတွေလို အထူးဖြစ်ရပ်နဲ့ အဲယားကွန်းမပါလို့ ဘာလို့ တော့မပြောပါဘူး ။ ကိုယ်တွေ ရွှေမြန်မာတွေက အဲယားကွန်းမပါလည်း ပြတင်းပေါက်လေးဖွင့် လေလေး တဖြူးဖြူးနဲ့ ငြိမ့်လို့ ။ ခေါင်းမူးတောင်သက်သာသေး ။ ဗွေဖောက်လာတာကတော့ အရင်ကဆို အထူးကိုး စစ် လိုက် သမှဗျာ ။ အသွားရော အပြန်ရော ။ လူပိုတင်မတင် နေရာပေါင်းစုံကနေ လှည့်ပတ်စစ်နေတာပဲ ။ အခု နောက်ပိုင်းကျတော့ တစ်စီးစ နှစ်စီးစ လူပိုလေးတွေတင်တင်လာသဗျ ။ ကဲထားပါ ။ ရုံးဆင်းချိန်ကားအစီးရေမ လောက် လို့ လူပိုတင်တာ ဒါလည်းနားလည်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ညနေ ၆ နာရီဝန်းကျင်လောက်ဆို ၄၃ အထူး အကုန်လုံး ဆူးလေပတ်ပြီးတာနဲ့ အဲဒီဆူးလေဂိတ်မှာ လုံးဝပြည့်ကြပ်ညပ်နေအောင် သာမန်ရိုး ရိုးကား တွေ လို တင်ကြတာပါပဲ ။ မနက်ပိုင်းသာ စစ်ဆေးရေ တခါတလေရှိပေမယ့် (အခုဆို မရှိသလောက်ပါပဲ ) ညနေ ၆နာ၇ီဝန်းကျင်ဆို ဘာစစ်ဆေးရေးမှလည်းမတွေ့ရတော့ပါဘူး ။ ဒါက ၄၃ အထူးကြီးကို ပထမဆုံး ဘ၀င်မ ကျမိတဲ့ အချက်ပါ ။ ထားပါတော့လေ ။ ကားအစီးရေနဲ့ လူဦးရေမမျှ လို့ပဲ ယူဆပြီး ဖြေသိမ့်လိုက်ပါတယ် ။

ဒါပေမယ့် နောက်တစ်ချက်ရှိသေးသဗျ ။၄၃ အထူးက လိုင်း ၃ လိုင်းရှိပါတယ် ။ ပုလဲ ၊ ကွန်ပြူတာနဲ့ ရိပ်မွန်ဆိုပြီး ခေါ်ပါ တယ် ။အဲဒီအထဲကမှ ပုလဲနဲ့ ရိပ်မွန်က ဆူးလေကနေ လမ်း၃၀ ကုန်သည်လမ်း ၊ ဘုန်းကြီးလမ်းကနေ ပြန်ပတ်ပါတယ် ။ ကွန်ပြူတာကတော့ ဆူးလေကိုကွေ့ပြီးပြန်ပါတယ် ။ နားမလည်တဲ့အချက်က အဲဒီပုလဲနဲ့ ရိပ်မွန် ၄၃ အထူးကားတွေက ဘုန်းကြီးလမ်းကိုပတ် နောက်ဗိုလ်ချုပ်လမ်းကနေပြန်ထွက် နောက် Traders' Hotel အနောက် ကနေပတ်ပြီး ဆူးလေဘုရားကိုတစ်ပတ်ပြန်ပတ်တာပါပဲ ။ အမှန်ဆို Traders' Hotel နားမရောက် ခင်မှာ ပဲ ကားတွေအကုန်လုံး လူပြည့်နေပါပြီ ။ ဒါကို တိုက်ရိုက်ပြန်လို့ရရဲ့သားနဲ့ ဘာလို့ ဆူးလေကို တစ် ပတ် ကြီးပြန် ပတ်ရသလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ ။ လက်မှတ်ထိုးဖို့ လိုတယ်ဆိုလည်း အလာ ကတည်း ကတစ်ခါတည်းထိုးပြီး ပတ်လို့ရတာပါပဲ ။ ဒီတော့ ခရီးသည်တွေမှာ ဘာမှလည်းမဟုတ်ပဲနဲ့ ဆူးလေကို တစ် ပတ်ကြီး ပြန်ပတ်တာ စောင့်နေရတဲ့အတွက် အရမ်းအချိန်တွေကြာပြီး စိတ်ညစ်စရာကောင်းလှပါတယ် ။

နောက်တစ်ချက်က ရပ်စီးခရီးသည်မတင်ဘူးဆိုပြီး လူတွေများများ တင်လို့ရအောင် ဘယ်ခြေထောက်နဲ့ တိုင်းပြီး ခုံတွေကို စီထားသလဲမသိပါဘူး ။ ခုံတွေက ကျဉ်းလိုက်သမှ တစ်ထွာသာသာလောက်ပဲရှိတယ် ။ ကျွန်တော်တို့လို ကလန်ကလား ကောင်တွေဆိုပိုဆိုးသေး ။ ဒူးကမလွတ်လို့ ညပ်နေလိုက်တာ ကားတစ်ခါစီးပြီးတိုင်း ဒူးတွေများကျိန်းပြီး နာနေတာပါပဲ ။ အခုဆို လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့နဲ့ ။ ဒီလောက်ထိ ၄၃ အထူးကြီးရဲ့ စွမ်းဆောင်ချက်က ။ မသကာ တစ်တန်းလောက်လျော့လိုက်ရင် လူတိုင်းချောင်ချောင်ချိချိနဲ့ အထူးဆိုတဲ့ အရသာကိုခံစားကြရမှမှာပါ ။

နောက်ပိုဆိုးတာက မှန်လုံကားတွေ ။ ပြတင်းပေါက်တွေက အောက်ကအလုံ အပေါ်ကိုမှန်တစ်ဝက်ဖွင့် ။ ဘာ အဓိပ္ပါ့ယ်လည်းတော့မသိပါဘူး ။ ထိုင်တဲ့လူဆီလေကမရောက်ဘူး ။ ဟို နိုင်ငံတွေမှာတော့ ဟုတ်မှာပေါ့ ။ အကုန်လုံး အလုံပိတ်ပြီး အဲယားကွန်းဖွင့်ထားတာကိုး ။ ဒီမှာတော့ အဲယားကွန်းက မဖွင့်တဲ့အပြင် မိုးရွာရင် အကုန် အလုံပိတ်ကြတဲ့အတွက် အထူးကားမွန်းကြပ်ကြပ်ကြီးရဲ့အရသာကို စီးဖူးမှသာ ခံစားနားလည်နိုင်ကြမှာပါ ။ ၃ ယောက်ခုံတွေဆို အစွန်ကလူက တင်ပါးတစ်ဖက်တင်နေရင်ကံကောင်း ။ ကျန် ၂ ယောက်က လူဝကြီး တွေဆိုရင် တစ်လမ်းလုံးတင်ပါးတစ်ခြမ်းတင်လေးနဲ့ သေပြီသာမှတ် ။ အော်...ဒူးကျိန်းဖင်ကျိန်း ဆိုတာ အဲဒီ ဒုက္ခကို ခေါ်တယ်ထင်ပါတယ် ။

ဒါကြောင့် ဒီဒုက္ခတွေလည်းကင်းဝေးရအောင် ကိုယ်ပိုင်ကားကြီးလည်း အမြန်စီးရပါလို၏ ။

၄၃ အထူးကားများလည်း အဲယားကွန်းကြီးဖွင့်စေလိုပါ၏ ။

ခုံများအား လျော့ပြီး ဒူးလွတ်အောင် လုပ်စေလိုပါ၏ ။

ဘုန်းကြီးလမ်းပတ်ကားများ ဆူးလေ ပြန်မပတ်ပဲ တိုက်ရိုက်ပြန်စေလိုပါ၏ ။

စစ်ဆေးရေးများလည်း အရင်ကအတိုင်းနေ့နေ့ညည စစ်ဆေးစေလိုပါ၏ ။

အထူးကားအစီးရေ ထပ်တိုးစေလိုပါ၏ ။

( ဒီဘလော့ရေးပြီးရင် ကိုယ်လည်းအနေထိုင်အရေးအသားဆင်ခြင်မှပါပဲ ။ တော်ကြာ ၄၃ အထူးကြီးတွေက ဒီ ကောင် ငါတို့အကြောင်းမဟုတ်တာတွေဖွတွေဆိုပြီး ပေးမစီးမှဖြင့် အထူးကားကြီးစီးရတဲ့ အခွင့်အရေး လက် လွှတ် မှာစိုးရသေးသဗျား :P)

သက်တန့်ချို
3 Dec 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. အဲ
    ကိုသက်တန့်က မြောက်ဥက္ကလာကလား...
    အမျိုးတွေ လာတွေ့နေပြန်ပြီ။
    တူတူပဲ....
    ဟိုးတုန်းက ခေမာသီမှာရော သုဓမ္မာမှာရော
    အဲလိုဒုက္ခမျိုးတွေ ကြုံဘူးတယ်....

    နောက်တစ်ခေါက်ပြန်လာ၇င် လာလည်မယ်...
    အဟဲ...ထွက်မပြေးနဲ့..

    မနှင်း

    ReplyDelete
  2. အဲ
    ကိုသက်တန့်က မြောက်ဥက္ကလာကလား...
    အမျိုးတွေ လာတွေ့နေပြန်ပြီ။
    တူတူပဲ....
    ဟိုးတုန်းက ခေမာသီမှာရော သုဓမ္မာမှာရော
    အဲလိုဒုက္ခမျိုးတွေ ကြုံဘူးတယ်....

    နောက်တစ်ခေါက်ပြန်လာ၇င် လာလည်မယ်...
    အဟဲ...ထွက်မပြေးနဲ့..

    မနှင်း

    ReplyDelete
  3. အဲ
    ကိုသက်တန့်က မြောက်ဥက္ကလာကလား...
    အမျိုးတွေ လာတွေ့နေပြန်ပြီ။
    တူတူပဲ....
    ဟိုးတုန်းက ခေမာသီမှာရော သုဓမ္မာမှာရော
    အဲလိုဒုက္ခမျိုးတွေ ကြုံဘူးတယ်....

    နောက်တစ်ခေါက်ပြန်လာ၇င် လာလည်မယ်...
    အဟဲ...ထွက်မပြေးနဲ့..

    မနှင်း

    ReplyDelete
  4. ဦးသက်တန့်ရေ ... ရန်ကုန်သားမဟုတ်ပေမယ့် ရန်ကုန် မှာ နှစ်နှစ်သုံးနှစ် လောက် လိုင်းကားစီးဖူးတော့ ကောင်းကောင်းသိဒယ်... ဦသက်တန့်ဂျီးလည်း ကားအမြန်ဝယ် နိုင်ပါစေ... 43 လိုင်းတွေလဲ အထူးပြန်ဖြစ်ပါစေ....

    ReplyDelete
  5. အမှန်တွေရေး လို.
    အမှန်အကန်တွေအမြန်
    ဖြစ်စေဗျား.....

    ReplyDelete
  6. အဲဒီနေရာလေးတွေမှာ ကားတွေမှားစီးပြီး
    အမှတ်တရတွေ စုံခဲ့ဘူးတယ်ရှင်။ :)
    ခေမာသီ၊ သူဓမာ..အင်းးမှတ်မိသွားရပြန်ပြီ။
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  7. ကိုသက်တန့်ရေ....ကျနော်လည်းမြောက်ဥက္ကလာသားဗျ...အခုတော့ဘယ်လိုနေလဲမသိတော့ဘူး...မလေးရောက်နေတာ ၁၀နှစ်ရှိပြီဆိုတော့..

    ReplyDelete
  8. ထုံးစံလို ဖြစ်နေပါပြီ ကိုသက်တန့်ရေ
    အစပိုင်းတော့ ဟုတ်ပီ ဟုတ်ရဲ့နဲ့ နောက်တော့လည်း ဒုံရင်းပါပဲ .. :D
    ဘာမှလည်း ဝေဖန်ချက် မပေးလိုတော့ပါ :D

    ReplyDelete
  9. ကိုသက်တန့်
    စိတ်မပူပါနဲ့
    ကျွန်တော် မြို့တော်ဝန်ဖြစ်ရင် အဲဒီစနစ်တွေ အားလုံးပြောင်းပစ်မယ် စိတ်ချ (အိပ်မက်မက်ရင်း ကိုသက်တန့်ကိုယောင်ရမ်းပြောမိခြင်း)

    ReplyDelete
  10. ဒါဆို ဒူးမလွတ်တာ တာမီးတစ်ယောက်ထဲ ဟုတ်တော့ဘူးပေါ့ .. ကားတွေစီးရတာ ဒူးမလွတ်လို့ လေ .. ကိုယ့်ဒူးကဘဲ ရှည်နေသလိုလို .. ခုတော့ တာမီးတစ်ယောက်ထဲဟုတ်တော့ဘူး .. အားရှိတယ်ဝေ ..း)

    ReplyDelete
  11. ကြားရတာ စိတ်မချမ်းသာလိုက်တာ... ဒါက မြန်မာပြည်က(အထူးသဖြင့်ရန်ကုန်လိုင်းကားတွေရဲ့) သင်္ကေတတစ်ခုလို ဖြစ်နေပါပြီ... သက်တန့်ပြောသလို မဟုတ်ရင် ရန်ကုန်မြို့ မဟုတ်လို့မှတ်...

    သယ်ရင်းတယောက် ပရာဒို လန်ခရူဆာ ဘီအမ်ဒဘလျူ နှစ်သက်ရာ ဝယ်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်

    ပူးတေ

    ReplyDelete
  12. I like reading your website for the reason that you can constantly get us new and awesome stuff, I think that I ought to at least say a thank you for your hard work.

    - Rob

    ReplyDelete
  13. hi,,first time i read your post which is showing our fantastic transportation system,,part of the way,,,good but not much attraction to read,,,any way,,so far so good,,thanks you.

    ReplyDelete