Monday, December 20, 2010

Mother's little secret

Mother's little secret

Sichuan စီရင်စုမှ Chengdu မှာ အသက်၁၈ နှစ်အရွယ်ကောလိပ်ကျောင်းသူလေးဟာ နိုဝင်ဘာ ၂၀ ရက်နေ့က သူမရဲ့ အတန်းဖော်၂ ဦးရဲ့ကယ်ဆယ်မှုကြောင့်ဆေးရုံကိုရောက်ရှိခဲ့ပါတယ် ။ ကျောင်းသူလေးဟာ နားနေ ခန်းထဲ မှာ လှို့ဝှက်စွာ ကလေးမီးဖွားခဲ့ပြီး ရာဇ၀တ်မှုအနေနဲ့ကလေးငယ်ကို လက်ဆွဲအိတ်ထထည့်ပြီး ဖုံးကွယ်ဖို့ ကြံ စည်ခဲ့ပါတယ် ။

နေ့လည် ၁ နာရီလောက်မှာ Sichuan စီရင်စုဆေးရုံကိုအရေးပေါ်အနေနဲ့Taxi တစ်စီးရောက်လာပြီး အဲဒီထဲက နေ သွေးတွေစွန်းနေတဲ့အ၀တ်အစားနဲ့ မိန်းကလေးတစ်ဦးနဲ့အဖော်မိန်းကလေး ၂ ဦးတို့ ရောက်ရှိလာခဲ့ပါတယ် ။

ကျန်းမာရေးလုပ်သားဆရာဝန်တွေက သွေးတွေဆင်းနေတဲ့သူမကို ထမ်းစင်ပေါ်တင်ပြီးကူညီဖို့လုပ်တဲ့အခါ မိန်းက လေး တစ်ဦးကထပြီးအော်ခဲ့ပါတယ် ။

" ကားထဲမှာ ကလေးတစ်ယောက်ရှိသေးတယ် !!! "

ဆရာဝန်တွေက လက်ဆွဲအိတ်ကိုဖွင့်ပြီးကြည့်တဲ့အခါ မိန်းကလေငယ်လေးတစ်ဦးကိုတွေ့ရှိခဲ့ပါတယ် ။ အရေး ပေါ်ကုသ မှုတွေပေးပြီးနောက် ဆရာဝန်တွေက ချက်ကြိုးကိုဖယ်ရှားပြီး ကလေးငယ်ကိုနွေးနွေးထွေးထွေး အ၀တ်နဲ့ ပတ်ပေးလိုက်တဲ့အခါ ကလေးငယ်က စတင်ပြီးငိုသံထွက်လာပါတော့တယ် ။

" ကလေးကိုဘာလို့ လက်ဆွဲအိတ်ထဲထည့်ထားရတာလဲ "

" ဒါဟာ လူသားမဆန်ဘူးလေ သူမမွန်း ကြပ်ပြီးသေသွားနိုင်တယ် "

ဒီလိုနဲ့ ကောလိပ်ကျောင်းသူကို သေချာမေးမြန်းတဲ့အခါ တစ်ယောက်က ပြန်လည်ရှင်းပြခဲ့ပါတယ် ။ သူတို့ဟာ ကော လိပ်ကျောင်းသူတွေဖြစ်ကြောင်းနဲ့ နေ့လည် ၁၂ နာရီလောက်မှာ ကျောင်းသူ Xiaowei ဟာ သူမတို့ နားနေ ဆောင်ကို ဗိုက်အောင့်တယ်ဆိုပြီးပြန်သွားခဲ့ကြောင်းပြောဆိုပါတယ် ။

မိနစ်အနည်းငယ်ကြာပြီးတဲ့အခါ အခန်းဖော်တွေက ကလေးငိုသံကြားခဲ့ရကြောင်းဆိုပါတယ် ။ ဒီလိုနဲ့ အတန်း ဖော်တွေ နားနေဆောင်ထဲ ၀င်ကြည့်တဲ့အခါ သူတို့ဟာ ကလေးမီးဖွားပြီးဖြစ်တဲ့ Xiaowei ကိုတွေ့ခဲ့ ရ ကြောင်း ၊ အလွန်အ မင်းထိတ်လန့် တုန်လှုပ်မိပြီး ဒီလိုကလေးငယ်လေးကို လက်ဆွဲအိတ်ထဲတွေ့ရှိခဲ့တဲ့အတွက် ကြောက်ရွံ့ခဲ့ကြကြောင်းပြောဆိုခဲ့ပါတယ် ။

ကျောင်းက ပြောရေးဆိုခွင့်ရှိသူ Liu Ming ကတော့ ကောလိပ်ကျောင်းသူတွေရော အခန်းဖော်တွေရောက အရင် က ကျောင်းသူသစ်ဖြစ်တဲ့ Xiaowei ဟာ ကိုယ်ဝန်ရှိတယ်ဆိုတာ မသိရှိခဲ့ရကြောင်းပြောဆိုခဲ့ပါတယ် ။

စမ်းသပ်ပြီးတဲ့အခါ ကလေးငယ်ဟာ အပြည့်အစုံကျန်းမာသန်စွမ်းပြီး ဖွံ့ဖြိုးမှုရှိတယ်လို့ ဆရာဝန် တွေက တွေ့ရှိခဲ့ကြပါတယ် ။

" ကလေးရဲ့ အနေအထားကတည်ငြိမ်ပါတယ် ဒါပေမယ့် ဒီလို မသန့်ရှင်းတဲ့နေရာမှာ မွေးဖွားခြင်းဟာ တခါတ ရံမှာ ကလေးငယ်ကို ထိခိုက်စေနိုင်ပါတယ် " လို့လည်းပြောခဲ့ကြပါတယ် ။

" ကောလိပ်ကနေပြီး Xiaowei ရဲ့မိဘတွေကိုအကြောင်းကြားပြီးပါပြီ ပြီးတော့ ပြန်လာ ခေါ်ဖို့လည်း အကြောင်းကြားထားပါတယ် " လို့ Liu က ပြောဆိုခဲ့ပါတယ် ။ ကောလိပ်ကတော့ ကျောင်း သူရဲ့နာမည် ကိုဖွင့်ဟပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ် ။

(Source: Global Times/Chengdu Evening News)

Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အော်... ခေတ်မိန်းကလေးတွေများ မိဘ မေတ္တာဆိုတာ မရှိကြတော့တာလား မသိ... အားလုံးတော့ အဲလို မဟုတ်ပါဘူးလေ.. ဒါပေမယ့်

    ReplyDelete
  2. သူ့အသက်က ၁၈ နှစ်ဆိုတော့လဲ ခက်သား။
    ကိုယ်ဝန်ရှိတဲ့အချိန်မှာ အသက်က ၁၇ နှစ် ဖြစ်ရမယ်။

    ဒီအရွယ်တွေ ကိုယ်ဝန်ဆောင်တာ ကလေးမွေးတာကို သိပ်တော့ အားမပေးချင်ဘူး။ မိခင်ဟာ ကလေးကို ပြုစုပျိုးထောင်ဖို့ သူကိုယ်တိုင်တောင် အရွယ်မရောက်တရောက် ဖြစ်နေတယ်လေ။

    တာဝန်တွေက သူ့မိဘတွေ ဆွေမျိုးတွေ ခေါင်းပေါ် ပုံကျလာရင် မိဘဆွေမျိုးတွေကရော ဒီတာဝန်ကို ယူချင်ပါ့မလား။ ဒါက ရှိသေးတယ်။

    ReplyDelete
  3. မြန်မာပြည်မှာလည်း အဲလိုတွေ ရှိတယ်နော်.. ဆယ်တန်းကျောင်းသူ.. ဗိုက်အောင့်တယ်ဆိုလို့ သူ့အမေက ဆေးခန်းလိုက်ပို့မှ ကလေးမွေးတာ.. အဲဒီတော့မှ သူ့အမေလည်း သူ့သမီးကိုယ်ဝန်ရှိမှန်း သိတာပဲ.. စစချင်းတော့ မွေးလာတဲ့ကလေးကို မလိုချင်ပါဘူး၊ လွင့်ပစ်မယ်ဆိုလို့ ဆရာဝန်မကြီးက အတင်းတောင်းထားလိုက်ရတာ.. နောက်တော့ သူတို့ပဲ ပြန်မွေးဖြစ်ပါတယ်..

    ReplyDelete
  4. annn! how abt her tummy???? it not normal when someone pregnant. rite???????? no one neva notice about their tummies???????? i wonder

    ReplyDelete
  5. နားမလည်ဘူး ။ ကိုယ်ဝန် ရှိတာ မသိကြဘူး ဆိုတော့..........? ရှင်းပေးပါအုံး ကိုသက်တန့်ရယ်။

    ReplyDelete