၁ ။ သူငယ်ချင်း သူငယ်ချင်းဆိုပြီး နောက်ကျောဓါးနဲ့ထိုးတတ်တဲ့ ရေပေါ်ဆီတွေကိုလည်းမုန်းတယ် ။
၂ ။ ရွှေတစ်ဆယ်သားဘယ်လောက်စိန်လော်ကတ်သီးကြီးဘယ်လောက်ဆိုပြီး ကန်စွန်းရွက်တွေ အများကြီး ၀ယ် ၀ယ်သွားတဲ့ ရပ်ကွက်ထဲက ဒေါ်ငွေရှင်ကိုလည်းမုန်းတယ် ။
၃ ။ တခါတခါ မျက်နှာသာပေးမလိုနဲ့ တခါတခါ ချောက်ထဲတွန်းချတတ်တဲ့ ကံကြမ္မာကိုလည်း မုန်းတယ် ။
၎ ။ ပေါ်မလိုလို ပေါ်မလိုလိုနဲ့ Page Loading Error ပြတတ်တဲ့ ကွန်နက်ရှင်ကိုလည်းမုန်းတယ် ။
၅ ။ အချစ်ဆိုပြီးတော့ လူတွေညည်းညည်းနေကြတဲ့ အကောင်အထည်မပြနိုင်တဲ့ စိတ်ခံစားမှုကိုလည်းမုန်းတယ် ။
၆ ။ သိက္ခာဆည်တရားတွေ ပြပြနေပြီး ညနေအချိန်မှန် ခွက်ပုန်းချတတ်တဲ့ ဂေါပကလူကြီးကိုလည်းမုန်းတယ် ။
၇ ။ ကိုယ့်ရာသီနဲ့ကိုယ် မစစ်မှန်နိုင်တော့တဲ့ ဒီဇင်ဘာရဲ့ လျော့ပါးလာတဲ့ ချမ်းအေးမှုကိုလည်းမုန်းတယ် ။
၈ ။ ကဗျာရေးမရနိုင်တဲ့ ရှပ်ထွေးပွေလီတဲ့ မပီမသ ညတွေကိုလည်းမုန်းတယ် ။
၉ ။ အသည်းကွဲသမားယောင်ဆောင်ပြီး အွန်လိုင်းမှာ ကြူတတ်တဲ့ သကောင့်သမီး ၊ သကောင့်သား တွေကို လည်း မုန်းတယ် ။
၁၀ ။ နောက်ဆုံး.. ကိုယ့်ကိုယ်ကိုယ်လည်းမုန်းတယ် ။
Posted @ www.thettantvillage.com
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘယ်လိုဖြစ်တာတုန်း အစ်ကိုသူကြီးသက်တန့်ရယ်.
ReplyDeleteမုန်းတာများ LIST နဲ့တောင်ထုတ်ယူရတယ်..
ဆွေလေးကတော့
တစ်ရက်နဲ့တစ်ရက် ပိုပို ကျကျလာတဲ့ ဒေါ်လာဈေးကို မုန်းတယ်.
ဟားဟား
အမုန်းစားရင်းတွေ ဖတ်သွားတယ်ကိုသက်တန့်ရေ့.....။
ReplyDelete“ညာနေတာသိရက်နဲ့.......တစ်ခါတလေမှာ အားနာလို့ မသိချင်ယောင်ဆောင်ပေးနေရတာတွေကိုလည်း.....မုန်းတယ်”......
(ဖြည့်စွက်သွားတာ.......း))
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
အဲလိုမျိုးနေတဓူဝခံစားချက်တွေကိုဖတ်ချင်းပါတယ်။
ReplyDeleteဒါကနေ့စဉ်ဘ၀နဲ့နီးစပ်တယ်လေ၊သာမန်
ပြည်သူတွေရဲ့နေတဓူခံစားချက်တွေကိုမဖတ်ရပဲ၊
ဘိန်းမုန့်ကိုရွှေမှုန့်ကြဲထားလဲအလကားပါပဲ၊မြန်မာလူမျိုးတွေ
စိတ်ဓါတ်တစ်ချိုကသိပ်ချစ်စရာကောင်းပါတယ်။
အနောက်နိုင်ငံယဉ်ကျေမူးကိုတုပနေတဲ့၊ခေတ်လူငယ်တွေကိုပြောချင်းပါတယ်။ကောင်းတာကိုတုပါ။စည်းကမ်းမဲ့တဲ့
သူတို့လူနေမူစရိုက်အချို့ကိုတော့မတုပစေချင်းပါဘူး။
အချစ်ဆိုပြီးတော့ လူတွေညည်းညည်းနေကြတဲ့ အကောင်အထည်မပြနိုင်တဲ့ စိတ်ခံစားမှုကိုလည်းမုန်းတယ် ။
ReplyDeleteကိုယ့်ကိုလဲ မုန်းနိုင်တယ်...( အာဂျီးမား)