Tuesday, December 28, 2010

သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာ

သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာ

ဒီဇင်ဘာ မွေးလချင်းတူတဲ့သူငယ်ချင်းနှင်းဟေမာအတွက်မွေးနေ့လက်ဆောင်ကဗျာလေးဖြစ်ပါတယ် ။

တလက်စတည်း ပရောက်စီအခက်အခဲရယ် ဖရီးဒမ်းကနှေးနေတာရယ် နောက်ပြီး Ultrasurf သုံးနေရတာရယ်ကြောင့် ဘလော့ကို စိတ်ရှိသလောက် မသုံးနိုင်ခဲ့ပါဘူး ။ ဒါကြောင့်သူငယ်ချင်းတွေအိမ်တွေကို အချိန်မှန် လည်နိုင်ဖို့ဝေးစွ ကိုယ့်စီဘောက်ကိုလာလည်သွားတဲ့သူငယ်ချင်းတွေကိုတောင် ပြန်မလည်နိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ် ။ ကွန်နက်ရှင်လေးကောင်းတဲ့အချိန် Update post လေးတွေအမြန်တင် ၊ စီဘောက်လေးဝင်ရေး ဒီလိုအခြေအနေတွေဖြစ်ခဲ့ပါတယ် ။ အားလုံးကို အထူးပဲတောင်းပန်ပါတယ်ခင်ဗျာ ။ နားလည်ခွင့်လွှတ်ပေးကြပါလို့ ......။

ဒီဇင်ဘာရဲ့.....နှင်း

နှင်းရေ.......
တမိုးကြွေလို့
တဆောင်းလည်းသစ်ပြန်ပြီ
တစ်ရက်ထက်တစ်ရက်
တို့လျှောက်ခဲ့တဲ့လမ်းမှာ
လေးနက်တဲ့အသိဥာဏ်တွေ
ဘ၀ ရဲ့ ဖွင့်ဆိုမှုအတွေးအခေါ်တွေ
ဘာတွေ " ပိုင် " ခဲ့ကြပြီးပြီလဲ.....

ဒီဇင်ဘာရဲ့...
အလွမ်းရောင်သမ်းတဲ့ နှင်းပွင့်တွေ
သူငယ်ချင်း...မင်းကို
ထပ်ပြီးရင့်ကျက်စေပြန်ပြီ
ယဉ်ကျေးမှုနဲ့ ဂါရဝ
တရားအဆုံးအမတွေထဲ
မွေ့လျှော်ပျော်မွှေ့တတ်တဲ့မင်း
"နှင်း" ဆိုတဲ့ အမည်နာမနဲ့
လေးစားသမှု ဂုဏ်ဝထ္ထုတွေ
မင်းရဲ့ အိမ်ကလေးထဲ လင်းလက်စေခဲ့ပြီ.....

နှင်းရေ..
ဘ၀က ခါးတယ်တဲ့
ကိုယ့်လမ်းကိုယ်ဖောက်
ရဲရဲသာလျှောက်
မကြောက်နဲ့သူငယ်ချင်း
တက်ကျိုးရင်လက်ချိုးလှော်မယ်
ဟိုး......မှာ မဝေးတော့ဘူး
ငါတို့မျှော်လင့်နေတဲ့
ရွှေရောင်အနာဂါတ်တွေလေ ....။

သက်တန့်ချို

သူငယ်ချင်းရေ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘကိုလုပ်ကျွေးနိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. သယ်ရင်း သက်တန့်ရေ ...
    ဘာလိုလိုနဲ့ ငါတို့ ခင်မင်လာခဲ့ကြတဲ့ နှစ်တွေတောင် တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးလာခဲ့ပြီနော်
    အချိန်တွေကလဲ မြန်ဆန်လွန်းလိုက်တာဟာ ...
    အဲဒီလိုပဲ ငါတို့ မသိလိုက်ခင်မှာပဲ အသက်တွေက တစ်နှစ်ကြီးလာခဲ့တာလေ
    ဘယ်နေ့ ဘယ်အချိန်မှာ သေမှာလဲဆိုတာကို ကြိုတင်သိခွင့်မရကြတဲ့ ငါတို့တစ်တွေအတွက်
    သေဖို့ မှတ်တိုင်တစ်တိုင် နီးလာခဲ့တဲ့အချိန်မှာ
    နင့်ရဲ့ အမှတ်တရ မွေးနေ့ဆုတောင်း ကဗျာလေးအတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်း)

    မွေးနေ့မှာ နှင်း ရဲ့ဘလော့လေးပေါ်ကနေ တစ်ဆင့် ကူးယူပြီး ပြန်လည်ဖော်ပြခွင့်ပြုပါလို့ ထပ်ပြီး တောင်းဆိုသွားပါတယ် ....။
    အထူးသဖြင့် မြန်မာပြည်အင်တာနက်အခက်အခဲတွေ အမျိုးမျိုးကြားကနေ ခုလို အမှတ်တရလေး တင်ပေးတဲ့သူငယ်ချင်းရဲ့ တန်းဖိုးကြီးမွေနေ့လက်ဆောင်လေးအတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်နော်

    နင့်ရဲ့ သူငယ်ချင်း
    နှင်း....

    ReplyDelete