Tuesday, December 21, 2010

အဖြူရောင် ဗီးနပ်စ်

အဖြူရောင် ဗီးနပ်စ်

ဗီးနပ်စ်....
အရာရာတိုင်းဟာ အုံ့မှိုင်းတိတ်ဆိတ်လို့
သူမနှုတ်ခမ်းဖျားက အပြင်းစားရမ္မက်
တလှပ်လှပ် လှိုက်စားခြင်း..........
ငါ့အတွက်မိုးတို့အုံ့ပေးကြပါ
အဖြူရောင်တမန်တော်နဲ့
အလွမ်းနတ်ဆိုးတို့ရဲ့ကျိန်စာ
ရင်ခွင်ကြားကို ချိုးဖျက်နေကြရဲ့
သိပ်သည်းရှတ..တဲ့....
သူမရဲ့ ၀ိုင်တစ်ခွက်မှာ...
မာယာလင်္ကာတွေ ဖျော်စပ်
ကျွန်တော် ရူးသွပ်စွာသောက်သုံးမိတယ်...

ဗီးနပ်စ်....
အဖြူရောင်ပုံရိပ်အတွင်းပိုင်းက
ရေခဲဆန်တဲ့ အေးခဲမှု
အရိုးထိအောင်စိမ့်....တသိမ့်သိမ့်လွမ်း
တမူးမူးမေ့...တကွေ့ကွေ့မှာတွေ့မယ်
သင်တို့ဒူးထောက်ကြ
သူမ.. အသဲခွဲကျိန်စာရွတ်ဆိုပြီ
အတုံးအရုံး ...ကျဆုံး...

အို....အဖြူရောင်ဗီးနပ်စ်....
ငါ့လယ်ကန်သင်း....ဒီတစ်ခင်းတော့ချန်ထားပေးပါ
ဘယ်သူမှမထွန်ယက်ဖူးတဲ့...
ချစ်ခြင်းတစ်စုံကို....ငါစိုက်ပျိုးခဲ့မယ်..
သင့်၏ရင်ခုန်သံတို့....အစစ်အမှန်ဖြစ်စေသတည်း ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. လယ်ကန်သင်းနှလုံးသားဆိုတော့
    တောကျတာပေါ့နော်။ :P

    ReplyDelete
  2. “အဖြူရောင် ဗီးနပ်စ်”..ကဗျာလေးကို
    အဖြူရောင်နတ်သမီးမှ လာရောက်အားပေးသွားပါကြောင်း...။

    ReplyDelete
  3. ကျွန်တော် ရူးသွပ်စွာသောက်သုံးမိတယ်...
    အဲဒါ ကောင်းပါတယ် ။ သူပြုစားတော့ ဘာဖြစ်လဲ ။
    အနေရဲရဲ ၊ အကြွေ ရဲရဲ ... လှတယ် ။
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com

    ReplyDelete