အမျိုးအမည်မသိသော အန္တရာယ်က အချိန်မရွေးကျရောက်လာနိုင်သောကြောင့် ကျွန်ုပ်တို့မှာ ကျီးလန့်စာ စားဖြစ်နေကြရ၏ ။
“ သူကြီး ဒါနှစ်ချို့မြွေကြီးပဲ ဖြစ်ရမယ်ဗျ ”
သူရိန်က စွပ်ကြောင်းကြီးသို့ လက်ညှိုးထိုးရင်းပြော၏ ။
“ အင်း ဒီကျွန်းပေါ်မှာ တို့ ထင်ထားတာထက် အန္တရာယ်ပိုများနေပြီ သတိထားနိုင်မှ တန်ကာကျမယ် ကဲ သူရိန်ရေ တို့ တွေ ခဏလောက်နားပြီး တိုက်ခိုက်စရာ လက်နက်တွေ လုပ်ကြရအောင် ”
“ ဟုတ်ကဲ့ သူကြီး ”
သို့နှင့် ကျွန်ုပ်တို့ လူစုလည်း ထိုနေရာတွင် ခေတ္တနားကာ ၀ါးစို့ ၊ ကျောက်ချွန်စသဖြင့် ရရာလက်နက်များကို လူတိုင်း ကိုင်ဆောင်နိုင်ရန်ပြုလုပ်ကြလေသည် ။ ကျွန်ုပ်တို့ လူစုခေတ္တနားနေချိန်အတွင်း တောအုပ်အတွင်း တစ်နေ ရာမှ မျက်လုံးစိမ်းကြီး နှစ်လုံးနှင့် ကျွန်ုပ်တို့ လူစုအား စူးစိုက်ကြည့်နေကြသည်ကိုမူ ထိုအချိန်က ကျွန်ုပ်တို့ မသိလိုက်ပေ ။
ကျွန်ုပ်တို့လည်း ခေတ္တအနားယူနေရင်း ခရီးဆက်မည်ပြုရာ လူစုံမစုံပြန်လည်စစ်ဆေးရလေသည် ။
“ သူကြီး.. ကြယ်လေးရယ် ၊ ပုတုရယ် ၊ အင်ကြင်းရယ် ၃ ယောက်ပျောက်နေတယ် ”
သက်မီက လှမ်းပြောလိုက်သောကြောင့် ကျွန်ုပ်မှာ ခေါင်းနဘမ်းကြီးသွားမိ၏ ။
“ ဟေ သူတို့ ဘယ်ထွက်သွားတာလည်းသိလိုက်လား ”
“ ဟို ခုနကတော့ ပုတုက ဟိုလျှိုမြောင်ထဲက သစ်ခွပန်းလေးလိုချင်တယ်လို့ပြောတယ် လှစ်ကနဲများ လျှိုထဲသွား ခူးကြသလားမသိဘူး သက်မီလည်းသူတို့ မသွားလောက်ဘူးထင်ပြီး သတိမထားမိလိုက်ဘူး ”
“ အင်း ဒီကလေးတွေနဲ့တော့ခက်ပြီ ကဲ ကိုကြီးကျော် မိုးစက် သူရိန် နဲဗားတို့ လေးယောက် ကျွန်တော်နဲ့ လိုက် ခဲ့ကြ ကျန်တဲ့ ကာလသားခေါင်းတို့ ငမိုးတို့ ငရဲမင်းတို့က ကျန်တဲ့ လူတွေကို စောင့်ရှောက်ပြီး နေခဲ့ကြ ကျွန်တော် တို့ လျှိုထဲဆင်းမယ် ”
“ ဟုတ်ကဲ့သူကြီး ”
“ ကောင်းပါပြီ သူကြီး ”
သို့နှင့် ကျွန်ုပ်တို့ငါးယောက်လည်း ၀ါးလုံးချွန်များ ဓါးရှည်များကိုယူကာ ခပ်လှမ်းလှမ်းရှိ သစ်ခွပန်းများ ပွင့် ဖူးနေသော လျှိုကြီးအတွင်းသို့ သတိကြီးစွာထား၍ ဆင်းခဲ့ကြလေတော့သည် ။ ကျန်ရွာသူရွာသားများကား ကျွန်ုပ် တို့ကို ကြည့်၍ ရင်တမမ ဖြင့် ကျန်ခဲ့ကြလေတော့သည် ။
လျှိုထဲသို့ဆင်းသောလမ်းက ပြေပြစ်လှသဖြင့် ခဏလေးအတွင်းမှာပင် အောက်ခြေသို့ ရောက်ရှိသွားလေသည် ။ ပတ်ဝန်း ကျင်ကား အပ်ကျသံမျှပင် မကြားလောက်အောင် တိတ်ဆိတ်လှသောကြောင့် ကြီးမားသော အန္တရာယ် တစ် ခုခုရှိနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိလိုက်၏ ။ ကျွန်ုပ်တို့ ငါးယောက် တိတ်ဆိတ်စွာ လှည့် လည်နေကြစဉ် ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခုကိုကြားလိုက်ရလေ၏ ။
“ အား....”
အော်သံကကျယ်လောင်လှသောကြောင့် လျှိုကြီးအတွင်းတွင် ပဲ့တင်ထပ်သွားလေ၏ ။ ကျွန်ုပ်တို့ ငါးယောက် လည်း အချိန်ဆိုင်းမနေတော့ပဲ အော်သံကြားရာဆီသို့ သုတ်ချေတင်ပြေးခဲ့ကြလေတော့သည် ။ ရုတ်တရက်မြင် လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှုရပ်မတတ်ပင်ဖြစ်သွား၏ ။ ကြယ်ဖြူ ၊ ပုတု နှင့် အင်ကြင်းတို့မှာ မှိုင်းညှို့ခံထား ရသူများပမာ တောင့်တောင့်ကြီးရပ်နေကြ၏ ။ ၄င်းတို့ ၃ ယောက်ရှေ့တွင်ကား လွန်စွာ ကြီးမားသော လုံးပတ် ယောင်္ကျားလေးတစ်ဖက်စာခန့်ရှိသော မြွေကြီးကား အုပ်မိုးနေသည်မှာ ၄င်းတို့ အရပ် ၂ ပြန်စာလောက် ပင်မြင့်နေ၏ ။ လွန်စွာ အသည်းယားဖွယ်ကောင်းသော မြင်ကွင်းပေတည်း ။ မြွေကြီးကား မျက်လုံးများမှာ အစိမ်းရောင်တောက်လျှက်ရှိပြီး ဦးခေါင်းတွင် အမောက်ကဲ့သို့ ဆူးချွန်များပါရှိကာ Anadragon (မြွေနဂါး) မျိုးနွယ်ဟု ခန့်မှန်းရပေသည် ။
ကြည့်နေစဉ်မှာပင် မြွေကြီးကား မိန်းကလေး ၃ ယောက်အလယ်တွင်ရှိသော ပုတုအား ရုတ်တရက် လှမ်းမြို လိုက်လေ၏ ။ ပုတုမှာ ထိုအချိန်မှ ဖျက်ကနဲ သတိရလာကာ ဦးခေါင်းကိုရှောင်လိုက်ပြီး လက်နဲ့ကာ လိုက်ရာ မြွေနဂါးကြီးကား လက်ကို မြိုမိသွားလေသည် ။
“ အား.....”
ရုတ်တရက် ကျွန်ုပ်နံဘေးမှ နဲဗား မှာ ကျယ်လောင်စွာ အော်ဟစ်၍ မြွေကြီး၏ ၀မ်းဗိုက်ဆီသို့ ၄င်းလက်ထဲမှ ၀ါးဆူး ချွန်ဖြင့် အားကုန်ထိုးစိုက်ချလိုက်ရာ မြွေကြီးမှာ အထိနာသွားသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ၄င်းငုံခဲ ထားသော လက်ကို ပြန်လွှတ်လိုက်လေ၏ ။ နာကျင်လှသောကြောင့် မြွေကြီးမှာ လူးလွန့်သောင်းကြမ်းနေရာ သစ်ပင်ငယ် များမှာ အပိုင်းပိုင်းပြတ်ထွက်ကုန်၏ ။ ထိုစဉ်မှ ကြယ်ဖြူ ၊ အင်ကြင်း ၊ ပုတု တို့ ၃ ယောက်မှာ သတိပြန် ၀င်လာ၍ ကျွန်ုပ်တို့ ဖက်သို့ ပြေးလာကြကုန်၏ ။ ကျွန်ုပ်တို့လည်းအ သင့်အနေ အထား ဖြင့် စောင့်နေကြရာ တစ်ချီတွင် မြွေကြီး၏ အာခံတွင်းမှ မီးတောက်မီးလျှံများဖြင့် မှုတ်ထုတ်လေရာ ကျွန်ုပ်တို့ မှာ အလျှင်အမြန် ရှောင်သော်လည်း ကျွန်ုပ်၏ ညာဖက်လက် အကျီင်္မှာ မီးလောင်ကျွမ်းခံရလေသည် ။ မြွေကြီး၏ ဒေါသကား အထွဋ်အထိပ်သို့ရောက်နေချေပြီ ။
တစ်ချီတွင် မြွေကြီးမှာ ဘေးအစွန်ရှိ အင်ကြင်းကို အမှီးနှင့် လှမ်းရိုက်ပြီး ကြယ်ဖြူအား အားကုန်ပေါက်ချလိုက်လေရာ မိုးစက်မှ မြွေကြီး အမြီးဝင်လာမည့်နေရာအား ၀ါးလုံးချွန် ဖြင့် ခံလိုက်လေရာ အမြီးထဲသို့ ၀ါးလုံးချွန်မှာ အဆုံး အထိဝင်သွားလေတောသည် ။ ကြယ်ဖြူ့ကိုပေါက် လိုက်သော ဦးခေါင်းပိုင်းကိုမူ သူရိန်က လက်ထဲရှိ ဓါးရှည်နှင့် ခုတ်ပိုင်းပြီး ကိုကြီးကျော်မှာမူ မြွေကြီးဟနေသော ပါးစပ်ပေါက်ထဲသို့ လက်ထဲရှိ ၀ါးလုံးနှင့် ကန့်လန့်အပေါ်အောက်ခံလိုက်ရာ မြွေကြီးပါးစပ်မှာ စိမရတော့ပေ ။ ရွာသူများ၏ အန္တရာယ်ကို ကာကွယ်ပေးသော ရွာသားများ၏ အစွမ်းသတ္တိကို ကျွန်ုပ်အံ့သြချီးကျူးမိလေသည် ။
မြွေကြီးမှာ ဤတစ်ချီတွင် လွန်စွာ အထိနာသွားသောကြောင့် တွန့်လိမ်ကာ ၀ုန်းဒိုင်းကျဲနေလေတော့သည် ။ တချီတွင် မြွေကြီး၏ဒါဏ်ရာရနေသော အမြီးပိုင်းက သစ်ပင်တစ်ပင်ကို ရစ်ပတ်လိုက်ပြီး ဦးခေါင်းပိုင်းက ကျွန်ုပ်ရှိရာ သို့ တရှိန်ထိုး လေထဲမှာ ပင်ပြေးလာလေရာ လေးညှို့မှ ပစ်လိုက်သော မြှားသဖွယ်လျှင် မြန်လွန်း လှပေသည် ။ ကျွန်ုပ်လည်း လက်ထဲမှ ၀ါးလုံးချွန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ၀ါးလုံးနှင့် ကန့်လန့်ကြီး ပါးစပ်ဟနေသော မြွေကြီး၏ အာခံတွင်း ထဲသို့ တဆုံးထိုးချလိုက်လေရာ မြွေကြီးထိုးဟပ်လိုက်သော အရှိန်မှာ ပြင်းသောကြောင့် ၀ါးလုံးမှာလည်ဂုတ်အတွင်းမှပြန်ဖောက်ထွက်ကာ ထုတ်ချင်းပေါက်သွားလေတော့သည် ။ ယခုအခါမြွေကြီးမှာ လုံးဝမလှုပ်ရှားနိုင်တော့ပဲ ငြိမ်သက်သွားသဖြင့် ကျွန်ုပ်တို့မှာ သက်ပြင်းချနိုင်ပေတောသည် ။
မိန်းကလေး ၃ ဦးမှာ သွေးပျက်ဖွယ်အဖြစ်ဆိုးကြောင့် စကားပင်မပြောနိုင်ကြတော့ပဲ ကြောင်ငေးနေရှာလေသည် ။ ကျွန်ုပ်တို့လည်း ၄င်းတို့ ၃ဦးကိုခေါ်ဆောင်ကာ လျှိုကြီးအပေါ်သို့ ပြန်တက်ခဲံကြလေတော့သည် ။ ယခုတော့ လည်း လျှိုအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်အေးချမ်းလျှက်...။ လျှိုအပေါ်သို့ ရောက်သောအခါ တွင်မူကား ကျွန်ုပ်တို့ လုံးဝထင်မှတ်မထားသော မြင်ကွင်းတစ်ခုက အသင့်ဆီးကြိုနေလေတော့သည် ။
ဆက်ရန် ။
www.thettantvillage.com
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘာများလဲဟင်..ဟင့်ဟင့် သိချင်လှပြီ...
ReplyDeleteဆိုးပ...:D
စောင့်မျှော်အားပေးလျှက်ပါအကို။
အဲဒါကြောင့်ပြောတာ...
ReplyDelete“စ”...“ဆုံး”..........ပြီးမှ ဖတ်ပါ ဆိုနေ
သူကြီးရေ...ကျွန်းကြီးထဲရောက်သွားတဲ့အထဲ သူကြီးကတော်ရော ပါဘူးလားဟင်... :P
ReplyDelete