Monday, August 1, 2011

ဘာသိုလင် အကျိတ်နှင့်ပြည်တည်ခြင်းအကြောင်း(၁၈ နှစ်မပြည့်လည်းဖတ်ပါ)

ဘာသိုလင် အကျိတ်နှင့်ပြည်တည်ခြင်းအကြောင်း(၁၈ နှစ်မပြည့်လည်းဖတ်ပါ)

ကေသီ : ဆရာရှင့် Bartholin's cyst အကြောင်း ပြောပြပါလားဆရာ။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုကုသရတာလဲနဲ့ ခွဲစိပ်ကုသမှ ပျောက်ကင်းတဲ့ရောဂါလား။ ကင်ဆာတွေဘာတွေရော ဖြစ်နိုင်ပါလားဆရာ။ ဒီမှာဆေးခန်းပြတာတော့ ခွဲစိပ်ကုသရမယ်ဆိုလို့ပါ ။



အမျိုးသမီးထုအနေနဲ့ ဘာသိုလင်အကျိတ်အကြောင်းကို သိရှိသူနည်းလှပါတယ် ။ အမျိုးသမီးသဘာဝ အရှက် အကြောက်ကြီးကြီးနဲ့ မေးမြန်းရ ခက်ခဲခြင်းတို့ကြောင့် ဒုက္ခမရောက်သင့်ပဲရောက်ကြရပါတယ် ။ ဘာသိုလင် အကျိတ် ဆိုတာဟာလည်း အူအတက်ရောင်သလိုမျိုး အရေးပေါ် ခွဲစိတ်ဖို့လိုတဲ့ ပြည်တည်နာ အကျိတ်တစ်မျိုးဖြစ်ပါတယ် ။ ဆရာ ၀န်ပြရန်ခက်ခဲသော အသိမိတ်ဆွေများနှင့် မိမိတွင်ဖြစ်နေသော ရောဂါကို တိုင်ပင်ရန်ခက်ခဲသော အမျိုးသ မီးတွေ အ တွက် Bartholin's cyst and abscess အကြောင်းကို လက်လှမ်းမီ သလောက် တင်ပြပေး လိုက်ပါတယ် ။



အရင်ဦးဆုံးအမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ Anatomy အကြောင်းကို တင်ပြပေးဖို့လိုပါတယ် ။ အမျိုးသမီးတွေမှာ မိန်းမ ကိုယ်လို့ခေါ်တဲ့ vagina မှာ ဘယ် ညာ တစ်ဖက်တစ်ချက်မှာ တစ်စုံစီရှိပါတယ် ။ အပေါ်ဖက် သုံးပုံတစ်ပုံနဲ့ အောက်ဖက် သုံးပုံတစ်ပုံ ဆုံတဲ့နေရာလောက်မှာ ဘာသိုလင် ဂလန်းတည်ရှိပါတယ် ။ ပဲကြီးစေ့ အရွယ်လောက်ရှိပြီး မိန်းမကိုယ်အ ၀င်အ၀ ( entrance of vagina) အထက်နားမှာ ပြွန်ကလေးနဲ့ ဆက်သွယ်ထားပြီး ဘယ်ညာတစ်ဖက်စီမှာ အပေါက် ငယ်ကလေး တစ်ခုစီရှိပါတယ် ။ သာမန်အချိန်တွေမှာ စမ်းသပ်လို့မရသလို နာကျင်ခြင်းလည်းမရှိပါဘူး ။

ဘာတွေတာဝန်ထမ်းဆောင်ပေးသလဲ



ဒီဘာသိုလင်အကျိတ်လေးတွေဟာ မိန်းမကိုယ်ရဲ့အတွင်းနံရံ (Inner wall of vagina) ခြောက်သွေ့မသွားစေဖို့အတွက် အချွဲတစ် မျိုးကို ထုတ်ပေးပါတယ် ။ အဲဒီအချွဲရည်ဟာ ကြည်လင်နေပြီး အနံ့အသက်လည်းမရှိပါဘူး ။ မိန်းမကိုယ်ရဲ့ အက်ဆစ် ဓါတ်မျှတအောင် ( PH ) ကိုလည်း ထိမ်းပေးပါတယ် ။ မိန်းကလေးတစ်ယောက်ဟာ လိင်စိတ်နိုး ကြွလာပြီ ဆိုရင် အဲဒီအချွဲလေးတွေ ပိုမိုထွက်ရှိပါတယ် ။ ဖိုမ ဆက်ဆံတဲ့နေရာမှာလည်း အကူအညီပေးပါတယ် ။ မျိုးပွားတဲ့ အရွယ် (reproductive age) မှာသာအဲဒီ အချွဲရည်တွေ ထုတ်လွှတ်ပေးပြီး သွေးဆုံးတဲ့အသက်ရွယ်မှာတော့ ထုတ် လုပ်ပေး ခြင်းမရှိတော့ပါဘူး ။ အဲဒီအပေါက်ကလေးတွေ ၊ ပြွန်ငယ်လေးတွေ ရောင်ရမ်းပြီး ပိတ်ဆို့ တဲ့အခါ အကျိတ် ဖြစ်လာတတ်ပါတယ် ။ အချွဲ များစုလာပြီး ဖောင်းကြွလာပါတယ် ။ ဒါပေမယ့် နာကျင်မှု မရှိသေးပါဘူး ။ နောက်ပိုင်း ပိုးဝင်လာတဲ့အခါ ( infection) အချွဲအပျစ်တွေကနေ ပြည်တည်လာပြီး abscess ဖြစ်လာပါတယ် ။ Abscess ဖြစ်တဲ့အခါ ဘေးပတ်လည်မှာ နီရဲလာပြီး အထိမခံနိုင်လောက်အောင် နာကျင်ပါတယ် ။ တစ်ဖက်တည်းဖြစ်စေ နှစ်ဖက် ပြိုင်တူ ဖြစ်စေ ခံစားရနိုင်ပါတယ် ။ ဘေးဖက်တွေကနေ ရောင်လာတဲ့အတွက် မိန်းမကိုယ်အ၀င်အ၀ ဟာ ပိတ်ဆို့ လုနီးပါး ဖြစ်သွားတတ်ပါတယ် ။ ထိုင်လို့ မရ အိပ်လို့မရအောင် နာကျင်လာတဲ့အခါ အရေးပေါ် ခွဲစိတ်မှု လိုလာ ပြီဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ခွဲစိတ်နည်း မမှန်တဲ့အခါ မကြာခဏ ထပ်မံဖြစ်တတ်ပါတယ် ။ ငါးကြိမ် ခြောက် ကြိမ်လောက် ထပ်မံဖြစ် တဲ့ အမျိုးသမီးတွေလည်းရှိပါတယ် ။

ဘာကြောင့် ဖြစ်တာလဲ

အမျိုးသမီးတွေမှာ မိန်းမကိုယ်နဲ့ မျိုးပွားအဂါင်္တွေကို ပိုးဝင်ဖို့ သိပ်ပြီးတော့ မခက်ခဲပါဘူး ။ ဖိုမ ဆက်ဆံ မှုကြောင့် လည်းကောင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အတွက်လည်းကောင်း ၊ နည်းလမ်းမ မှန်တဲ့အ တွက်လည်းကောင်းပိုး ၀င်တတ်ပါတယ် ။ ဆီးထွက်ရှိတဲ့ အပေါက်ဝနဲ့ နီးကပ်စွာ တည်ရှိတဲ့အတွက်ကြောင့် မကြာခဏ ဆီးပိုးဝင်ခြင်း ( Urinary tract infection) ၊ ဆီးအိမ်ရောင်ခြင်း ( Cystitis) ဖြစ်လေ့ရှိပါတယ် ။ တခါတရံမှာ မိန်းမ ကိုယ်အ တွင်းမှာရှိတဲ့ အကျိုးပြု ပိုးတွေ ( helpful bacteria) တွေဟာလည်း ရန်သူပိုး အဖြစ် ပြောင်း လဲ သွားနိုင် ပါတယ် ။ အနောက်ဖက်မှာရှိတဲ့ မစင်အညစ်အကြေးတွေ မပြောင်စင်၍သော်လည်းကောင်း ၊ တစ်ကိုယ် ရည်သန့်ရှင်း မှု နည်းအမှားကြောင့် လည်းကောင်း ၊ ရှေ့ဖက်မှာရှိတဲ့ ဆီးအိမ်နဲ့ မျိုးပွားအဂါင်္တွေထဲကို ပိုးအမျိုးပေါင်း စုံလင်စွာ ၀င်ရောက်ပြီး ရောင်ရမ်းတတ်ပါတယ် ။ ဘာသိုလင် ပြည်တည်ခြင်းဟာ အများအားဖြင့် ဖိုမ ဆက်ဆံ ရာမှ ကူးစက်လာသော ပိုးတွေကြောင့် ဖြစ်တတ်ပါတယ် ။ ( ဥပမာ Clamydia န့ Gonorrhoea ပိုးများ )

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ကိုယ်ရည်သန့်ရှင်းမှု ပိုမိုလိုအပ်ပါတယ် ။ ဒါ့အပြင် တစ်ကိုယ် ရည်သန့်ရှင်းမှု နည်းလမ်းမှန်ဖို့ဟာလည်း အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ် ။ တစ်ခုမှတ်ထားရမှာက ဘာသိုလင် အကျိတ်ပြည်တည်တိုင်း ဖျားနာခြင်းနဲ့လာလေ့မရှိပါဘူး ။ Vaginal discharge နဲ့လည်းလာလေ့ရှိပါတယ် ။ Bartholin gland ကနေ ကင်ဆာဖြစ်တာကတော့ ရှားပါတယ် ။

အမျိုးသမီးတွေအနေနဲ့ ဘာသိုလင် အကျိတ်အကြောင်းကို သိရှိပြီး နာကျင်ခြင်းရောဂါများမှကင်းဝေးကြပါစေ လို့ ဆန္ဒပြု လျှက် ။

Ref : Health Education on Reproductive Health ( Prof. Myint Mg Mg )
: Internet ( Bartholin cyst and abscess)

သက်တန့်ချို
1 August 2010

(thettantchocho@gmail.com ကို BHG Hackers များမှ ဟက်ထားပြီး ပြန်လည်မရရှိသေးတဲ့အတွက် အဲဒီမေးလ်နဲ့ Contribute လုပ်ထားတဲ့ Public Health In Myanmar မှာတော့ နောက်ပိုင်း ကျန်းမာရေးဆောင်းပါးတွေ တင်နိုင်ဦး မှာမဟုတ်ပါဘူး ။ Contribution မေးလ်အသစ်ရမှ သာဆက်လက်တင်ပေးသွားပါ့မယ် ။ စာဖတ်သူ အပေါင်း ရော ဂါအပေါင်းမှ ကင်းဝေးကြပါစေခင်ဗျား)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. မှန်ကန်တဲ့ တကိုယ်ရည်သန့်ရှင်းရေးနည်းးးလမ်းလေးကို
    သိပါရစေနော်....အကျိတ် မဖြစ်အောင်ဘယ်လိုကာကွယ်
    ရမယ်ဆိုတဲ့ နည်းကိုလည်းသိချင်ပါတယ်

    ReplyDelete
  2. တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းများအကြောင်းကို အောက်ပါလင့်မှာ ရေးထားပြီးဖြစ်ပါတယ် ။

    http://www.thettantcho.com/2011/07/blog-post_07.html

    ဘာသိုလင်အကျိတ်ရောင်ရမ်းခြင်းနဲ့ပြည်တည်ခြင်းမဖြစ်ရအောင်လို့

    တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးနည်းလမ်းမှန်ဖို့လိုပါတယ် ။
    မိမိရဲ့ Partner မှာ STD လို့ခေါ်တဲ့လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကင်းဝေးဖို့လိုပါတယ် ။ ဆီးပိုး UTI မ၀င်အောင် ဂရုစိုက်ရပါ့မယ် ။

    ReplyDelete
  3. အင်မတန်မှကို လူသိနည်းလှတဲ့ဘာသိုလင်ရဲ့ အသုံးဝင်ပုံနဲ့ရောဂါမဖြစ်အောင် ကာကွယ်နည်းတွေတင်ပေးတဲ့အတွက်ကျေးဇူးအထူးပါ။

    ReplyDelete
  4. အစ်ကိုကျန်းမာရေးနဲ့ပတ်သတ်တာလေးတွေတင်ပေးတဲ့အတွက်ကျေးဇူးပါ။အထူးသဖြင့်ကျနော်တို့လိုမိန်းကလေးတွေအတွက်သိသင့်တဲ့အရာကိုသိရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ကျနော်လို့ပြောတာမန်းလေးသူမို့လို့ပါ။

    ReplyDelete