Monday, August 15, 2011

ရက်ရွေးချယ်၍ ဓမ္မတာသွေးပေါ်စေခြင်း

ရက်ရွေးချယ်၍ ဓမ္မတာသွေးပေါ်စေခြင်း





ဒီတစ်ခေါက်ဆောင်းပါးမှာတော့ အမျိုးသမီးတွေ ရဲ့ လစဉ်ပေါ်နေကျ ရာသီသွေး ပေါ့ အဲဒီရာ သီသွေးပေါ် တဲ့အချိန်ကို မိမိလိုအပ်သလို ရှေ့တိုးလို့ရတယ် နောက်ဆုတ်လို့ ရတယ်ဆို တဲ့အကြောင်းလေး ကို ပြောပြ သွားမှာဖြစ် ပါတယ် ။ ကိုယ်အရေးကြီးတဲ့အ ချိန်မှာ ဒီလိုကိစ္စနဲ့ကြုံလာရင် ရှေ့တိုးချင်တယ် ၊ နောက် ဆုတ်ချင် တယ်ဆိုရင် အဲဒီအကြောင်းကို ကာယကံရှင်အမျိုးသမီးအနေနဲ့သိဖို့လိုပါတယ် ။ တစ်ခုပြောချင်တာက ဒီလိုကိစ္စ ကို ဆောင်ရွယ်ပေးတဲ့ နေရာမှာ သားဖွားမီးယပ်ဆရာဝန်မှမဟုတ်ပါဘူး ။ အထွေထွေရောဂါကုဆရာဝန် တွေ family doctors တွေနဲ့ နောက်ဆုံးပြောရရင် တောဖက်တွေမှာဆိုရင် သွားဖွားဆရာမ တွေ ကိုယ်တိုင် လုပ်ဆောင်ပေးနိုင်တဲ့အပိုင်းဖြစ်ပါတယ် ။ ဒီနေရာမှာ သွေးပေါ်ခြင်းအကြောင်းကို အရင်ဆုံးပြောချင်ပါတယ် ။ တချို့တော့ သွေးပေါ်ခြင်းနဲ့ပတ်သတ်လို့ ထမင်းစားရေသောက် သဘောမျိုး ဘာမှအခက်အခဲမရှိပေမယ့် တချို့ မှာတော့ ဆိုးဆိုးရွားရွားကြုံရလေ့ရှိပါတယ် ။ တချို့က သွေးပေါ်ခါနီးရင် အိပ်မပျော်ခြင်း ၊ ဆုံးဖြတ် ချက်မ ချနိုင် ခြင်း ၊ စိတ်ဇဝေဇ၀ါဖြစ်ခြင်း စတာတွေနဲ့ ကြုံရလေ့ရှိတယ် ။ သွေးပေါ်လိွုှ့ ကိုက်ခဲပြီး အိပ်ရာထဲ လဲသွား တဲ့လူရှိ သလို သာမန် ရေနွေးအိပ်နဲ့ကပ်ရုံနဲ့မသက်သာပဲ စားဆေး ထိုးဆေးတွေနဲ့မှ သက်သာသွားတဲ့ လူတွေ လည်းရှိပါတယ် ။

ပထမဆုံး ဆိုးရွားမှုအပိုင်း မှာ ကဏ္ဍ ၂ ခုရှိပါတယ် ။ ပထမကတော့ သွေးပေါ်တော့မယ်ဆိုရင် တစ်ရက် နှစ်ရက် သုံးရက်လောက် ကြိုပြီးဒုက္ခပေးတတ်ပါတယ် ။ ဘာဖြစ်လဲဆိုရင် ဗိုက်ကြီး ကယ် လာပြီး လေတွေ တဘုန်းဘုန်းနဲ့ ဗိုက်ကြီးတင်းလာပါတယ် ။ တင်းတင်းကျပ်ကျပ်နဲ့ နေရတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မရှိတော့ဘူး ။ စိတ်ဓါတ်တွေ ကျလာတယ် ။ ဆုံးဖြတ်မှု မပီပြင်တော့ဘူး ။တ စ်ခုခုလုပ်မယ်ဆိုရင် လုပ်ရကောင်းနိုးနိုး မလုပ် ရကောင်းနိုးနိုးနဲ့ ဇဝေဇ၀ါဖြစ်တတ်ပါတယ် ။ အိပ်မပျော်တော့ပဲ စိတ်အားငယ်လာတယ် ။ အနောက်တိုင်းမှာတော့ အဲဒါကို Premenstrual Tension သို့မဟုတ် Premenstrual Syndrome လို့ခေါ်ကြပါတယ်။ ဘာလို့ လည်း ဆိုတော့ ရာဇ၀တ်မှုတွေ ၊ တရားမမှုတွေ ၊ ကြီးလေးတဲ့ အမှုတွေကျူးလွန်တာတွေကို ပြန်လည် ဆန်းစစ်ကြည့် တဲ့အခါ သွေးပေါ်ခါနီး တစ်ရက်နှစ်ရက် နဲ့သွေးပေါ်နေတုန်းမှာ ဖြစ်တာများတာကိုတွေ့ရပါတယ် ။ အဲဒီအကြောင်း ကို သုတေသန လုပ်ထားတာတွေလည်းရှိပါတယ် ။ အမှန်တော့ေ သွးပေါ်ခါနီးမှာ အမျိုးသ မီးတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ ပုံမှန်တော့မဟုတ်ပါဘူး ။ ပြောင်လဲမှုရှိပြီး စိတ်ဓါတ်ကျနေတဲ့သူရှိသလို ဆုံးဖြတ်မှု အားနည်း တဲ့သူလည်းရှိပါတယ် ။ စိတ်တိုနေပြီး အိပ်မပျော်ပဲ ဘာတစ်ခုမှ စိတ်ဝင်စားခြင်းမရှိပဲ အာရုံမစိုက်နိုင်တဲ့ အမျိုးသမီးတွေရှိပါတယ် ။

အဲဒီလိုအမျိုးသမီးတွေအနေနဲုဒီလို ရက်ရွေးချယ်ပြီး သွေးပေါ်စေတဲ့နည်းက အသုံးဝင်ပါလိမ့်မယ် ။ ဒုတိယ အမျိုးအ စား ကတော့ သွေးပေါ်ခါနီးတင်မကပဲ ပေါ်ခါနီးမှာရော ပေါ်တဲ့အချိန်မှာရော အလွန်အမင်း ဆီးစပ်တွေ ကိုက် ပါတယ် ။ ကိုယ်အောက်ပိုင်းလည်းကိုက်လာပြီး နေလို့မရဘူး ။ ပုံမှန်ရေနွေးအိတ်ကပ်တာလောက်နဲ့ အနာ ကျက်ပျောက်ဆေးသောက်တာလောက်နဲ့ မရဘူး ။ ဆေးထိုးဆေးသောက် တာတွေ တောက်လျှောက် လုပ်နေ ရတယ် ။ ဒီလို အကိုက်အခဲပျောက်ဆေးအပြင်းစားတွေသုံးနေပေမယ့်လည်း မသက်သာတဲ့ အတွက်ကြောင့် တချို့ ရုံးဝန် ထမ်းတွေဆို ရုံးကနေခွင့်ယူရပါတယ် ။ အဲဒီလို ခွင့်ယူရတာကလည်း တစ်လနဲ့မပြီး နှစ်လနဲ့မပြီး လစဉ်နဲ့အမျှ ဆိုတော့ ၀န်ထမ်းကလည်းဝန်ထမ်းအလျှောက် ၊ ဆရာမကလည်းဆရာမအလျှောက် ၊ လုပ်ဖော် ကိုင် ဖက်နဲ့ အထက်လူကြီးတွေရဲ့ငြိုငြင်မှုကိုခံရလေ့ရှိပါတယ် ။ ကျောင်း သူတွေဆိုရင် လည်း ကျောင်း ပျက်တာများလာတဲ့အတွက် စာသင်တဲ့နေရာမှာ အနှောက်အ ယှက်ဖြစ်လာ တာကိုတွေ့ ရပြီးနောက် ဆုံး စာမေးပွဲဖြေတဲ့အထိပါ အနှောက်အယှက်ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် မဖြစ်မနေ ကိုယ်လုပ်ရမယ့် ကိစ္စနဲ့ ကြုံလာ ရင် ရှေ့ကိုတိုးပြီး ဓမ္မတာ ပြီးနှင့်အောင်လုပ်ထားမလား နောက်ဆုတ်ပြီး အားလုံးပြီး မှ သွေးပေါ် ခွင့်ပေးမလား ကိုယ်ကြိုက်သလို လုပ်ဖို့ အခွင့်အလမ်းရှိပါတယ် ။

မီးယပ်သွေးပေါ်ခြင်းသဘောတရား



မီးယပ်သွေးပေါ်တယ်ဆိုတာ အမျိုးသမီးတစ်ဦးရဲ့သွေးသားထဲမှာ Oestrogen နဲ့ Progesterone လို့ခေါ် တဲ့ ဟော်မုန်းဓါတ်နှစ်ခုက တဖြည်းဖြည်းသွေးထဲမှာ များလာပါတယ် ။ အဲဒီလိုများလာတာနဲ့အမျှ သားအိမ် ရဲ့အတွင်း လွှာကလည်း ထူထူလာပါတယ် ။ တစ်လကုန်သွားလို့ လေးပတ်လောက် ဒါမှမဟုတ် ရက် ၃၀ လောက်ကျတဲ့အခါ ကျတော့ သွေးသားထဲမှာရှိတဲ့ ဟော်မုန်းဓါတ်တွေကလည်း အမြင့်ဆုံး ပမာဏရောက် လာပါတယ် ။ ဒါပေမယ့်လို့ ဒါ့ထက်ပိုမြင့်တဲ့ ဟော်မုန်းဓါတ်က ထွက်လာရပါတယ် ။ အမျိုးသမီး တိုင်း၇ဲ့ သဘာဝက ၂၈ ရက် ဒါမှမဟုတ် လေးပတ်ပြည့်တာနဲ့ ဟော်မုန်းဓါတ်ထပ်မထွက်ပဲ ဟော်မုန်းဓါတ် ကျသွားတာနဲ့ ခုနထူပြီးသားနဲ့ ဆက်လက်ထူနေတဲ့ သားအိမ်အတွင်းလွှာက ကျေပျက်ပြီး ပျော်ပြီး ကွာကျပြီး မီးယပ်သွေး အနေနဲ့ ဆင်းလာခြင်းဖြစ်ပါတယ် ။ အခြေခံကတော့ သွေးပေါ်တာကို လာနေကျထက်ပိုပြီး တစ်ပတ်တန် သည်နှစ်ပတ်တန်သည် နောက်ကျချင်တယ်ဆိုရင် နောက်ကျချင်သလောက် သားအိမ်အ တွင်းလွှာ ကို ကျေ ပျက် မသွားအောင် ထိမ်းထားနိုင်တဲ့ ဟော်မုန်းဓါတ်ကို ပြင်ပဆေးအနေနဲ့ ဆက်ပေးထားရပါမယ် ။ ဒီလို ဆက်ပေး ထားရင် သွေးပုံမှန်ပေါ်နေကျအချိန်မှာ မပေါ်တော့ဘူး ။ တစ်လနောက် ဆုတ်ချင်ရင် တစ်လပေး ထားရပါ မယ် ။ နှစ်လနောက် ဆုတ်ချင်ရင် နှစ်လပေး ထားပြီးသုံးလ နောက် ဆုတ်ချင်ရင် သုံးလပေး ထားရ မှာဖြစ်ပါတယ်။

ဒီလိုပဲ စောပြီး ပေါ်ချင်ရင်တော့ ပထမရက်ကနေ သူ့ဟာသူ မှန်မှန် ၂၈ ရက် အထိ မှန်မှန်လေး တက်နေ တဲ့ ဟော်မုန်း ဓါတ်ပမာဏ ကို ပြင်ပဆေးပေးပြီး အသွေးအသားမှာ ဟော်မုန်းဓါတ်ပမာဏ အများကြီး တက် လာအောင် ၀ုန်းကနဲ ဆိုလုပ်လိုက်ပါတယ် ။ တစ်ပတ်လောက်ဆေးပေးပြီး ရပ်လည်းရပ်လိုက်ရော တစ်ခါ တည်း သွေးပေါ်လာပါတယ် ။ Family doctor တွေအနေ နဲ့လည်း သွေးပေါ်ခြင်း ကို စောအောင်နောက် ကျအောင် ဆေးပေး ပြီး ထိမ်းချုပ်နိုင် တယ်ဆိုတာကို သိစေချင်ပါတယ်။ ငွေကုန်ကြေးကျမများသလို လနဲ့နှစ် နဲ့ချီပြီး ဆေးစားရမယ့်ကိစ္စလည်းမဟုတ်ပါဘူး ။

သွေးပေါ်ခြင်းအား ရှေ့တိုးနောက်ဆုတ်လုပ်ခြင်းအကြောင်း

ရက်ရွေ့ချင်တဲ့ အမျိုးသမီးအနေနဲ့ ရှေ့ပဲ တိုးတိုး နောက်ပဲဆုတ်ဆုတ် အနည်းဆုံး တစ်ပတ်ကနေဖြစ်နိုင် ရင်နှစ်ပတ်လောက် ထိစောပြီး ဆရာဝန်နဲ့ အချိန်ပေးဖို့လိုပါတယ် ။ အလယ်အလတ်ပြောရရင် ၁၀ ရက်လောက်စော လာရင်အဆင်ပြေပါတယ် ။ ဥပမာ အခုမှ သွေးပေါ်ပြီးတာ ၁၅ ရက်လောက်ပဲရှိသေးတယ် ။ လက်ထပ် မှာက နောက် ၁၀ ရက်ဆိုလက်ထပ်မယ် ။ လက်ထပ်ပြီးနောက်တစ်ပတ်မှာ ပျားရည်ဆမ်း ခရီးထွက်မယ် ဆိုရင် လက်ထပ်ဖို့ မတိုင်ခင် ၁၀ ရက် တစ်ပတ်အလိုမှာ ဆရာဝန်နဲ့ပြဖို့လိုတယ် ။ ဆရာဝန် က ဟော်မုန်းဓါတ် နှစ်မျိုးပါတဲ့ဆေးပေးလိုက်မယ် ။ တစ်ပတ်စာပဲပေးမယ် ။ တစ်ပတ်ပေးပြီးဆေး ရပ် လိုက်တာနဲ့တစ်ပြိုင်နက် သွေးပေါ်မယ် ။ တကယ်ပေါ်မယ့်အချိန်မှာ မပေါ်တော့ဘူး ။ စောပြီးပေါ်မယ် ။ ဒီတော့ မင်္ဂလာဦး ညမှသည် ပျားရည်ဆမ်းခရီးထွက်တဲ့အချိန်အထိ ပျော်ရွင်နိုင်ပါပြီ ။ ရှေ့စောတာက ကသီလင် တဖြစ်ပြီး နောက်ဆုတ်တာ ပိုကောင်း မယ်ထင်ရင်လည်း နောက်ဆုတ်လို့ရပါတယ် ။

Oestrogen နဲ့ Progesterone နှစ်မျိုးပါတဲ့ဆေး ။ အလွယ်ပြောရရင် အိမ်ထောင်ရှင်တွေသောက်နေကြတဲ့ OC Pill လို့ခေါ် တဲ့ ( Oral Contraceptive pill ) တွေပေါ့ ။ အဲဒီမှာ ဟော်မုန်း နှစ်မျိုးလုံးပါပါတယ် ။ ရှေ့တိုးချင် တယ်ဆိုရင် အဲဒီဆေးကို ၇ ရက် တန်သည် ၁၀ ရက်တန်သည် တောက်လျှောက်ပေးလို့ရပါတယ် ။ ဒါပေမယ့် တစ်လုံးတစ်ကြိမ်မဟုတ်ပါဘူး ။ နှစ်လုံးပေးရပါတယ် ။ တစ်နေ့နှစ်လုံး တစ်ကြိမ်နဲ့ တောက်လျှောက်ပေးပြီး ၇ ရက်သို့ မဟုတ် ၁၀ ရက် ဖြတ်လိုက်ရင် တစ်ခါတည်းသွေးပေါ်တယ် ။ ဒါက ကြိုပြီးပေါ်စေချင်တာ ။ ဖြတ်လိုက် ရင်ပေါ်မယ် ။ ပေါ်တာ သုံးလေးရက်မျှလိုက်ရင် လိုတဲ့ရက်ကို ရှောင်လို့ရသွားမယ် ။ တော်တော်လေး လွတ်ချင် ရင်တော်တော်လေးစောပေးလို့ရပါတယ် ။ နောက်ဆုတ်ဖို့ကျတော့ ရိုးရိုးကိုယ်ဝန်ဆောင်တားလေးပါပဲ ။ တစ်နေ့ တစ် လုံး ညနေပိုင်းထမင်းစားပြီးပြီးချင်းနေ့စဉ်သောက်ရပါမယ် ။ ဆေးကတ်က ၂၈ လုံးပါတယ် ။ ၂၁ လုံးက ဟော်မုန်းပါတယ် ။ ကျန်တဲ့ ၇ လုံးက သံဓါတ်ပါတဲ့အားဆေးဖြစ်ပါတယ် ။ အဲဒါမျိုးကျတော့ ခုနှစ်လုံပါတဲ့ အားဆေး ကိုမစားစေပဲ ၂၁ လုံး ကုန်တာနဲ့ နောက်ထပ် တစ်ကတ်က ၂၁ လုံးကို ဆက်စားစေရမယ် ။ ၂ လပေးရင် ၂ လ မပေါ်ဘူး ။ ၃ လပေးရင် ၃ လမပေါ်ဘူး ။ မှန်မှန် မပျက်မကွက်သောက်ဖို့လိုပါတယ် ။ နေ့စဉ် ညနေစာ စားပြီးတစ်နေ့တစ်လုံး ။ ပေါ်ချင်တဲ့အချိန် ကျမှ ရပ်လိုက်ပေါ့ ။

တစ်ခုတော့ရှိတယ် အခုလိုရေးလိုက်လို့ လူနာတွေက ဆရာဝန်တွေဆီမလာပဲ သူတို့ဘာ သာ လျှောက်သောက်နေ မလား ဆိုပြီးစိုးရိမ်စရာတော့ရှိပါ့တယ် ။ ဒါပေမယ့် မြို့ကြီးပြကြီးတွေမှာ ပဋိဇီဝပိုး သတ်ဆေးတွေကို အထိန်းအကွပ်မရှိပဲ သုံးနေကျတဲ့ အန္တရာယ်နဲ့စာရင်ဘာမှ မပြောပလောက်ပါဘူး ။ ဒါကြောင့် ဗဟုသုတ အနေနဲ့ဖြစ်စေ အမျိုးသမီးထုအတွက်ဖြစ်စေ ဆရာဝန်တွေအတွက်ဖြစ်စေ အကျိုးတစ်ခု ရှိမယ်ဆို ရင် ကျေနပ်ပါပြီ ။

Ref : Health Education on Reproductive Health by Prof . Myint Mg Mg

သက်တန့်ချို
15 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ရှေ့တိုးလို့ ရတယ်.... နောက်ဆုတ်လို့ရတယ်ဆိုတာ အရင်ကမကြားဖူးပါဘူး...... ခုတော့သိသွားပြီ...
    ကျေးဇူးကမ္ဘာပါ .... :))
    မေတ္တာဖြင့် (အာဂျီးမား )

    ReplyDelete
  2. အဲ့ဒီ့လို ရှေ့တိုး နောက်ဆုတ်ဖို့ အတွက်
    ဆေးတွေ စားတော့
    ပုံမှန် မဟုတ်တော့တဲ့အတွက်
    သားအိမ်မှာ
    ဒုက္ခ မရောက်နိုင်ဘူးလား ..

    စာဖတ်သူ တစ်ဦး

    ReplyDelete
  3. ရေရှည်စွဲစားတာမဟုတ်တဲ့ အတွက် သားအိမ်မှာဒုက္ခမရောက်နိုင်ဘူးလို့ပြောလို့ရပါတယ် ။ ဟော်မုန်းဆေးတွေကို ရေရှည်စွဲစားရင်တော့ သားအိမ်ကို risk ဖြစ်နိုင်ပေမယ့် ဒီလို အရေးပေါ် ရက်ရွေ့ချင်တာမျိုးအတွက် ကတော့ ဘာမှမဖြစ်ပါဘူး ။ ( ဥပမာ ၃ လခံထိုးဆေးတွေနဲ့ OC pill တွေကို ပုံမှန်သုံးစွဲနေတဲ့ သန်းပေါင်းများစွာသောအမျိုးသမီးတွေတောင်ရှိသေးတာပဲလေ )

    သက်တန့်ချို

    ReplyDelete
  4. ကိုသက်ရေ
    တစ်ခုမေးချင်လို့ပါ...
    ကလေးမွေးပြီး ကလေးအမေတွေ ရာသီမပေါ်ပဲ နှစ်နဲ့ချီပြီး ကြာတတ်တာ ဘာဖြစ်လို့ပါလဲ၊ ပြန်ပေါ်ဖို့ရာအတွက် ဘာဆေးတွေများ သုံးလို့ရပါသလဲ...

    ဒီ့ပြင်ပို့စ်တွေ ကော်မန့်ပေးတာ မရလို့ anonymous နဲ့ပဲပေးလိုက်ရတယ်..
    ညလေး

    ReplyDelete
  5. thanks for getting knowledge..

    ReplyDelete
  6. သွေးပေါ်တာ နောက်ဆုတ်ချင်ရင် ၂၈ လုံးပါတဲ့ဆေးကဒ် ကို ဘယ်နေ့ကစသောက်ရမှာပါလဲ
    အဲဒီဆေးကိုသောက်ရင်ကိုယ်ဝန်တားပြီးသားရောဖြစ်နိုင်ပါလား။လက်ထပ်မယ့်ရက်၊ Honeymoon ရက်တွေက ရာသီလာမယ့်နေ့တွေနဲ့တိုက်ဆိုင်နေလို့ပါ။ အရေးပေါ်ရက်ရွှေ့ချင်တာပါ။

    ReplyDelete