Wednesday, August 10, 2011

နေရာလွဲမှား သားအိမ်အတွင်းသား ရောဂါ (Endometriosis)

နေရာလွဲမှား သားအိမ်အတွင်းသား ရောဂါ (Endometriosis)



၂၁ ရာစုခေတ်ကြီးမှာ ရောဂါတွေကလည်း အသစ်အဆန်းတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လို့ လာနေပါတယ် ။ အထူး သဖြင့် အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ရော ဟော်မုန်းတွေနဲ့ သွေးသား အ ရရော ယောင်္ကျားလေးတွေထက် ဖြစ်နိုင်တဲ့ရောဂါတွေ ပိုများပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ အမျိုးသ မီးတိုင်းသိသင့်တဲ့ နေရာ လွှဲမှား သားအိမ်အတွင်းသား ဆိုတဲ့ Endometriosis ဆိုတဲ့ရော ဂါအကြောင်း ဖြစ်ပါတယ် ။ ဟိုးယခင်တုန်းကဆိုရင် ရောဂါတစ်ခု ကိုနာမည်တပ်နိုင်ဖို့ ခက်ခဲစွာ စမ်းသပ်ခဲ့ကြရတယ် ။ အခုအခါ မှာတော့ခေတ်မှီတဲ့စက်ကိရိယာတွေ ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် အချိန်အနည်း ငယ်အတွင်းမှာ ပဲ ရောဂါ တွေကို အမည်သတ်မှတ် diagnosis လုပ်နိုင်ပြီး ကုသမှုတွေပေးနိုင်ပြီဖြစ်ပါတယ် ။

Endometrium အကြောင်း

အရင်ဦးဆုံးသားအိမ်အကြောင်းကိုစပြီးလေ့လာကြည့်ရအောင် ။ သားအိမ်မှာ လက်မ၀က်ခန့်ထူတဲ့ အသား နံရံများ ရဲ့ အတွင်းသား (အတွင်းလွှာ ) Endometrium တစ်လွှာရှိပါတယ် ။ အဲဒီအတွင်းလွှာဟာ အရွယ်ရောက် လို့ ဟော် မုန်းတွေရဲ့ လှုံ့ဆော်မှုကြောင့် ပျမ်းမျှ အချိန် တစ်လ (လေးပတ်) အတွင်းမှာ တဖြည်းဖြည်း ထူလာပါတယ် ။ တစ်လပြည့်လို့ နောက်ထပ် ဟော်မုန်းတွေ ဆက်မထုတ်တော့ပဲ နည်းသွားတဲ့ အချိန်ရောက် တဲ့အခါ အဲဒီထူနေတဲ့အတွင်းနံရံ လွှာဟာ ကြွေကျ ကွာကျရပါတယ် ။ အဲဒါကိုတော့ လစဉ် မီးယပ်သွေးပေါ် တယ်လို့ ခေါ်ကြပါတယ် ။ ကိုယ်ဝန်ရှိပြီး သန္ဓေတည်ခြင်းမရှိသရွေ့ အဲဒီ ဖြစ်စဉ်ဟာ သွေးဆုံးတဲ့အထိ ဆက် လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ် ။

Endometriosis ဆိုတာ ဘာလဲ ?



မူလမွေးဖွားစဉ်အခါတုန်းက ပါလာတဲ့ သန္ဓေသား ကလာပ်စည်းများကြောင့်ဖြစ်စေ ၊ အရွယ်ရောက်ပြီးလို့ မီး ယပ်သွေးပေါ်ကြွေကျတဲ့ သားအိမ်အတွင်းလွှာ ကလာပ်စည်းများကေ သူရောက်သွားတဲ့နေရာတိုင်းမှာ ရွက်ကျ ပင်လိုမျိုး သားအိမ်အတွင်းလွှာအတိုင်း အမျိုးသမီးတွေရဲ့ သွေးထဲမှာ ရှိတဲ့ဟော်မုန်း ဓါတ်တွေကြောင့် ဆက် လက် ရှင်သန် ပွားများလာတာကို Endometriosis လို့ခေါ်ပါတယ် ။ အဲဒီလို ပျံ့နှံခြင်းမှာ သွေးပြန်ကြောများမှ လည်းကောင်း ၊ lymph ( လင့်သားနံရည်ကြော ) များမှ လည်းကောင်း တိုက်ရိုက်တွယ်ကပ် ခြင်းကြောင့် လည်းကြောင်းဖြစ်ရပါတယ် ။

ဘယ်နှစ်မျိုးရှိသလဲ ?

အဓိကအားဖြင့် ၂ မျိုးရှိပါတယ် ။ ပထမ တစ်မျိုးကတော့ အတွင်းလွှာမှာ တွယ်ကပ်နေတဲ့ သားအိမ်နံရံအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဆက်လက်ပွားများနေခြင်းဖြစ်ပါတယ် ။ အတွင်းနေရာလွဲမှားတဲ့ရောဂါ Internal Endometriosis လို့ ခေါ်ပါတယ် ။ ဖြစ်ပွားတဲ့သားအိမ်မှာ ညီညီညာညာလေး ကြီးထွားလာပါတယ် ။ သီးသန့် အလုံးရယ်လို့ မဖြစ်ပါဘူး ။ ရောဂါလက္ခဏာများပြမှ သိရပါတယ် ။

ဒုတိယ အမျိုးအစားကတော့ မူလသားအိမ်ကလွဲပြီး အခြားနေရာတွေမှာ အကျိတ်အဖု ၊ အလုံးအနေနဲ့ ဖြစ်စေ မျိုးပွာ အဂါင်္ များမှာရှိတဲ့ အရိုးကွင်းထဲမှာ သားဥများ ၊ သားဥပြွန်များ ၊ သားအိမ်အရွတ်ကြောများ ၊ သားအိမ်နောက် ပိုင်း ချိုင့်ဝှမ်း ( POD ) စသည်တို့မှာ အဖြစ်များပါတယ် ။ အဲဒီအထဲမှာ သားဥ (ovary) က အဖြစ်များ ပါတယ် ။ သံပုရာသီး ၊ ရှောက်ဦး ကျွဲကောသီး အရွယ်ကနေပြီးတော့ ၀မ်းဗိုက်အောက် ပိုင်းပြည့် တဲ့အထိ ကြီးထွားတတ်ပါတယ် ။ ချောကလက်ရောင် ( ပုန်းရည်ကြီးရောင် ) အရည်ပျစ်နှစ်များ သားဥထဲမှာ စုနေပြီး အလုံးဖြစ်လာပါတယ် ။ Ovarian Endometriosis or Chocolate Cyst လို့ခေါ်ပါတယ် ။ စိတ်ဝင်စား ဖို့ကောင်းတဲ့အချက်က အရိုးကွင်းအပြင်ဖက်မှာရှိတဲ့ အဆုတ်အမြှေးပါး ၊ ချက် ၊ ၀မ်းဗိုက်ခွဲကြောင်း ၊ ပေါင်ခြံ အရွတ်ကြော ၊ သားဖွားစဉ်က ချုပ်သော ချုပ်ရိုးစတဲ့ သားအိမ်နဲ့ ဝေးတဲ့နေရာတွေမှာလည်း လိုက်ပြီး ဖြစ်တတ် ပါတယ် ။

ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ ?

အပျိုဖော်ဝင်ပြီးတဲ့အချိန်ကနေသွေးဆုံးတဲ့အရွယ်အတွင်းဖြစ်နိုင်ပါတယ် ။ အပျိုကြီးတွေ ၊ အိမ်ထောင် ရှိပြီးသား သမီး မရတဲ့သူတွေ သားသမီးမမွေးတဲ့ နှစ်ကြာရှည်နေသူတွေမှာဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ ?

သွေးပေါ်နေစဉ်မှာ အလွန်အမင်းကိုက်ခဲခြင်းဟာ အဲဒီရောဂါရဲ့ မူမှန်လက္ခဏာဖြစ်ပါတယ် ။ ဆေး ထိုး ဆေးသောက် ဖို လိုခြင်း ၊ ကျောင်းတွေရုံးတွေကနေ ခွင့်ယူရခြင်း ၊ အိမ်ရှင်မတွေ အိမ်မှု ကိစ္စမ လုပ်နိုင်လောက်အောင် ဖြစ်တတ်ပါတယ် ။ အလုံးအကျိတ် ၊ အဖုတွေ စမ်းသပ်မိနိုင်ပါတယ် ။ မျိုးပွားအဂါင်္ မဟုတ်ပဲ အခြားနေ ရာတွေမှာ ဖြစ်နေပါက အဲဒီအဖုအလုံးတွေဟာ မီးယပ်သွေးပေါ်ချိန်မှာ အနည်းငယ် ကြီးလာပြီး နာ တတ်ပါတယ် ။ အဆုတ်အမြှေးပါးတွင်ဖြစ်ပါကလည်း မီးယပ်သွေးပေါ်ချိန်မှာ ချောင်းဆိုးတတ်ပြီး သလိပ် မှာ သွေးပါတတ်ပါတယ် ။ အိမ်ထောင်ရှင်တွေမှာလည်း ကိုယ်ဝန်မရဖြစ်နေတတ်ပြီး အိမ်ထောင်ဖက်နဲ့ အတူနေတဲ့အခါ အတွင်းမှနာခြင်း ၊ အောင့်ခြင်းများခံစားရတတ်ပါတယ် ။ စမ်းသပ်ခြင်း ၊ အတွင်းကို စမ်းသပ်ခြင်း (Vaginal Examination - VE) ၊ အာထရာဆောင်းရိုက်ခြင်း ၊ ၀မ်းဗိုက်အတွင်းမှာ မှန်ပြောင်းကြည့်ခြင်း Laproscopy စတဲ့နည်းတွေနဲ့ ရောဂါ ကိုသိရှိနိုင်ပါတယ် ။

ဘယ်လိုကုသလဲ ?

စားဆေး ၊ ထိုးဆေး တွေနဲ့ ကုသခြင်း ၊ အလုံးကြီးများရှိနေရင် ခွဲစိတ်ကုသခြင်း ၊ အသေးစား အဖုလေးတွေ ရှိနေရင် ၀မ်းဗိုက်အပေါက်ငယ်မှတဆင့် မှန်ပြောင်းဖြင့်ကြည့်ကာ လျှပ်စစ်မီးလေ ဆာရောင်ခြည် နဲ့ ချေဖျက်နိုင် ပါတယ် ။ ခွဲစိတ်ခြင်း ၊ ဆေးပေးခြင်း ပေါင်းစပ်၍လည်းကုသနိုင်ပါတယ် ။ လူနာအများစုကတော့ ခွဲစိတ်ဖို့ လို အပ်လေ့ ရှိပါတယ် ။ မခွဲစိတ်ခင်နဲ့ခွဲစိတ်ပြီး နောက်ဆက်တွဲကုဖို့ ခေတ်မီဆေးတွေပေါ်ထွက်လာပြီ ဖြစ်ပါတယ် ။ နောက် ဆက်တွဲ ကြည့်ရှူ ကုသမှု ရှိနေမှလည်း ပြန်လည်ဖြစ်ပွားခြင်း ရှိမရှိ သိနိုင်မှာဖြစ်ပါတယ် ။ အမျိုးသ မီးတွေ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ အမျိုးသမီး များအားလုံး သိထား သင့် တဲ့ရောဂါတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

Ref : Health Education on Reproductive Health ( Prof Myint Mg Mg )

သက်တန့်ချို
10 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဗဟုသုတအနေနဲ့ ဖတ်သွားပါတယ်...အချိန်မှီမသိရှိရင်သားအိမ်ကင်ဆာဖြစ်နိင်ပါသလားကိုသက်တန့် .... :)))
    အစဉ်အားပေးလျှက်

    ReplyDelete
  2. ဗဟုသုတ အနေနဲ့
    ဖတ်သွားပါတယ် ..
    ဖတ်ပြီး စိတ်ထဲမှာ
    ကြောက်စိတ်လည်း ၀င်မိသွားတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  3. ဒီပိုစ့်ကိုအရမ်းစိတ်ဝင်စားတယ်ကိုသက်တန့်ရေ
    ကျမတော့ အေပရယ်ကျရင် အိုဂျီနဲ့ကိုပြရလိမ့်ဦးမယ်
    အလုံးဖြစ်နေလို့ ကိုယ်ဝန်တည်တိုင်းမမြဲဘူးလို့ထင်တာပါပဲ
    ရာသီသွေးပေါ်ချိန်ဆိုလဲ နာလွန်းကိုက်လွန်းလို့ အော်ဟစ်ငိုယိုပြီး ရုပ်ပျက်ဆင်းပျက်ကိုခံစားရပါတယ် တကယ့်လူမမာကြီးတစ်ယောက်လိုပါပဲ .သားသမီးတောင်ရနိုင်ပါဦးမလားလို့ထင်မိပါရဲ့
    .အကြံညဏ်လေးများပေးပါလို့တောင်းဆိုချင်ပါတယ်နော် ခွင့်ကမရတော့ လာမည့်အေပရယ်မှဘဲ ပြန်ရမယ့်အခြေအနေဘဲ

    ခင်မင်လျှက်

    ReplyDelete
  4. ဝင်ဖတ်သွားတယ် အစ်ကိုရေ.. ဗဟုသုတပေါ့..

    ReplyDelete