Saturday, August 6, 2011

ချစ်သူအတွက်...ကျွန်တော့်ခမ်းနားခြင်းများ



ချစ်သူအတွက်...ကျွန်တော့်ခမ်းနားခြင်းများ

(၁)

မိုးရွက်ကြွေတို့ရဲ့ ရနံ့တချို့နဲ့
ချစ်သူအတွက်ဆိုပြီး
ကျွန်တော်ဟာ.... ကဗျာလှလှတစ်ပုဒ်ကို...
နင့်နင့်သီးသီး....ရင်မှာ ခြယ်မှုန်းတယ်

(၂)

ကောင်မလေးရေ
တိတ်တခိုးနဲ့ လွမ်းနေသူရင်မှာ
စွယ်တော်ရွက်တွေ...လွင့်ကြွေလို့
ဆံနွယ်တွေကို အလှဆုံးဖြန့်ကျက်ထားလှဲ့
ဘယ်အခါမှ...မတည်ရှိဖူးသေးတဲ့ အချစ်စစ်တစ်ခုနဲ့
အလွမ်းတွေ...အဆွေးတွေ
ဝေါကနဲပဲ...ရွာသွန်းချတယ်

(၃)

ဒီလိုပါပဲ..ဒီ လို ပါ ပဲ . . .
ဘယ်ရယ်မဟုတ်ပဲ ဒီနာမည်လေးတစ်ခုကို
အချိန်တိုင်း ရွတ်ဆိုချင်ခဲ့
ရင်ခွင်စိုက်ခင်းထဲ..မင်းအတွက် ပန်းတွေတောင် ဖူးပွင့်နေပြီ

(၄)

ထိုင်နေကျ ခုံတန်းလေးရယ်
မင်းအတွက်သီဆိုနေကျ..ငါ့ဂစ်တာတစ်လက်ရယ်
ကောင်မလေးရယ်
အဲဒီလိုပဲ..ငါ ကိုက သွေး အေး လွန်း ပါတယ်

(၅)

တချို့ တချို့ ၂၄ နာရီရဲ့ ဥာဉ့်နက်တွေဆို
ရင်ခုန်လှိုက်မောခြင်းတွေနဲ့
သူမ ရုပ်ပုံလွှာကို
ကျွန်တော့်ရင်ခွင်မှာ...ပန်းချီဆွဲတယ်
အို....နင်ဟာ...ငါ့နတ်သမီးပဲကွယ်

(၆)

တိမ်လွှာတွေကို စီးနင်းပြီး
ရီ ဝေ ယစ် မူး.....
ငါလည်း ရူးမှာပါ အချစ်ရယ်
ငေးကြည့်ခွင့်လေးရယုံနဲ့
ရင်တစ်ခုလုံး လွင့်ပျံ့နေခဲ့တာ
မင်းမှ မသိပဲ...
မင်းမှ မသိခဲ့ပဲ..လေ

(၇)

ကောင်မလေးရေ
ကောင်းကင်ကိုမော့ကြည့်လှဲ့
ကြယ်တွေသီချင်းဆိုနေတယ်
မင်းအတွက်..နှင်းမှုံတွေလည်း
တဖွဲဖွဲ..ကျဆင်းခဲ့
မင်း...တမ်းတချိန်တိုင်း ငါရှိနေမယ်

(၈)

အချိန်...ဘ၀ ...ငွေကြေး
ဒါတွေနဲ့ ဝေးခဲ့ရင်ကောင်းမယ်
ချစ်သူကိုကျောပိုးလို့
ငါက ...သူရဲကောင်းဖြစ်ခွင့်တော့ရချင်ရဲ့
မင်းရှိနေခဲ့ရင်
ဘ၀က .. လှတယ်

(၉)

အချစ်ဆိုတဲ့ ဘာသာရပ်မှာ
ကြက်ခြေခတ်တွေနဲ့ ဝေးရပါစေရဲ့
မင်းရဲ့အမုန်းကို
အရှုံးပေါင်းများစွာထက်
ငါက ...ကြောက်နေမိသူ

(၁၀)

ဒီလိုပါပဲ....
အချစ်နဲ့ပတ်သတ်ရင်
ငါဆိုတဲ့ကောင်က
သေလောက်အောင် ခမ်းနားတယ်

သက်တန့်ချို
6 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဒီလိုပါပဲ....
    အချစ်နဲ့ပတ်သတ်ရင်
    ငါဆိုတဲ့ကောင်က
    သေလောက်အောင် ခမ်းနားတယ်
    .....မိုက်တယ်အကို..
    ခံစားအားပေးလျှက်..

    ReplyDelete
  2. အချစ်ဆိုတဲ့ ဘာသာရပ်မှာ
    ကြက်ခြေခတ်တွေနဲ့ ဝေးရပါစေရဲ့
    မင်းရဲ့အမုန်းကို
    အရှုံးပေါင်းများစွာထက်
    ငါက ...ကြောက်နေမိသူ



    ကြိုက်တယ်

    ReplyDelete
  3. အချိန်...ဘ၀ ...ငွေကြေး
    ဒါတွေနဲ့ ဝေးခဲ့ရင်ကောင်းမယ်
    ချစ်သူကိုကျောပိုးလို့
    ငါက ...သူရဲကောင်းဖြစ်ခွင့်တော့ရချင်ရဲ့
    မင်းရှိနေခဲ့ရင်
    ဘ၀က .. လှတယ်

    ဒီလိုပါပဲ....
    အချစ်နဲ့ပတ်သတ်ရင်
    ငါဆိုတဲ့ကောင်က
    သေလောက်အောင် ခမ်းနားတယ်
    စာသားတွေကမိုက်တယ် ကိုသက်တန့်
    အားပေးသွားပါတယ် . . . .အစဉ်လေးစားလျှက် .....

    ReplyDelete
  4. မိုက်တယ်နော် ကြိုက်တယ်ဗျာ ရေးသားချက်ကတော့ လန်ထွက်နေတာပဲ ကျေးဇူးပါဗျာ အားပေးနေလျှက်ပါ

    ReplyDelete
  5. ချစ်သူအတွက်...ကျွန်တော့်ခမ်းနားခြင်းများ ကတော့ တစ်ကယ့်ကို လေးစားဖို့ ကောင်းတယ်..။

    ReplyDelete