အလုပ်ကိစ္စတွေနဲ့ ခေါင်းမဖော်နိုင်တာကြောင့် အခု ၂ ရက်လောက်အတွင်း ဘာစာမှ မရေးဖြစ်ခဲ့ဘူး ။ အမှန်တော့ လွန်ခဲ့တဲ့ ၂ ရက်လောက် အိမ်ကိုပြန်တော့ လမ်းမှာ ကြုံရတဲ့အတွေ့အကြုံလေးကို မျှဝေချင်လို့ပါ ။ အခု မှ အလုပ်လေးနည်းနည်းပါးတုန်း ရေးဖြစ်ခဲ့တယ် ။
အဲဒီနေ့က မိုးက သည်းထန်စွာ ရွာသွန်းလို့ ကောင်းကင်တစ်ခုလုံးမည်းလို့နေတယ် ။ လေကလည်း အရမ်း တိုက်တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ဘောင်းဘီရှည်လေးအသာလိပ်တင် ကားဂိတ်ကို ထီးလေးဆောင်းလို့ ထွက်လာခဲ့တယ် ။ အချိန်က ည နေ ၅ နာရီ ၄၀ မိနစ်လောက် ။ နွေရာသီဆို ငါးနာရီလေးဆယ်မိနစ်ဆိုတာ လင်းတုန်းရှင်း တုန်း ကာလပေါ့ ။ မိုးတွင်းလိုအချိန်မှာတော့ ငါးနာရီကျော်တာနဲ့ မှောင်စပြုလာပြီ ။ ဆယ်မိ နစ်လောက်ကားဂိတ်မှာစောင့်ပြီးတဲ့အခါ ကျွန်တော်စီးနေကြ ၄၃ အထူးကားကြီး ၀ူးကနဲထိုးရပ်လာပါတော့တယ် ။ ဒါနဲ့ ကိုယ်လည်းဝမ်းသာအားရ ကားပေါ်တက်ခဲ့တယ် ။ အဲဒီအချိန်မှာ ကံဆိုးတာလားကံကောင်းတာလားမသိ ၂ ယောက်ခုံ တစ်ခုံလွတ်နေခဲ့တယ် ။ အဲဒီမှာ ၀င်ထိုင်ပြီးဟိုဟို ဒီဒီတွေးရင်း ငေးနေ တုန်းနောက် တစ်မှတ် တိုင်လောက်မှာ လူတစ်ယောက်တကျွန်တော့်ဘေးဝင်ထိုင်တယ် ။ အသက်က ၃၀ ကျော်လောက် ရှိမယ် ထင်တယ် ။ ဗလကြီးကလည်း ဟက်နေရောဗျာ ။ ဒီလူတော်တော် ကစားထားပုံပဲလို့တွေးမိသေးတယ် ။ စိတ်ထဲ ကတောင် ကြိတ်ပြီးအားကျနေတာ ။ ကိုယ်က ဖလံလေးကိုး ။
ဒီလိုနဲ့ ဆူးလေ ယောက်လမ်း ဗဟန်း ၃ လမ်းအဲဒီလောက်ထိ ဘာမှမထူးသေးဘူး ရွှေဂုံတိုင်နားရောက်တော့ ကိုယ့်လူတို့ သိပါတယ်ကားကလည်းသိပ်ကြပ်တယ်မဟုတ်လား ။ ဒီတော့ ကားပေါ်တက် လာတဲ့လူတွေ ကလည်း အ များကြီး အထူးကားကြီးပေါ် ကြပ်ပိတ်သိပ်နေတာ ရေးရတာများလွန်းလို့ အဲဒီအကြောင်း မရေးတော့ ဘူး ။ (တစ်ခါတုန်းက ကျွန်တော်နှင့်၄၃ အထူး ဆိုပြီးဆောင်းပါးရေးဖူးတယ် ဖတ်ချင်သူများ ဘလော့ထဲမှာ ရှာဖတ်ကြပါ ) အဲဒီလိုနဲ့ ကံဆိုးချင်တော့ ကျွန်တော်တို့ကားအနောက်ပိုင်းက မီးချောင်းက ပျက်သွားရောဗျာ ။ မှောင်သွားတာပေါ့ ။ အဲဒီမှာ ဇတ်လမ်းကစတော့တာပဲဗျို့ ။ ဘေးက ဗလ ကြီးက ပထမဆုံး ကျွန်တော့် ပေါင်ကို သူ့လက်နဲ့လာ ထိသဗျ ။ ပထမတော့ အော်ကားစီးရင်းအမှတ်တမဲ့ ထိတာပဲလေဆိုပြီး နေလိုက်တယ် ။ သိပ်မကြာဘူး ကျွန်တော့်ပေါင်ကို သူ့လက်နဲ့အပေါ်ကနေဆုပ်ကိုင်လိုက်တယ် ။ “ ဟင် .. ” အဲဒီမှာတင် ကြက်သီးမွှေးညှင်း ရှိသမျှ တကိုယ်လုံးအမွှေးတွေ ထောင်တက်ကုန်ပါရောဗျို့ ။ ဆံပင်မွှေးတို့ ဘာတို့ပြောပါတယ် ။ အဲဒီတော့ မှ သူ့ကိုကြည့်လိုက်တော့ အောင်မငီး “ အပုန်းကြီး ” ဗျာ တကယ့်ကို အပုန်းကြီး ။ ထင်တောင်မထင်ဘူး ။ ကျွန်တော့်ကို ရီဝေေ၀ မျက်လုံးနဲ့စိုက်ကြည့်နေလိုက်တာများ အခုထိ တွေးရင်းတောင် ကြည်သီးထတယ် ။ ကျွန်တော်လည်းချွေးတွေပျံလာပြီး ဘယ်လိုလုပ်ရပါ့မလဲစဉ်းစားတယ် ။
ပေါင်ကိုင်ယုံလောက်ဆို အင်းလေ ထားပါတော့ ငါ့ဘ၀တော့မပျက်သေးပါဘူးတော့ ။ ကိုယ့်လူရေ မရဘူးဗျို့ ဒီအပုန်းကြီး ကျွန်တော့်ဖက်ကို တိုးတိုးလာယုံသာမက သူ့လက်က ကျွန်တော့်ပေါင်ရင်းရောက်တော့မယ် အခြေအနေက သိပ်မကောင်းလှဘူး ။ဒီတော့ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဟောက်လိုက်တယ် ။ တိုးတိုးတိတ်တိတ်ပေါ့ ။ “ ဟေ့လူ ဒါဘာလုပ်တာလဲ ” “ မောင် ..မကြိုက်ဘူးလားဟင် ” တဲ့ အောင် မငီး အောင်မငီး ကျုပ်ကို မောင်တဲ့ အရပ်ကတို့ရေ ကားပေါ်ကသာခုန်ချလိုက်ချင်တော့တယ် မသေရဲသေး လို့ ပေါ့ ။ သူက သူ့စာအုပ်တွေ ကိုင်ထားတဲ့ဖိုင်နဲ့လက်ပေါ်အုပ်ထားတော့ တခြားလူတွေက ဘယ်သိပါ့မလဲဗျာ ။ ကိုယ်က သာ ခံစားနေရဲ့ကောင်ကိုး ။ ကျုပ်မှာသာ ဆင်းမယ့်မှတ်တိုင်မြန်မြန်ရောက်ပါစေဆုတောင်းနေရတယ် ။ ပြီးတော့ ဒီအပုန်းကြီးက သူ့ဗလကြီးနဲ့တခါတခါ အိပ်ချင်ယောင်ဆောင်ပြီး ပေါင် ကိုလည်းကိုင် ထားသေး တယ်ကျုပ်ပခုံးကိုလည်း မှီထားလိုက်သေး အား....ဆိုးလိုက်တဲ့ဘ၀ ဗျာ ။ အဲဒီတော့မှ သေချာကြည့်မိ တာ အောင် မလေး ခြေသည်းလက်သည်းတွေတောင်ဆိုးထားသေးသဗျ ။ ပြီးတော့ အပုန်းကြီးက တိုးတိုးလေးမေးတယ် “ မောင် ဘယ်မှာ ဆင်းမှာလဲတဲ့ ” အောင်မလေး မြတ်စွာဘုရား ကျုပ်အိမ်ကိုတောင် သူကလိုက်ဦးမလို့လားမသိ ။ မဖြစ်ချေ ဘူးငါတော့ ဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းမှဖြစ်မယ်လို့တွေးလိုက်တယ် ။
ကျုပ်သူ့လက်ကြီးကို ဖယ်ဖို့ ကျုပ်လက်နဲ့ဆွဲထုတ်တယ်မရဘူးဗျို့ သံလိုက်နဲ့ သံကပ်နေသလိုပဲ ။ အဲဒီအချိန်ဗျာ လူတစ်ကိုယ်လုံးအေးစက်ပြီး ကျုပ်ဘယ်လောက်ကြောက်နေမလဲ စဉ်းစားကြည့် ။ ကျုပ်ဗျာ ရန်တွေဘာတွေ လည်းဖြစ်ဘူးပါတယ် လူမိုက်ကြီးတွေဆိုတဲ့ရပ်ကွက်ထဲကလူတွေနဲ့လည်းတွေးဖူးပါတယ် ။ ဒါပေမယ့် အဲ ဒီလောက် မကြောက်မိပါ ဘူးဗျာ တကယ်ပါ ဒီအပုန်းကြီးနဲ့ကျမှ ကျောရိုးထဲ စိမ့်ဝင်ရလောက်အောင်ကြောက် တာပါကလား ။ ကျုပ်အသက်က သူ့လက်ထဲမှာ မဟုတ်လား ။ တလွဲမတွေးကြနဲ့ဦး ကျုပ်အရှက်ကို ပြောတာ အာ ပိုဆိုးကုန်ပါပြီ ။ ထားတော့ ဒါနဲ့ “ ကျုပ်ဟာကျုပ်ဘယ်ဆင်းဆင်းခင်ဗျားနဲ့ဘာဆိုင်လဲ ” ဆိုပြီးကျုပ်လည်း အဆင်း ကုန်းရုန်း ထပြီးဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းလိုက်တယ် ။ ဟူး...အခုမှ လွတ်ပြီလို့တွေးပြီး အနောက် ကိုကြည့် လိုက်တော့ “ အပုန်းကြီး ” အောင်မလေး ကျုပ်နောက်လိုက်လာသဗျ ။ ဟာ ငါ ဒီတစ်ခါတော့ တကယ်ရေတိမ်နစ်ရှာပြီ သူနဲ့ကျုပ်က ဓါတ်တိုင်တစ်တိုင်အကွာမှာ ဆင်းလိုက်တဲ့မှတ်တိုင်ကလည်း မီးတွေ ပျက်နေတယ် ။ မိုးကလည်း သည်းသည်းလေး ဘေးနားမှာလည်းခြုံပုတ်တွေနဲ့လူကလည်းပြတ် ။ ဘုရားဘုရား ...
အဲဒီမှာ ကျုပ်ကြောင်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ တက်စီလည်းငှားမရ သွားရမယ့်မှတ် တိုင်ကလည်း လိုသေး တယ် ဒီတော့ ကျုပ်ကြံရာမရဖြစ်နေတုန်း ဆိုက်ကားတစ်စီး တွေ့လိုက်တယ် ။ ဘယ်ရမလည်း ကျုပ်လည်းအား ရ၀မ်းသာပြေးတာပေါ့ ဆိုက်ကားသမားဆီ ။ ပြီးတော့ ဘာမှမပြောပဲတက်ထိုင် နင်းနင်း..မြန်မြန်နင်း ...ဆို ပီး ပြောလိုက်တာ ဆိုက်ကားသမားလည်း ခြေဦးတည့်ရာစွတ်နင်းတော့တာပဲ ။ အပုန်းကြီး ကတော့မျက် ရည်တွေ ၀ဲလို့ ကြေကွဲနေရှာရော့မယ် ။ မတတ်နိုင်ဘူးဗျို့ ကျုပ်လည်း ဘယ်လို ဘယ်ပုံအိမ်ပြန်ရောက် ခဲ့မှန်းတောင် မသိတော့ပါဘူး ။
တကယ်ဗျာ ကျုပ်ဘ၀မှာ အပုန်းတွေနဲ့ ဘယ်လိုအကျိုးပေးမှန်းမသိ ။ ငယ်ငယ်တုန်းက အကြောင်းတွေ အချိန်ရ ရင် ပြန်ရေးပြ ချင်သေးတယ် ။ အခုတော့ ခဏနားကြဦးစို့း)
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အစ်ကို့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ
ReplyDeleteFacebook မှာလည်း အစ်ကို့စာတွေ ဖတ်ရပါတယ်
အခုလာဖတ်သွားပါတယ်
တော်သေးတာပေါ့ ... အစ်ကိုရေ
ဒါက ရေတိမ်နစ်တာထက် ဆိုးတယ်
LOl that was funny :)I could see your face exhausted with sweat.
ReplyDeleteဟဲဟဲ ရယ်ရတယ်
ReplyDeleteကိုသက်တန့်ကြီးက တယ် စွံပါလား........... ;P
ReplyDeleteဖတ်ရင်း ဖတ်ရင်း ကြက်သီးမွှေးညင်းတောင် ထတယ်..... အမလေး.....
အဟီး..ကိုသက်တန့်လိုပဲ ကျွန်တော့် မိတ်ဆွေတစ်ယောက် သူကတော့ဆေးခန်းသွားပြတာ ဒေါက်တာပုန်းနဲ့ တွေ့ခဲ့လို့
ReplyDeleteပြေးခဲ့ရဖူးတယ်။ဘယ်ဆေးခန်းဆိုတာတော့ မပြောတော့ပါဘူး။
အော်...ဘာပဲပြောပြော...ရှေးရေစက်တွေပေါ့.သူတပါးချစ်ခံရ
တာ နည်းတလား..အဟီး..ကံထူးရှင်တွေ ခေါ်ရင်ကောင်းမလား။
အသည်းတယားယားနဲ့ တကယ်ကို ရီရပါတယ် ...
ReplyDeleteရီရပါတယ်
ReplyDeleteဟီးး တော်သေးတယ် ..:P
ReplyDeleteပီား......ရီသာရီတာ...သူများနေရာကိုလည်း..စဉ်းစား
ReplyDeleteကြည့်တော့...အသည်းယားစရာကြီးပါလား
အကို့စာတွေကိုတော့တော်တော်များများအားပေးဖြစ်ပါတယ်ကခါမှတော့ဒီလိုမရေးစြစ်ဘူးလေခုတော့ရေးလိုက်တယ်အမြဲတမ်းအားပေးနေပါတယ်
ReplyDeleteမောင်သက်တန်.ရဲ.ဒုက္ခကလဲအသည်းယားစရာပါလားနော်
ReplyDeleteဖတ်ပြီးရယ်ပြုံးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်
ကိုသက်တန့်ရေအခုခေတ်မှာအဲလိုလူတွေကလဲရှိသေးတယ်နော်
ReplyDeleteနောက်ဆိုရင်တော့အဲလိုမလုပ်ခံ၇အောင်တစ်ယောက်ထဲမသွားနဲ့တော့
ဘော်ဘော်ခေါ်သွားပြောပါတယ်
အားပေးသွားပါတယ်နော်
ရေးသူကကြောက်ပြီးစိတ်ညစ်ပေမယ့်ဖတ်ပြီးရယ်မိလို့အားနာလိုက်တာs၀rryနော်
ReplyDeleteကိုသက်တန့် ရေ
ReplyDeleteမထွေးအသားခါးလှတယ်တဲ့
ခင်တဲ့
ရွှေစင်ဦး
းး))
ReplyDeleteဟီးဟီး တော်တော်အရေးအသားကောင်တယ်နော်
ReplyDelete