Tuesday, August 14, 2012

ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား

ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား



တစ်နေ့မှာ လူတစ်ယောက်က လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်ကလေးကိုတွေ့မိတယ် ။ အထဲမှာတော့ လိပ်ပြာဘ ၀မရောက်သေးတဲ့ ပိုးတုံးလုံးလေးပေါ့ ။ အဲဒီလိုတွေ့တဲ့အချိန်ကစပြီး သူက အဲဒီပိုးအိမ်ကလေးကို နေ့တိုင်း ဘယ်အချိန်အကောင်ပေါက်လာမလဲဆိုပြီး ဂရုတစိုက်ကြည့်နေခဲ့တယ် ။ တစ်နေ့မှာတော့ ပိုးအိမ်ထဲက အပေါက်သေးသေး ပေါ်လာခဲ့တယ် ။ အဲဒီလူက ပိုးအိမ်အနားမှာ ထိုင်ချလိုက်ပြီး နာရီပေါင်းများစွာတိုင်အောင် ပိုးအိမ်ထဲ က လိပ်ပြာလေး တွန်းထွက်လာမယ့်အချိန်ကို စောင့်နေခဲ့တယ် ။ အထဲက အကောင်လေးကတော့ အားရှိ သမျှ ရုန်းကုန်ပြီး အပေါက်သေးသေးလေးကနေ ထွက်ဖို့ကြိုးစားနေခဲ့တယ် ။

ဒီလိုနဲ့ကြည့်နေရင်းမှာပဲ အထဲက အကောင်လေးလှုပ်ရှားမှုဟာရပ်တန့်သွားခဲ့တယ် ။ အဲဒီလူထင်လိုက် တာကတော့ လိပ်ပြာဖြစ်မယ့်ပိုးတုံးလုံးလေးဟာ ဒီအပေါက်လေးထဲကနေ မထွက်နိုင်တော့ဘူးပေါ့ ။ ဒါနဲ့ သူက လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ် ။ ကပ်ကြေးသေးသေးလေးသွားယူပြီး ပိုးအိမ်လေးရဲ့အပေါက်ကို ထိုးခွဲလို့ အပေါက်ချဲ့ပေးလိုက်တယ် ။ လိပ်ပြာလေးဟာ လွယ်ကူစွာပဲ အပြင်ရောက်လာခဲ့တယ် ။

ဒါပေမယ့် လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ ၀ဖောင်းနေ ခဲ့ပြီး သေးငယ်ပြီးရှံ့ တွနေတဲ့အတောင် ပံတွေသာ ပါလာခဲ့တယ် ။ အဲဒီလူက လိပ်ပြာလေး အတောင်ပံတွေကြီး လာပြီး သူ့ခန္ဓာကိုယ်ကို သယ်ဆောင်လို့လေမှာ ပျံဝဲနိုင်မယ့်အချိန်ထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။

ဒါပေမယ့် အဲဒီလို ဘယ်တော့မှ ဖြစ်မလာခဲ့တော့ဘူး ။

တကယ်တော့ လိပ်ပြာကလေးဟာ ကျန်ရှိနေတဲ့သူ့ဘ၀တလျှောက်လုံး ဒီ လို ၀ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရှံ့တွနေ တဲ့ အတောင်ပံတွေကိုသာ ပိုင်ဆိုင်ရပြီး ဖြတ်သန်းရတော့မှာဖြစ်တယ် ။ သူ ဘယ်တော့မှ လေပေါ် မပျံသန်းနိုင်တော့ဘူး ---- ။

--------------------------------------------

အဲဒီလူဟာ လိပ်ပြာကလေးကိုကူညီချင်စိတ် သနားစိတ်ရှိခဲ့ပေမယ့် ပိုးအိမ်ရဲ့ သဘောသဘာဝနဲ့ လိပ်ပြာတွေ အကြောင်းကို နားမလည်ခဲ့ဘူး ။ တကယ်တော့ လိပ်ပြာကလေး ဟာ သေးငယ်တဲ့ အပေါက်လေး ကနေ ရုန်းထွက်လို့ အပြင်ကို ထွက်ဖို့ကြိုးစားခြင်းဖြင့် လိုအပ်တဲ့ အားအင်တွေရရှိလာမယ် ခန္ဓာကိုယ်က ၀ဖောင်းစေ တဲ့အရည်တွေကို ညှစ်ထုတ်လို့ တောင်ပံတွေက နေတဆင့် အားယူပြီး သေးငယ်တဲ့အပေါက်ကလေးကနေ သဘာဝအတိုင်းသာ ရုန်းကန်ပျံသန်းရတာဖြစ်တယ် ။

ကျွန်တော်တို့ရော --- ဘ၀မှာ အခက်အခဲဆိုတာတွေ ရုန်းကန်လှုပ်ရှားရတာတွေ မကြုံတွေ့ခဲ့ဘူးဆိုရင် -- ကျွန်တော် တို့ လိပ်ပြာကလေးလိုပဲ ဘယ်တော့မှ ပျံသန်းခွင့်ရမှာမဟုတ်တော့ဘူး ။

အခက်အခဲနဲ့ ရုန်းကန်လှုပ်ရှားမှုတိုင်းက ဘ၀ခရီးမှာ ကောင်းမွန်စွာ ဖြတ်သန်းဖို့အတွက် ကျွန်တော် တို့ကို ပေးတဲ့ခွန်အားတွေပဲဖြစ်တယ် ။

သက်တန့်ချို
Benefits of Struggling အား ဆီလျှော်သလိုဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. မြတ်နိုးသူ(MUFL)August 14, 2012 at 8:35 PM

    အခက်အခဲနဲ့ ရုန်းကန်လှုပ်ရှားမှုတိုင်းက ဘ၀ခရီးမှာ ကောင်းမွန်စွာ ဖြတ်သန်းဖို့အတွက်
    ခွန်အားတွေဖြစ်တယ်တဲ့အားပေးသွားပါတယ်နော်

    ReplyDelete
  2. မြတ်နိုးသူ(MUFL)August 14, 2012 at 8:37 PM

    အခက်ခဲတွေနဲ့ရုန်းကန်လှုပ်ရှားမှုတိုင်းကဘ၀ခရီးမှာ
    ကောင်းမွန်စွာဖြတ်သန်းဖိုကအတွက်ကျွန်တော်တို့
    ကိုပေးတဲ့ခွန်အားတွေပဲဖြစ်တယ်တဲ့အားပေးသွားပါတယ်အစ်ကို

    ReplyDelete
  3. အန်တီလေးမေခင်August 14, 2012 at 9:04 PM

    မောင်သက်တန်.ဗဟုသုတစာပေလေးကိုအားပေးသွားပါတယ်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  4. ဖတ်ရတာအားရှိတယ်ဗျာ ။။။။ ကျွှန်တော်ဟာ အခက်အခဲတွေ အများကြီးရင်ဆိုင် နေရသူမို့ပါ

    ReplyDelete
  5. ဒီပို့စ်လေးက ကောင်းလိုက်တာ

    shwehub မှာ share ထားပါတယ်

    http://www.shwehub.com/life/%E1%80%9B%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%80%99%E1%82%88%E1%80%B1%E1%80%90%E1%80%BC%E1%80%80-%E1%80%B1%E1%80%95%E1%80%B8%E1%80%90%E1%80%B2%E1%80%B7%E1%80%81%E1%80%BC%E1%80%94%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8/

    ReplyDelete