Monday, August 27, 2012

ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့

ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့



တစ်ခါတုန်းက နွားနို့ သယ်ပို့တဲ့ ကောင်မလေးတစ်ယေက် က ဈေးထဲမှာ နွားနို့တွေရောင်း ဖို့အတွက် နွားနို့ ပုံးလေး ကို ခေါင်းပေါ်ရွက်လို့ လမ်းလျှောက်လာခဲ့တယ် ။ ဦးခေါင်းပေါ်မှာ နွားနို့ပုံးလေးရွက်ရင်း လမ်းတလျှောက် နွားနို့ရောင်းပြီးရတဲ့ငွေတွေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို စိတ်ကူးယဉ် အိပ်မက်တွေ မက်လာခဲ့တယ် ။

“ အင်းနွားနို့ရောင်းရတဲ့ငွေတွေနဲ့ အိမ်နောက်ဖေးက မြေကွက်လပ်မှာ ကြက်ပေါက်လေးတွေ အကောင် ၁၀၀ လောက်ဝယ်မွေးရမယ် သူတို့ကြီးလာတဲ့အခါ ငါဈေးမှာသွားရောင်းမယ် အဲဒီအခါ ဈေးမှာ ငါ ပိုက်ဆံတွေ အများကြီးရမှာပဲ ” အဲဒီလိုတွေးပြီး ကောင်မလေးက လမ်းဆက်လျှောက်လာတယ် ။ ပြီးတော့ ဆက်ပြီးတွေးပြန်တယ် “ အဲဒီရလာတဲ့ငွေတွေနဲ့ ငါ ဆိတ်လေး ၂ ကောင်လောက်ဝယ်မွေး၇မယ် သူတို့ကြီးလာ တဲ့အ ခါ ငါ ရောင်ထုတ်လိုက်တဲ့အခါ ငွေတွေ ဒီထက်ပိုရလာမှာပဲ ” စိတ်ကူးယဉ် အိပ်မက်တွေ ဆက် မက်ပြီး ကောင်မလေးလည်းဆက်ပြီးလျှောက်လာခဲ့တယ် ။

“ မကြာခင်မှာ ငါ နောက်ထပ် နွားတစ်ကောင်ဝယ်နိုင်မှာပဲ အဲဒီအခါ ငါ နို့တွေများများ ညှစ်ပြီး ရောင်းနိုင်ဦး မယ် ငွေတွေလည်းထပ်ရလာဦးမယ် ” အဲဒီလို တွေးပြီး ပြုံးပျော်လို့ ကောင်မလေးဟာ ရှေ့က ခဲလုံးလေးကို ခုန်ပြီးကျော်လိုက်တယ် ။ ရုတ်တရက်ပဲ ဟန်ချက်မထိမ်းနိုင်ဖြစ်ပြီး လဲကျသွားတယ် ။ အဲဒီအခါ နွားနို့ပုံး လည်းမှောက်ကျသွားပြီး မြေပြင်ပေါ် နွားနို့တွေ အကုန်လုံးဖိတ်ကျကုန်ခဲ့တယ် ။ အခုဆို ကောင် မလေး လည်းဆက်ပြီး အိပ်မက်မမက်နိုင်တော့ဘူး ။ ၀မ်းပန်းတနည်း မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ငို လိုက်ပါတော့တယ် ။

----------------------------------

“ ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့” ဆိုတဲ့စကားရှိတယ် ။ ရှေ့မှာ ကြိုဖြစ်မ လာသေးပဲ စိတ်ကူးယဉ်အိပ်မက်မက်နေခြင်းဟာ လက်ရှိ အနေအထားတွေကိုပါ ပျက်ယွင်းစေတယ် ။

- စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့မဆန်ဘူး ပန်းတိုင်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်ရမယ်
- အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး Plan လုပ်ရမယ် လမ်းလျှောက်နေတုန်း စဉ်းစားတဲ့အ ခါ နွားနို့ပုံး ဖိတ်တာပဲ အဖတ်တင်မယ် ( အမှန်ဆို လက်ထဲ မှာ ပိုက်ဆံရလာတဲ့အခါမှ ဆက်စဉ်းစားသင့်တယ် )
- တစ်ခုခုဖြစ်မလာသေးခင် စိတ်ကူးနဲ့ကြိုပြီး မပျော်ထားပါနဲ့ မတွက်ချက်ထားပါနဲ့ တခါတလေမှာ တစုံတ ခုသောအကြောင်းကြောင့် ကိုယ်မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေလည်းဖြစ်လာတတ်တယ်

သက်တန့်ချို
THE MILKMAID အားဘာသာပြန်ခံစားသည်

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အားပေးလျှက်ပါ

    ReplyDelete
  2. အားပေးလျှက်ပါ

    ReplyDelete
  3. ရှေ့မှာ ကြိုဖြစ်မ လာသေးပဲ
    စိတ်ကူးယဉ်အိပ်မက်မက်နေခြင်းဟာ
    လက်ရှိ အနေအထားတွေကိုပါ
    ပျက်ယွင်းစေတယ် ။
    မှတ်သားသွားပါတယ်နော်အကို

    ReplyDelete
  4. အန်တီလေးမေခင်August 28, 2012 at 2:58 PM

    စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့မဆန်ဘူး
    ပန်းတိုင်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်ရမယ်
    အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  5. Dreaming is not a good thing but Planning should have in your life. If your plan is failed, you should have contingency plan. Anyway, Thanks for your good post.

    ReplyDelete