Tuesday, August 28, 2012

ယုံကြည်မှု (TRUST ) ဆိုတာ

ယုံကြည်မှု (TRUST ) ဆိုတာ




တစ်ခါတုန်းက လူတစ်ယောက်ဟာ လက်ထပ်ပြီးစ သူ့ဇနီးနဲ့အတူ နေအိမ်ကို ပြန်လာခဲ့တယ် ။ သူတို့ဟာ အိမ်ကိုရောက်ဖို့အတွက် ကန်ကြီးတစ်ကန်ကို ဖြတ်ရတယ် ။ အဲဒီကန်ကြီးကို လှေတစ်စင်းနဲ့အတူ သူတို့ ဇနီးမောင်နှံ ဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ရုတ်တရက် လေမုန်တိုင်းတွေ တိုက်လို့ ကန်ထဲမှာ လှိုင်းကြီးလှေကြီးဖြစ် လာခဲ့တယ် ။ အမျိုးသားဖြစ်သူက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး အမျိုးသမီးကတော့ အရမ်းကို ထိတ် လန့် ကြောက်ရွံ့နေခဲ့တယ် ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ ။

လှေကလေးက သေးငယ်ပြီး လေမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကပိုပြီးကြီးမားပါတယ် ။ အချိန် မရွေး လင်မယားနှစ်ယောက်စလုံး နစ်မြုပ်သွားနိုင်တယ်မဟုတ်လား ။ ဒါပေမယ့် အမျိုးသားဖြစ်သူက တိတ်ဆိတ် စွာနဲ့ ၀မ်းနည်းနေတယ် ။ ငြိမ်သက်လို့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ် ။ ဘာမှမဖြစ်တော့သလိုပေါ့ ။

အမျိုးသမီးဖြစ်သူကတော့ တစ်ကိုယ်လုံးကြောက်လန့်မှုနဲ့ တုန်ခါနေခဲ့ပြီး အမျိုးသားဖြစ်သူကိုမေးတယ် ။ “ ရှင်မကြောက်ဘူးလား ”

ဒါငါတို့ဘ၀ရဲ့ နောက်ဆုံးအချိန်နဲ့တူတယ် ဟိုဖက်ကမ်းစပ် ကို ဘယ်လိုနည်းနဲ့မှပြန်မရောက်နိုင်တော့ဘူး အချို့သော အံ့သြဖွယ်ရာ အဖြစ်အပျက်တွေကသာ ငါတို့ကို ကယ်ဆယ်နိုင်လိမ့်မယ် ဒါမှမဟုတ်ရင် ငါတို့သေ မှာကျိန်းသေပဲ

“ ရှင်မကြောက်ဘူးလား ရှင်ရူးသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား ရှင်က ကျောက်တုံးတစ်တုံးလား တစ်ခုခုပဲ ”

အမျိုးသားဖြစ်သူကရယ်မောလိုက်တယ် ပြီးတော့ ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ် ။ အမျိုးသမီးဖြစ် သူကပိုပြီးတော့ စိတ်ဝင်စားသွားတယ် ။ သူ ဘာလုပ်ဖို့လဲ ??

ပြီးတော့ သူက အဲဒီဓါးရှည်ကို အမျိုးသမီးရဲ့လည်ပင်းနားကို နီးကပ်စွာထိလိုက်တယ် ။ ပြီးတော့ ထိလုထိခင်လေး အထိ ဓါးကို ထားလိုက်ပြီးနောက်ဆုံးဓါးကို လည်ပင်းနဲ့ထိအောင် ထားလိုက်တယ် ။ ပြီးတော့မေး တယ် “ မင်းကြောက်နေလား ”

အမျိုးသမီးဖြစ်သူကရယ်မောလိုက်ပြီး ပြောတယ် ။ “ ကျွန်မက ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ဓါးက ရှင့်လက်ထဲ မှာပဲ ကျွန်မ ဘာလို့ ကြောက်ရမှာတုန်း ရှင်ကျွန်မကို ချစ်တာ သိနေတာပဲ ”

အမျိုးသားက ဓါးကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ် ။ “ အဲဒါ ငါ့အဖြေပဲ ” လို့ ပြောလိုက်တယ် ။

“ ငါ့ကို ဘုရားသခင်ကချစ်တယ်ဆိုတာငါသိတယ် မုန်တိုင်းက သူ့လက်ထဲမှာပဲ ငါလည်းဘာကြောင့်ကြောက်နေ ရမှာလဲ ”

-------------------------------------------

ဘာတွေပဲ မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။

အကယ်၍ ကျွန်တော်တို့ အခြေအနေဆိုးတွေက လွတ်မြောက်ခဲ့သည်ဖြစ်စေ မလွတ်မြောက်ခဲ့သည်ဖြစ်စေ ကျွန်တော် တို့ကောင်းဖို့ဆိုတာကို တွေးကြည့်ပါ ။ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။

ဒီပုံပြင်လေးရဲ့ သော့ချက်ကတော့ “ လူတစ်ယောက်အတွက် ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ - ယုံကြည်မှု - ကို ဖော်ညွှန်းသွားခြင်းဖြစ်တယ် ။ ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် တယ် ။

သက်တန့်ချို
TRUST IN GOD အား မူရင်းအတိုင်း ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. မြတ်နိုးသူ(MUFL)August 28, 2012 at 7:00 PM

    ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။
    အရမ်းကောင်းတဲ့ပိုစ့်လေးကိုအားပေးသွားပါတယ်

    ReplyDelete
  2. မှတ်သားဖွယ်ရာ..နှလုံးသားအာဟာရလေးတွေ လာရောက်ဖတ်ရှု့သွားတယ်နော်..
    ခင်တဲ့ ...မိုးနတ်..

    ReplyDelete
  3. ဖတ်မှတ်ပြီး ခွန်အားတွေ ကိုယ့်ဖာသာ ပေးသွားပါတယ်၊၊ ခုဖြစ်နေတာတွေအားလုံး ဘုရားသခင်က ကျီစယ်နေတာ ဖြစ်မှာပါ၊၊

    ReplyDelete
  4. အန်တီလေးမေခင်August 29, 2012 at 2:55 PM

    ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။
    မှတ်သားဖွယ်ရာအတွေးပိုစ့်လေးပါပဲ
    အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  5. အန်တီလေးမေခင်August 30, 2012 at 4:27 PM

    မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။
    အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  6. အမြဲတမ်းဘုရားသခင်ကကိုယ့်ဘက်မှာရှိပါ့မလား

    ReplyDelete
  7. အိန်ဂျယ်လင်းSeptember 2, 2012 at 2:35 PM

    ဘုရားသခင် ကိုကိုယ်ကလိုအပ်နေတယ် ကိုယ်ကလည်းဘုရားသခင်ကို ယုံကြည်နေမယ်ဆိုရင်တော့ ဘုရားသခင်က ကိုယ့်ဘက်မှရှိနေပါတယ်

    ဘုရားသခင်က သူ့ကိုလိုအပ်သူကို ဘယ်တော့မှ ပစ်ထားတတ်တဲ့ ဘုရားမဟုတ်ပါဘူး အမြဲတမ်းနော် ထာဝရပါ

    ReplyDelete
  8. သူ့ကိုလိုအပ်နေရက်နဲ့...ဒုက္ခရောက်နေတဲ့သူတွေ..အများကြီး..ပါ...ဟုတ်တယ်..အမြဲတမ်းကိုယ့်ဘက်မှာ..ရှိနေပါ့မလား...အဲဒီမေးခွန်းကိုကြိုက်တယ်....

    ReplyDelete
  9. သူရှိနေတာကိုရော တကယ်ယုံရဲ့လား

    ReplyDelete
  10.ေ ကာင်းပါတယ် သန်းထိုက်ေ အး

    ReplyDelete