Thursday, August 23, 2012

၆/၆၆ ကဗျာ စာအုပ်ထွက်ရှိ



၆/၆၆ ကဗျာ စာအုပ်ထွက်ရှိ

သူတို့ ကဗျာဆရာ ခြောက်ယောက်စလုံး အပြင်မှာ လူစုံအောင်မတွေ့ဖူးကြသေးဘူး ။ အွန်လိုင်းပေါ် ကနေတဆင့် ရင်းနှီးခဲ့ကြတယ် ။ ဒီစာအုပ်လေးဟာ အွန်လိုင်းကကဗျာဆရာ ၆ ယောက်ရဲ့ မှတ်တိုင်တစ်ခုဆိုလည်းမမှားပါဘူး ။ အပြင်မှာ သုံးလေးယောက်လောက်သာ ဆုံဖူးပေမယ့် လူစုံအောင်တောာ့ တစ်ခါမှမတွေ့ဖူးကြသေးဘူး ။ ဒါပေမယ့် အဲဒီ ၆ ယောက်စလုံးမှာ တူညီတဲ့အချက် ကဗျာအပေါ်မှာ ရူးသွပ်တဲ့ ခံစားချက် တွေရှိကြတယ် ။ “ကျွန်တော်တို့ ချစ်သော ကဗျာလေးများကို ကျယ်ပြန့်သော နယ်ပယ် အသစ်တစ်ခုထဲသို့ ပို့ဆောင်ကြည့်ခြင်း ကြိုးပမ်းချက် တစ်ခု ” ဟု သူတို့ ခံယူချက်ကို ရိုးရိုးကလေး ဖွင့်ဆိုထားသည် ။

ကဗျာဆရာ ၆ ယောက် - ကဗျာ ၆၆ ပုဒ် -- ဒီလိုနဲ့ ၆/၆၆ဟာ အခက်အခဲတွေ များစွာကိုကျော်ဖြတ်ပြီး ကဗျာ စာအုပ် တစ်အုပ်အဖြစ် သေသပ်လှပခန့်ညားစွာ ထွက်ပေါ်ခဲ့ပါပြီ ။ ကဗျာ ဆရာ လွမ်းနေရဲ့ကဗျာတွေကိုတော့ စာဖတ်သူများကို ဟိုးအရင်ကတည်းက Lwan Nay Fan Page ကနေ မိတ်ဆက်ပြီးဖြစ်တဲ့အတွက် အထွေအ ထူးမပြောလိုတော့ပါဘူး ။ ကျန်တဲ့ မောင်နှမတွေအားလုံးကလည်း အတွေးရဲရဲ အရေးရဲရဲ အချစ်ကဗျာတွေ ချည်းသီး သန့်မဟုတ်ပဲ ဘ၀ဒဿနတွေနဲ့ creation တွေကိုပါ ခံစားနိုင်ကြမှာပါ ။

ကဗျာစာအုပ်အမည် - ၆/၆၆
ကဗျာဆရာများ - မှူးနေ၀န်း ၊ မြူခူးနေ ၊ လွမ်းနေ ၊ နရီမင်းထက် ၊ အမွန်မွန်း ၊ ကြယ်စစ်သည်
စီစဉ်သူ - ကိုလူပအောင်
မျက်နှာဖုံးနှင့်အတွင်ဒီဇိုင်း - Wei Nian
စာအုပ်တိုက် - အာရှအလင်းစာပေနှင့်ဖြန့်ချီရေး

ဒီနေ့ ၂၃ ရက် မှာ ရန်ကုန်မြို့တွင်းက စာအုပ်ဆိုင်များမှာ ရရှိမည်ဖြစ်ပြီး မနက်ဖြန် ၂၄ ရက်နေ့မှာတော့ နယ်တွေ ကိုရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ် ။

ကဗျာချစ်သူများ အားပေးကြပါဦးး)

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment