Tuesday, August 21, 2012

ကျွန်တော်နှင့် City FM

ကျွန်တော်နှင့် City FM




City FM က လွန်ခဲ့တဲ့ရက်တွေကတည်းက အသံသွင်းချင်တယ်ဆိုပြီး ဆက်သွယ်လာခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကလည်း အဆိုတော်မဟုတ်တော့ နည်းနည်းကြောင်တောင်ဖြစ်သွားသေးတယ် ။ နောက်တော့မှ စာရေး ဆရာတွေ က ကိုယ့်ဆောင်းပါးကိုယ် အသံနဲ့လွှင့်မယ့် “ သူ့အတွေးတစ ” အစီအစဉ်အတွက်ဖြစ်ကြောင်း သိရ တယ် ။ အဲဒါနဲ့ ဒီနေ့ နေ့လည် ၁ နာရီ ဆောင်းပါးလေးတွေ ပရင့်ထုတ်လို့ City FM ကိုရောက်ခဲ့တယ် ။

လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာကြိုဆိုပြီး ကော်ဖီတွေ ရေနွေးတွေတိုက်ပါတယ် ။ ပြီးတော့ အသံဖမ်းတဲ့ အခန်းထဲဝင်ပြီး ဆောင်းပါးလေးပုဒ်ကို ဖတ်ခဲ့ရတယ် ။ ကိုယ်လည်း ပြောကောင်းကောင်းနဲ့ပြောလိုက်တာ ဆယ်မိနစ် စာ လေးပုဒ်ကို တစ်နာရီလောက်ကြာသွားတယ် ။ အဆင်ပြေရဲ့လားလို့မေးကြည့်တော့ “ အရမ်းကောင်း ပါတယ် ဆရာ ” တဲ့ ။ ဒါနဲ့ အင်တာဗျူးတွေ ဘာတွေလုပ်ခဲ့သေးတယ် ။ ပြန်ခါနီးကျတော့ လက်ဆောင် အတင်းပေးတာကြောင့် အားနာနာနဲ့ ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့တယ် ။ ဘာလည်း ဆိုတာတော့ ပုံမှာမြင်ရတဲ့အတိုင်းမဖွင့်ကြည့်ရသေးပါဘူး ။

ဒီလိုနဲ့ “ သူ့အတွေးတစ ” အစီအစဉ်မှာ အသံလွှင့်ဖို့အတွက် အသံသွင်းခဲ့ပြီးပါပြီ ။ ကျွန်တော့်အသံကြီးနဲ့ဆိုတော့ နည်းနည်းတော့ သည်းခံပေးကြပါ သောတရှင်များ ခင်ဗျာ :P

လွှင့်မည့်ရက်တွေကတော့

တနင်္လာနေ့ - မနက် ၈း ၃၀
ဗုဒ္ဓဟူးနေ့ - မနက် ၉း ၃၀
သောကြာနေ့ - ညနေ ၆း ၀၀ ဖြစ်ပါတယ် ။

ဘယ်အပတ်မှာ ကိုယ့် ဆောင်းပါးလွှင့်ဖြစ်မလဲဆိုတာကို ဆက်သွယ်ပြီးပြောပါ့မယ်တဲ့ ။ VOA နဲ့ အင်တာဗျူးပြီး ကတည်းက ဒါဒုတိယအကြိမ်မြောက် အင်တာဗျူးပြီး အသံလွှင့်ခြင်းဖြစ်ပါတယ် ။

သက်တန့်ချို
(ကိုယ့်အသံကိုယ်နားထောင်ကြည့်မှ အသက် ၂၇ နှစ်ကျော်လူငယ်တစ်ယောက်အသံမဟုတ်ပဲ အသက် ၃၅ လောက်လူကြီးအသံဖြစ်နေသလိုပဲ ဧကာန အသံကြီးလို့ဖြစ်ပါလိမ့်မယ် :P)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. နားထောင်လိုက်မယ် မောင်သက်တန့်ရေ အသက်ကြော်ငြာလေး တွေ့လိုက်သလိုပဲ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဒို့လည်းနားထောင်မယ်

    ReplyDelete
  3. မြတ်နိုးသူ(MUFL)August 22, 2012 at 11:41 AM

    နားထောင်လိုက်မယ်နော်အစ်ကိုဒီနေ့မမှီတော့ဘူး
    သောကြာနေ့ကျမှသေချားနားဆင်လိုက်ပါ့မယ်
    အားပေးသွားပါတယ်နော်

    ReplyDelete
  4. မြတ်နိုးသူ(MUFL)August 22, 2012 at 11:42 AM

    မောင်သက်တန့်ရေ
    နားထောင်လိုက်ပါမယ်နော်
    အားပေးသွားပါတယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  5. Congratulations!!!

    I wish I can listen to it from some sort of online program.

    ReplyDelete
  6. လက်ဆောင်က မဖွင့်ရသေးဘဲလာပြစရာလားလို့...ကျေးဇူးအချိန်သိရတော့ ကြိုရှောင်ရတာပေါ့ ဒေါက်တာ..ဟိဟိ နောက်တာနော်..။

    ReplyDelete