Wednesday, August 22, 2012

ရည်မှန်းချက်ပန်းတိုင်

ရည်မှန်းချက်ပန်းတိုင်



ဟိုး လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်လောက်တုန်းကပေါ့ ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ရည်မှန်းချက်ပန်း တိုင်တစ်ခုကို သူချမှတ်တယ် ။ အဲဒီအချိန်လောက်တုန်းက အမေရိ ကန် ကြေးစား ဘော လုံးလောက (ရပ်ဂဘီဘော ) မှာ ဂျင်မ်ဘရောင်းဟာ အရမ်းကိုနာမည်ကျော်ကြား တဲ့ နောက်တန်း အလယ် လူဖြစ် တယ်။ ပိန်ပိန်ညှောင်ညှောင်နဲ့ကောင်လေးတစ်ယောက် ဂျင်မ်ဘရောင်း ဆီက အော် တိုလက်မှတ် လို ချင်ခဲ့တယ် ။ အဲဒီအော်တိုလက်မှတ်လိုချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် ကို ပြည့်ဖို့အ တွက် ကောင်လေး မှာ အခက်အခဲတွေအများကြီးကျော်ဖြတ်ရမှာဖြစ်တယ် ။

ကောင်လေးဟာ လူမည်းအသိုင်းအ၀န်းမှာ ကြီးပြင်းလာရသူဖြစ်ပြီး ဆင်းရဲလွန်းတဲ့အတွက် ဘယ်သောအခါမှ အစားအစာကို ၀၀ လင်လင်မစားခဲ့ရဘူး ။ အဲဒီလိုနဲ့ အာဟာရချို့တဲ့လာမှုကြောင့်သူ့မှာ အရိုးပျော့ရော ဂါတစ်မျိုး ခံစားလာရတယ် ။ သူ့ရဲ့အရိုးပေါ်အရေတင်ခြေထောက်လေးဟာ ခွင်ခွင် ကလေးဖြစ်နေခဲ့ပြီး သံမဏိ သံချောင်းထိမ်းတံတွေနဲ့ ကျားကန်ပေးထားရတယ် ။ သူ့မှာ ဆင်းရဲလို့ ပိုက်ဆံလည်း မတတ်နိုင် တဲ့အတွက် ဘောလုံးပွဲကို ၀င်ကြည့်ဖို့ လက်မှတ်ဖိုးလည်းမတတ်နိုင်ခဲ့ဘူး ။ အဲဒါကြောင့် ဂျင်မ်ဘရောင်းဘော လုံးကစားပြီးလို့ ပြန်တက်လာတဲ့အချိန်ထိ တွေ့ဆုံဖို့ အ၀တ်လဲခန်းထဲကနေ စိတ်ရှည် ရှည်နဲ့စောင့်နေခဲ့တယ် ။

ဂျင်မ်ဘရောင်းနဲ့တွေ့တော့ အော်တိုရေးပေးဖို့ ယဉ်ကျေးစွာ နဲ့ပြောခဲ့တယ် ။ ဂျင်မ်ဘရောင်း လက်မှတ် ထိုးနေတဲ့အချိန်မှာ ကောင်လေးက ပြောတယ် ။

“ မစ္စတာဘရောင်းရေ ခင်ဗျားကို ကျွန်တော်က အရမ်းကြိုက်တာဗျ ခင်ဗျားပုံကို ကျွန်တော့် အခန်းက နံရံတွေမှာ ချိတ်ထား တယ်ခင်ဗျ စံချိန်တွေအများကြီးတင်ပြီး ဆုတွေအများကြီးရခဲ့တာလည်း ကျွန်တော်သိပါတယ် ခင်ဗျားက ကျွန်တော်အလေးစားဆုံးလူတစ်ယောက်ပါဗျာ ”

ဂျင်မ်ဘရောင်းက ပြုံးပြီးနားထောင်လိုက်တယ်ပြီးတော့ထွက်သွားဖို့ပြင်လိုက်တယ် ။ ဒါပေမယ့်ကောင်လေးက မပြီးသေးပဲဆက်ပြောတယ် ။ “ ကျွန်တော်တစ်နေ့ကျရင်တော့ မစ္စတာဘရောင်းတင်ထားတဲ့စံချိန်တွေ အားလုံး ကို ကျွန်တော်ချိုးမယ် ” လို့ ရဲဝံ့စွာပြောလိုက်တယ် ။

ဘရောင်းက အံ့သြသွားပြီး မေးတယ် ။ “ သားနာမည်က ဘယ်လိုခေါ်လဲ ”

“အိုရင်သယ်ဂျိမ်းစ်ပါ သူငယ်ချင်းတွေက ကျွန်တော့်ကို အိုဂျေလို့ပဲခေါ်ကြပါတယ် ” ကောင်လေးကပြန်ပြောတယ် ။

-----------------------------------

နောက်ပိုင်းမှာ အိုဂျေဆင်မဆင်ဆိုတဲ့ အရိုးပျော့ကောင်လေးဟာ တကယ့်ကို ထူးချွန်ထင်ရှာ တဲး့ ဘော လုံးသမားတစ်ဦးဖြစ်လာခဲ့တယ် ။ ထိခိုက်ဒါဏ်ရာတစ်ခုကြောင့် ဘောလုံးလောက ကနေ စောစော စီးစီးနှုတ်ထွ့က် လိုက်ရပေမယ့် အဲဒီအချိန်မှာ ဂျင်မ်ဘရောင်းတင်ခဲ့တဲ့ စံချိန်တွေထဲက ၃ ခုကလွဲလို့ အားလုံးကို သူချိုးနိုင် ခဲ့တယ် ။

*****************************************

လူတွေကို စိတ်ဓါတ်တတ်ကြွလာအောင်နဲ့ ကိုယ့်ရဲ့ အခြေအနေဆိုးတွေက ရုန်းထွက်နိုင်အောင်အကောင်းဆုံး ခွန်အားပေးနိုင်တာ ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ် ။

လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်သေးတာနဲ့မဖြစ်သင့်တာပဲရှိလိမ့်မယ် ။ ဒါကြောင့် သင်လည်း ဘ၀မှာ ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို တိတိကျကျချမှတ်ပါ အားသွန်ခွန်စိုက်ကြိုးစားပါ ။ တချိန်မှာ ကိုယ်မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေက ကိုယ့်ရဲ့ကြိုးစားမှုကြောင့် တကယ်ဖြစ်လာတာကို သင်တွေ့ရမှာပါ ။

သက်တန့်ချို
စာရေးသူ ဒန်ကလာ့ခ် ရေးသားသော Make It Come True အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အရမ်းကောင်းပါတယ်။ အားပေးလျှက်ပါ

    ReplyDelete
  2. အန်တီလေးမေခင်August 25, 2012 at 5:56 PM

    လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်သေးတာနဲ့မဖြစ်သင့်တာပဲရှိလိမ့်မယ်
    အာပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  3. မြတ်နိုးသူ(MUFL)August 25, 2012 at 5:57 PM

    တချိန်မှာ ကိုယ်မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေက ကိုယ့်ရဲ့ကြိုးစားမှုကြောင့် တကယ်ဖြစ်လာတာကို သင်တွေ့ရမှာပါ ။
    အာပေးသွားပါတယ်နော်အစ်ကို

    ReplyDelete
  4. ကိုယ့်ရဲ့ရည်၇ွယ်ချက် ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ပါ၊ အားသွန် ခွန်စိုက် ကြိုးစားပါ ၊ that righ........, Fighting!
    ကိုယ့်ကိုယ် ကိုယ်ပြန် အားသွင်းတာပါ၊

    ReplyDelete