ဒါလေးတွေကို ယုံပါတယ် ။
ကိုယ်ယုံကြည်ရတဲ့ အရာလေးတွေကို တဂ်ထားခြင်းဖြစ်ပါတယ် ။ တဂ်သူကတော့ တယ်ရင်းကြီး ပန်းရင့်ရောင်ဖြစ်ပါတယ် ။ လူဆိုတာ ကိုးကွယ်ယုံကြည်မှုရှိမှ အသက်ရှည်ရှည်နေထိုင် နိုင်ပါတယ်တဲ့ ။ လူတိုင်းလူတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ တစ်ခုတော့ ရှိကြစမြဲပါပဲ ။ ဒီလိုယုံကြည်မှုဟာ ယနေ့မှ ၀ုန်းကနဲဆိုပြီး ပေါ်ပေါက်လာရခြင်း မဟုတ်ပါဘူး ။ ဟိုး ယခင်ကတည်းက လူသားတွေဟာ မြေကိုကိုးကွယ်ကြတယ် .. မီးကို ကိုးကွယ်ကြတယ် .... လေကို ကိုးကွယ်ကြတယ် ... သစ်ပင်ကိုကိုးကွယ်ကြတယ် ... ရုပ်ထုကို ကိုးကွယ်ကြတယ်... ။ အမျိုးမျိုး အဖုံဖုံပေါ့ ။ တစ်ချို့ကလည်း ပြောတယ် ။ လူဟာ အလုံးစုံကို သိသွားရင် အရာအားလုံးကို သိသွားရင် ဘာသာမဲ့ဖြစ်သွားတတ်တယ်တဲ့ ... ။ ကဲဒါဆို ကျနော်ကလည်း ဘာတွေကို ယုံကြည်ပါသလဲ ။
၁ ။ ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်းဆိုးခြင်းတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို တနေရာရာကနေ တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ် ။
ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ ။ ဒါကိုတော့ ကျွန်တော် ယုံကြည်လက်ခံထားပါတယ် ။ ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ။ ဟိုးရှေးရှေး တုန်းကပေါ့...။ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ အဲဒီ ဘုရင်ကြီးမှာ အသိဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီးတစ်ဦး ရှိသတဲ့ ။ သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့အတွက် တိုင်းသူပြည်သားအားလုံးက ချစ်ခင်လေးစားကြတာပေါ့ ။ သူတို့တိုင်း ပြည်မှာ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတစ်ပါးလည်း ရှိပါသတဲ့ ။ ဘုရင်ကြီး က သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာပေးထားပါတယ် ။ ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်းအားတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းမှေး မှိန်လာပါတယ် ။ အဲဒီတော့ ဘုရင်ကြီး ကပရောဟိတ်ကို အမျက်မှန်ဒေါသ ပွားပါတယ် ။ အဲဒါနဲ့ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ်သတ်ဖို့ ကြံစည်ပါတယ် ။ တစ်နေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ဆိုပြီး မုန့်လုံးတွေ ပေးတော်မှုလိုက်တယ် ။ အဲဒီမုန့်လုံးတွေမှာတော့ အဆိပ်တွေခပ် ထားတာပေါ့ ။ ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလိုစိတ်သဘော ထားနေမှန် မထင်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်တယ် ။ အပြန်လမ်းတလျောက်မှာ သူက ဒီအစားအစာတွေကို သူတို့ကိုးကွယ်တဲ့ ရဟန်း ကြီးကို ဦးဦးဖျားဖျား ဆပ်ကပ်လိုတဲ့အတွက် ကျောင်းသင်္ခန်းကို လှမ်းလာပါတယ် ။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့ ။ အဲဒီအချိန်မှာပဲ တောကစားရာကပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့အတွက် စားစရာစွန့်ပေးပါရန် တောင်းပန်လျောက်ထားပါတယ် ။ ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့ ။ သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ် ။ စားပြီးမ ကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေထွက်လာပြီး သေဆုံးသွားပါတယ် ။ ရဟနုးနဲ့ ပေ၇ာဟိတ်ကြီးလည်း အလွန်ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင်သွားပါတယ် ။ ဘုရင်ကြီးဆီလည်းရောက်ရော... ပေ၇ာဟိတ်ကြီးက အရှင်မင်းမြတ်စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အားဆပ်ကပ်ကြောင်း ထိုမှတဆင့် သားတော်ရောက်လာပြီး မုန့်စွန့်ရန်လျောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အားကျွေးမိပါကြောင်း လျောက်ထားသတဲ့ ။ ဒီအခါမှ ဘုရင်ကြီးလည်း အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာပါ၏တကား ..လို့ ပြောဆိုပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါတဲ့ ။သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ်ဆိုတဲ့ အတိုင်းပါပဲ ။
၂ ။ ကံကံ၏ အကျိုး
ကျနော်က ကံကံ၏ အကျိုးကိုယုံပါတယ် ။ ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက် ကိုယ်က ကောင်းသောအလုပ် မွန်မြတ်သောအလုပ်လုပ်ရင် ကိုယ့်ကံကလည်း ကောင်းသောကံ မွန်မြတ်သောကံ တွေ ရောက်လာပါတယ် ။ ကိုယ်ကယုတ်ညံ့နေပြီဆိုရင်တော့ ကံဆိုးကံယုတ်တွေ ရောက်လာမှာဖြစ်ပါတယ် ။ ရှေးဘ၀က ကုသိုလ် သီလကြောင့် ဒီဘ၀မှာ ဆင်းရဲ ချမ်းသာ ရုပ်ဆိုး ရုပ်ချော ကွဲပြားနေရပေမယ့် ဒီဘ၀မှာ ကုသိုလ်နဲ့အလုပ်ကို ကောင်းအောင်ကြိုးစားရင် ကံက ကိုယ့်ဖက်မှာ အလိုလို ရောက်ရှိလာမှာ ဖြစ်ပါတယ် ။
၃ ။ အနန္တော အနန္တ ငါးပါး ဂုဏ်ကျေးဇူး
ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့ ငါးပါးရဲ့ ဂုဏ်ကျေးဇူးကို လွန်စွာ ယုံကြည်ပါတယ် ။ ကိုယ်က တကယ်ပဲ ဘုရားရှင်ကို ယုံကြည်တာလား ဒါမှမဟုတ် မိဘအဆက်ဆက်က ကိုးကွယ်လာလို့ ဆက်ပြီးကိုးကွယ်တာလား ဆိုတာကိုတော့ပြန်ပြီး စစ်ကြည့်ဖို့လိုတာပေါ့ ။ ဘုရားရှင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖူးပွင့်လာတဲ့အတွက် တစ်ချို့က ဒီသက်သေ အထောက်အထားတွေ ကျမ်းဂန်တွေကို မယုံကြည်ကြဘူး ။ ဘာပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်မိမိကိုးကွယ်တဲ့ ဘာသာ ကိုတော့ ထဲထဲဝင်ဝင်လေ့လာ သင့်ပါတယ် ။ ကျနော်လည်း လေ့လာနေပါတယ် ။ လူတိုင်းမငြင်းနိုင်တဲ့အချက်ကတော့ ကိုယ် ဘေးဒုက္ခတွေ ကြုံလာတဲ့အခါ ဘုရားတရားသံဃာ မိဘဆရာ ငါးပါးကို တမ်းတမိလိုက်တာနဲ့ ရင်ထဲမှာ အေးချမ်းသွားပြီး ဒုက္ခတွေ ငြိမ်းအေးသွားတာကိုတော့ ကျနော်လည်း ၀န်ခံပါတယ် ။ ဒါကြောင့် ဘာပဲကိုးကွယ်ကိုးကွယ် ယုံကြည်ယုံကြည် အနှစ်ချုပ်ကတော့ ငြိမ်းချမ်မှုနဲ့ သနားကြင်နာချစ်ခင်မှု ပဲဖြစ်ပါတယ် ။
စာရေးသူ.....သက်တန့်ချို.....(၂း၀၀ မနက် ၂.၁၁.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လေးစားပါတယ်..သက်တန့်ရေ...
ReplyDeleteမင်္ဂလာပါ ကိုသက်တန့် ရေ...
ReplyDeleteကံ ကံ၏အကျိုးကို ယုံကြည်ခြင်း..
ငါးပါး အနန္တ၏ ဂုဏ်ကျေးဇူးကို သိခြင်း... ဖြင့်
ကောင်းကျိုးချမ်းသာ အဖြာဖြာသည် မတောင်းဘဲ ပြည့်သည့် ဆုများအဖြစ် ကိုသက်တန့် အတွက် ရရှိခံစား ရမှာ မလွဲပါ..
ခင်မင်စွာဖြင့်
ကိုမျိုး
သယ်ရင်းရေ.... ပူးတေနဲ့ တူတယ်နော်။ မေတ္တာရဲ့ အကျိုးတရားကိုလဲ ယုံတယ်။
ReplyDeleteမေတ္တာရဲ့ အကျိုးတရားကိုလုံးဝယုံပါတယ်
ReplyDeleteအမထင်နေတာ .. :P
ReplyDeleteယုံကြည်တာတွေ ရေးရတယ်လား .... တူတယ်ဗျ .... ယုံကြည်မှုချင်း .... :)
ယုံကြည်ရာကိုလာဖတ်သွားတယ်အစ်ကို
ReplyDeleteယုံကြည်မှု့ခြင်းတူပါတယ်
း)
အကုသိုလ်အကျိုးပေးများ တယ်လည်းကြောက်ဖို့ကောင်းပါတယ်
ReplyDeleteဘုရင်ကြီးနဲ့ပရောဟိတ်ပုံပြင်ကိုဖတ်ပြီးဆင်ခြင်မိသွားတယ်
သက်တန့်ရေ
ReplyDeleteရေးပေးတာ ကျေးဇူးတင်ပါတယ်.....
ယုံတာလေးတွေ တူတယ်....
ပုံပြင်လေးက ကောင်းတယ်
ပျော်ရွှင်ပါစေ သယ်ရင်းရေ...
ခင်တဲ့ ပန်းရင့်ရောင်
အင်းးးးးးး
ReplyDeleteကိုယ်စိုက်တဲ့ အတိုင်း ကိုယ်ပြန်ရိတ်ရတတ်တယ်တဲ့။
တို့တော့ ကြောက်တယ်။
မေတ္တာထားနိုင်အောင် ကြိုးစားရင်း ရန်ပဲ ထရှာနေမိတယ်ဟာ....
သာဓု သာဓု သာဓု
ReplyDeleteအဲဒါတွေကို တစ်ကယ့်ကို ယုံတာပါ...။ ကိုယ်ပေးသလောက် ကိုယ့်ပြန်ရမှာပေါ့နော်....။
ReplyDelete