Thursday, November 5, 2009

နှာခေါင်းသွေး လျှံခြင်း (Epistaxis)

နှာခေါင်းသွေး လျှံခြင်း (Epistaxis)



နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။

ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ။



နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ် ။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာ အိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ ဆောင်လရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ် ။ တခါတရံမှာလည်း အပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ ။



# ပိုးဝင်ခြင်း
# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း
# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း
# သွေးပေါင်ချိန်များခြင်း (High blood pressure)
# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)
# အရက်အလွန်အကျွံသောက်သုံးခြင်း
# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။


နှာခေါင်းသွေး လျှံရင် ဘာလုပ်မလည်း ။

နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။

သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။ သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။

ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ် ။ သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။

နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ ။

၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။
၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။
၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။
၎ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )
၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။
၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။
၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။
၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဥာဏ်တောင်းပါ ။
၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine
ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။
၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၄.၁၁.၀၉)

Ref; Medicinenet
; Wikipedia

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. ကိုသက်တန့်ချိုရေ ဆွေနှာခေါင်းကတော့ သွေးလျှံနေမှန်းမသိလိုက်ပဲ နှာခေါင်းမှာခိုးလို့ခုလုဖြစ်နေလို့ ကြည့်လိုက်မှ သွေးတွေဖြစ်ဖြစ်နေတယ်။
    ခဏခဏတော့အဖြစ်များလာတယ်။အရင်ကတော့ကျဲတယ်။ ခုတော့ ၁ လမှာ ၄ ခါလောက်တော့ အဲလိုဖြစ်နေတယ်။
    ကိတ်စကြီးကြီးမရှိဘူးမဟုတ်လားဟင်။ဆေးခန်းလဲမပြဖြစ်ဘူး။သူဘာသာသူပျောက်ပျောက်သွားလို့..ဒီနေ့မနက်တောင်ဖြစ်သေး.

    ReplyDelete
  2. ရေခဲသာကပ်ပေး ဆွေလေးမွန်ရေ...အကိုက်အခဲပျောက်
    ဆေးတွေ သောက်နေရင်လည်း ခဏလောက်ရပ်ထားပါနော်... သိပ်တော့မစိုးရိမ်ပါနဲ့ ရာသီ
    ဥတုနဲ့လည်းဆိုင်ပါတယ်။

    ReplyDelete
  3. သက်တန့်ချိုရေ လာဖတ်သွားပါတယ်။ ဒီလို ကျန်းမာရေးပညာပေး ပို့စ်လေးတွေ ရေးရင် Public Health in Myanmar မှာ စာဝင်ရေးဖို့ တိုက်တွန်းချင်ပါတယ်။ အစ်မ C-Box မှာ လိပ်စာထားခဲ့မယ်။ သွားလည်ကြည့်ပြီး ဆန္ဒရှိရင် Contributor လုပ်ချင်တဲ့အကြောင်း C-Box မှာ အီးမေးလ် လိပ်စာထားခဲ့ပါ။ ဒါဆိုရင် Admin က ဖိတ်ခေါ်တဲ့ စာပို့လိမ့်မယ်။ သက်တန့်ချို အခုဒီပို့စ် အပါအ၀င် သက်တန့်ချို တင်ပြီးသားပို့စ်တွေကို ပြန်တင်လို့ ရပါတယ်။ အစ်မကတော့ သက်တန်ချိုကို ၀င်ရေးစေချင်တယ်။

    ReplyDelete
  4. ဆောရီး သက်တန့်ချို အပေါ်က okn နဲ့ ပေါ်နေတဲ့ Comment က အစ်မမှတ်ချက်ပါ။ အမျိုးသားနဲ့ ကွန်ပြူတာ တလုံးတည်းသုံးတော့ သူသုံးပြီး log off မလုပ်ခဲ့လို့ အခုလို ဖြစ်သွားတယ် ဆောရီးပဲ။

    ReplyDelete
  5. ကျေးဇူးပဲသက်တန့်ရေ..
    ဆိုင်မှာ နွေရာသီဆိုရင် ဧည့်သည်တချို့နှာခေါင်းသွေးလျှံလေ့ရှိတယ်..
    သက်တန့်ပြောတဲ့နည်းတွေကိုမှတ်ထားပါ့မယ်..
    အထောက်အကူရတာပေါ့...
    ဖြစ်နိုင်မယ်ဆိုရင် “FOOD ALLERGY TO GLUTEN”အကြောင်းလေး ရေးပေးပါနော်..
    ဧည့်သည်အတော်တော်များများ နဲ့ရင်ဆိုင်နေရတော့ အန္တရာယ်ဖြစ်ခဲ့ရင် ကာကွယ်လို့ရအောင်လို့ပါ။။။
    လေးစားစွာဖြင့်..

    ReplyDelete
  6. ကျန်းမာရေးအသိတွေတိုးလာစေတဲ့အတွက်
    ကျေးဇူးပါနော်...

    ReplyDelete
  7. မင်္ဂလာပါ ကိုသက်တန့် ရေ...

    နှာခေါင်းသွေး လျှံခြင်း အကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရတာ အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျား။
    ငယ်ငယ်တုန်းက အညာမှာ ..ကျနော်ကိုယ်တိုင် နှာခေါင်းသွေးလျှံတာ ခဏ ခဏပါ။ ဘယ်သူက ဘယ်လို နည်းတွေပေးခဲ့ကြတယ်တော့ အသေအချာ မသိတော့ပါ... ဟာ..ဒီကောင်လေး နှာခေါင်းသွေးတွေ လျှံနေတယ်... နောက်ချေး (နွားချေး) ချပ် အခြောက်ကို ရှုလိုက်တဲ့... )... ဘာမှ ကျန်းမာရေး ဗဟုသုတ မရှိကြတော့ သူများပြော အဟုတ်ထင်ပြီး ကိုယ်တိုင် ရှူခဲ့သေးတာဗျို့...
    ၈ တန်းအောင်ပြီးကတည်းက နှာခေါင်းသွေးမယိုတော့ပါ..အခုအချိန်ထိပေါ့... အိမ်က မေမေက မန္တလေးက ဆရာဝန်ကြီးဆီ သွားပြီး ပြသပေးလိုက်လို့ပါ... ဒီပို့စ်လေးကို ရွာကလူတွေဆီ ဝေမျှပေးခွင့် ပြုပါဗျာ.. အခုထိများ နွားချေးချပ် အခြောက်ကို ရှုနေကြသေးလားတော့ အသေအချာ မသိပါ..

    ကျေးဇူးတင် ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  8. ဗဟုသုတရပါတယ်...ကိုယ်တိုင်မဖြစ်တောင် သူများဖြစ်နေရင် နည်းနည်းတော့ အထောက်အကူပြုပေးနိုင်တော့ပေါ့.... ကျေးဇူးပါ ကိုသက်တန့် ရေ..

    မေသူလဲ မအားတာနဲ အိမ်တွေသိပ်မလည်ဖြစ်ဘူး..အမြဲရောက်ဖြစ်ပါတယ် ကိုသက်တန့် အိမ်ကို...ခြေရာသာမချန်ခဲ့တာပါ...

    ReplyDelete
  9. သယ်ရင်းရေ...
    ကျေးဇူးတင်လိုက်တာ။
    ငါလဲ နှာခေါင်းသွေးတွေ လျှံတတ်တယ်။
    ငါ့ချစ်မကြီး မနှင်းလဲ အဲလိုပဲ။ သူက င့ါထက်ပိုဆိုးတယ်။
    ငါအားလုံးကို ပြန်မျှဝေလိုက်တယ်နော်။ ကျေးကျေးစ်သယ်ရင်းးးး

    ReplyDelete
  10. သက်တန့်ရေ
    ကလေးတွေ နှာခေါင်းသွေးလျှံတာရော ဘာကြောင့်လဲဟင်။ အိမ်မှာ မောင်းလေးဝမ်းကွဲလေးက ခဏခဏ ဖြစ်တယ်လေ။ သူဖြစ်လာရင်တော့ ငြိမ်ငြိမ်လေးနေခိုင်းပြီး ရေခဲလေးကပ်ကပ်ပေးတယ်။ လူလေးက ပိန်ပိန်လေးရယ်။ ၈ နှစ်သားပဲရှိသေးတယ်။ ပုံမှန်ကလေးတွေနဲ့ တန်းတူလောက်စားနိုင်တယ်။ ကလေးအားဆေးတွေဆိုလဲ စုံနေပြီ။ ဒါပေမယ့်သူက လုံးဝအသားဖြစ်မလာဘူး။ အရပ်ချည်းပဲ ရှည်ရှည်ထွက်လာတယ်။ ဒီနှာခေါင်းသွေးလျှံတာနဲ့များ ဆိုင်မလားလို့။ ဆော့တာတော့ ဆော့သလားမမေးနဲ့။

    ReplyDelete
  11. မောင်လေး ကော်ပီလုပ်ယူသွားတယ်နော်။ အစ်မမောင်လေးလည်း ခဏခဏဖြစ်တယ် ။ သေချာပြန်ဖတ်လို့ရအောင်လို့ပါ။ နော်... ကျေးဇူးတင်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  12. မင်းလတ်December 21, 2010 at 4:26 PM

ုကိုသက်တန်.ရေ..

    တခါမှလဲ comment မပေးဘူးပါဘူး နှခေါင်းသွေးလျှံတဲ.အကြောင်းတွေ.လို.သိချင်တာလေးမေးချင်လို.ပါ ကျွန်တော.ဘယ်ဘက်နှာခေါင်းအလယ်နှာနကယောင်ပြီးအသက်ရှူကတာလုံးဝမ၀ဘူးဖြစ်နေတယ် ၁နှစ်လောက်ရှိပါပြီ အရမ်းအေးတဲ.နေရာမှာနေလို.လားမသိဘူး လက်ညှိုးလေးတောင်သွင်းလို.မရအောင်ကျဉ်းနေတာဘာဖြစ်တာပါဘဲကိုသက်တန်.ရေ မနာမကျင်ဘဲနဲ.ယောင်နေတာ COMMENT မှာမေးရတာအားတော.နာပါတယ်
    ကျေးဇူးတင်ပါတယ်
    မင်းလတ်

    ReplyDelete
  13. snwchitthu88@gmail.comMarch 20, 2012 at 12:52 PM

    ကိုသက်တန့်ညီမကတောနှာခေါင်းသွေးမလျှံ
    တတ်ပါဘူးဒါပေမယ့်သူငယ်ချင်းတစ်ယောက်ကတော့ခဏခဏလျှံတယ်ကိုသက်တန့်ပြောတာ
    တွေကိုမျှဝေပေးလိုက်မယ်နော်

    ReplyDelete
  14. ကိုသက်တန့်ပြောတာ
    တွေကိုမျှဝေပေးလိုက်မယ်နော်

    ReplyDelete