Friday, October 1, 2010

၃ နှစ်အတွင်းပထမဆုံးအကြိမ်အပြင်ထွက်ခွင့်ရတဲ့ အ၀ဆုံးထိုင်းအမျိုးသမီး

၃ နှစ်အတွင်းပထမဆုံးအကြိမ်အပြင်ထွက်ခွင့်ရတဲ့ အ၀ဆုံးထိုင်းအမျိုးသမီး





Umnuayporn Tongprapai လို့ခေါ်တဲ့ ထိုင်းအမျိုးသမီးဟာ အ၀လွန်ရောဂါကိုခံစားနေရပြီး ဘန်ကောက်မြို့မှာ လူနာတင်ယဉ်ပေါ်သို့ ၀န်ချီစက်အကူအညီနဲ့ရွေ့ပြောင်းနေခြင်းဖြစ်ပါတယ် ။ ၂၇၄ ကီလိုဂရမ် (၆၀၂.၈ ပေါင်) လေးတဲ့ ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံမှာ အ၀ဆုံးအမျိုးသမီးဖြစ်ပြီး သူမဟာ အိမ်ခန်းထဲကနေ သုံးနှစ်အတွင်း ယခုလို ပထမ ဆုံးအကြိမ် အပြင်ထွက်ခွင့်ရခြင်းပဲဖြစ်ပါတယ် ။ ကြာသပတေးနေ့က ဘန်ကောက်မြို့တော် မှဝန်ချီစက်တွေအကူအညီနဲ့ ရွေ့ပြောင်း ခဲ့ရခြင်းဖြစ်ပါတယ် ။




သူမနေထိုင်ရာ သုံးထပ်မြောက်ကနေပြီး ထရော်လီအကူအညီနဲ့ သယ်ချနေပုံဖြစ်ပါတယ် ။



ထိုင်းနိုင်ငံမှ Volunteer တစ်ယောက်က သူမကို ကူညီပြီးရွေ့ပြောင်းပေးနေပုံပဲဖြစ်ပါတယ် ။

သက်တန့်ချို
1st Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဘုရားသခင် အလိုတော် အတိုင်းပါပဲ။

    ReplyDelete
  2. အဲ့လောက်တောင် ဝ တယ်...
    လမ်းတောင် လျှောက်လို့ မရဘူးဆိုတော့...
    သူ့ဘဝကြီးကလည်း တစ်မျိုးပဲနော်....

    ReplyDelete
  3. ကျမလည်း အဲလို ၀ တဲ့အဖွားတစ်ယောက်တွေ့ဖူးတယ်။ သူက ပညာရေးဘက်မှာဆိုရင် ပြောစရာမလိုအောင် အရည်အချင်းပြည့်စုံတယ်။ ဒါပေမဲ့ တစ်အားဝတော့ လမ်းမလျှောက်နိုင်ဘူး အိပ်ယာထဲမှာတစ်နေကုန်လှဲပြီး တော့ စာပဲဖတ်နေတယ်။ သူသာ အ၀လွန်ရောဂါ မရှိခဲ့ရင်တော့ လူ့အသိုင်းအ၀ိုင်းတွက် အကျိုးပြုမဲ့ပုဂ္ဂိုလ် တစ်ယောက်ပါ။

    ReplyDelete
  4. snwchitthu88@gmail.comMarch 20, 2012 at 2:19 PM

    ဒီလောက်ဝနေတာရောဂါဘယဘာမှမဖြစ်လို့
    တော်သေးတယ်နော်ဥပမာသွေးတိုးတို့ဘာတို့ပေါ့

    ReplyDelete
  5. ကိုသက်တန့်ရေ....အကြောင်းအရာနဲ့ဖော်ပြထားတဲ့ပုံတွေက တခုခုလွဲမှားနေသလိုပဲ။ အကြောင်းအရာက ထိုင်းမှာဖြစ်တယ်လို့ပြောထားပြီး ပုံတွေရဲ့ ညာဘက်ထောင့်မှာက တရုတ်စာနဲ့ပြီးတော့ Chinanews.comလို့လည်း ပုံမှာဖော်ပြထားတာတွေ့ရတယ်။ ဒီသတင်းအမှန်လို့ဘယ်လိုယုံရမှာလဲဟင်။ ဒီသတင်းကို အသေအချာပြန်စစ်ဆေးကြည့်ပေးစေချင်ပါတယ်။ ပုံနဲ့တင်ထားတဲ့စာ လွဲနေတယ်လို့မြင်ပါတယ်။

    ReplyDelete