Monday, August 29, 2011

Blog Day (Tagged by White Angel)

Blog Day (Tagged by White Angel)





August 31 တွင်ကျရောက်သော Blog Day အားလှိုက်လှဲစွာကြိုဆိုပါ၏ ။ ဘလော့တွေမှာ ဘလော့ဒေး အကြောင်းရေးနေတာတွေ့တော့ စိတ်ဝင်တစားနဲ့လိုက်ဖတ်မိပါတယ် ။ တစ်ယောက်ယောက်ရဲ့ လက်စာတော့ မိမှာပဲ လို့ တွေးရင်း ဟီးး နောက်ဆုံး အစ်မ အိန်ဂျယ်ရဲ့ လက်စာ တဂ်တာ မိသွားပါတယ် ။ ဘလော့တွေ ဖြစ်ပေါ်လာပုံနဲ့ ဘလော့ဒေးအကြောင်းကို ဘလော့တော်တော်များများမှာ ရေးထားပြီးသားဖြစ်တဲ့အတွက် ထပ် မရေးတော့ပါဘူး ။

ကျွန်တော့်ဘလော့လေးစတင်ဖြစ်ပေါ်လာပုံနဲ့ ဘလော့စပေါ့မှာ ဒိုမိန်းအခွံအုပ်တဲ့အကြောင်းလေးရေးချင်ပါတယ် ။ အင်တာ နက်စသုံးခါစကပေါ့ အဲဒီတုန်းက Ning ဆိုက်တွေက ဖရီးပေးတယ် ။ လူတိုင်း Ning ဆိုက်တွေ ထောင်ကျတာပျော်စရာကြီးပါပဲ ။ ကျွန်တော်ကလည်း ဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့ Ning ဆိုက်လေး တစ်ခုထောင် ထားတယ်။ အခုတော့မရှိတော့ပါဘူး ။ ဘလော့ကိုရူးသွပ်သွားတာကတော့ အဲဒီလိုကိုယ် ပိုင်ဘလော့လေးတွေလုပ်လို့ရရတယ်ဆိုတာ ပြောပြတာကတော့အစ်မ ဆောင်းပြာသိုပါ ။ သူ့ဆိုက်က www.soungpyartho.wordpress.com ပါ ။ ကျွန်တော်လည်း ဝေါပရပ်မှာ လုပ်တာပေါ့ ။ ဒါပေမယ့် မကြိုက်ဘူး ဗျ ဘယ်လိုကြီးမှန်းကိုမသိဘူး ရှုပ်နေသလိုခံစားရတယ် အပြည့်အ၀ Customize လုပ်လို့မရဘူး ဒီတော့ Multiply ရောက်သွားတယ် ။ အဲဒီမှာလည်းကဗျာလေးတွေရေးလိုက် စာလေးတွေရေးလိုက်နဲ့ လူက အတည် တကျကိုမဖြစ်သေးဘူး ။

အော် မေ့နေလို့ ပြောဦးမယ် သက်တန့်ချို နာမည်က ဘယ်လိုဖြစ်လာသလဲဆိုတာ ။ လူက ကြည့်တော့ ကျား ကျားယားယားကြီး နာမည်လေးက သက်တန့်ချိုတဲ့ အရင်က မေလ်း မှာ ကောင်လေးတွေ က အပ်ပြီး မမ သက်တန့် ဘာညာနဲ့ လာကြူကြသေးတယ် ။ မနည်းရှင်းရတယ် ။ နာ ယောင်္ကျား အစစ်ကြီးပါ ကွာဆိုပြီး ။ အဲဒီနာမည်ရ လာပုံလေးကဒီလိုပါ ။ ကျွန်တော်ဆေးကုမ္မဏီအတွက် ပထမဆုံး ပန်းနာရင်ကြပ်ဆောင်း ပါးလေးရေးပေး ဖူးတယ် ။ အဲဒီမှာ ဆရာဝန်ဟောက်ဆာဂျင်ကောင်လေးနဲ့ လူနာမလေး ဇတ်လမ်းပေါ့ ။ ပထမဆုံးရေးတဲ့ ၀ထ္ထုတိုလေးမှာ ပြီးတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ လည်းထည့်မှာဆိုတော့ မင်းသမီးနာ မည်ကို လှလှလေးပေးမယ်ပေါ့နော် ။ ပြီးတော့ သက်တန့်ချိုဆိုတဲ့နာမည်လေးကိုစဉ်းစားမိသွားတယ် ။ ဒါနဲ့ ကောင်လေး က ဒေါက်တာနိုင်ဇော် ကောင်မလေးက သက်တန့်ချိုဆိုပြီး ရေးထည့်လိုက်တယ် ။ ဟီးးး နောက် ပိုင်း blogspot မှာ ဘလော့လုပ်မယ်ဆိုပြီးရှာတွေ့သွားတော့ သက်တန့်ချို ဆိုတဲ့နာမည်လေးပဲ ဆက်သုံး ဖြစ်သွားတာပါ ။ ဘာရယ်ကြောင့်ကြီးရယ်လည်းမဟုတ်ပါဘူး ။ ကိုယ့်နာမည်အရင်းကြီးနဲ့ဆို ဘူမှ စာလာ ဖတ်မှာမဟုတ်ဘူးလေ ဟီးးးး။ (ပိုင်တယ်နော် :P)

ဒါနဲ့ပဲ သက်တန့်ချို ဆိုပြီးဘလော့လေးတစ်ခု ပေါ်လာခဲ့တယ် ။ ကျွန်တော်မှတ်မိသေးတယ် ။ အဲဒီ သက်တန့် ချိုဆိုတဲ့နာမည်လေး အသက်ဆက်နိုင်အောင် ကွန်းမန့်တွေ ပေးခဲ့ကြတဲ့ လာလည်ခဲ့ကြတဲ့ သူတွေ အခုထိတောင် မှတ်မိနေသေးတယ် ။ ပထမဆုံးဘလော့ကို လာလည်သူကတော့ အစ်မ အဖြူရောင်နတ် သမီးပေါ့ ။ ဘလော့ ကို အမြဲလာရောက်အားပေးပြီး ကွန်းမန့်တွေ ရေးပေးခဲ့တယ် ။ အစ်မ အိန်ဂျယ်ရဲ့ ဆိုက်ပရပ်က ဗဟုသုတတွေနဲ့ ကဗျာတွေ နောက်ပြီး ဘာပို့စ်ပဲ တင်တင် ဓါတ်ပုံတွေနဲ့ညှပ်ပြီးတင်တယ် ။ စာတွေကလည်း အဖြစ်သဘောမျိုးမဟုတ်ပဲ သေသေချာချာကို အရှည်ကြီးတွေနဲ့ ဗဟုသုတရအောင်ရေး ထားတော့ အမြဲပဲ ၀င်ဝင် ဖတ်တဲ့ ဘလော့တစ်ခုဖြစ်ပါတယ် ။ ပြီးတော့ ကိုမိုးလှိုင်ည ကျွန်တော့်ဘလော့မှာ ထည့်ထားတဲ့ငါးကန်လေးက ငါးလေးတွေကို နေ့တိုင်းအစာလာကျွေးတယ် အဲဒီတုန်းက ။ အခုတော့ flash တွေက လေးလို့ ဖြုတ်ထားတာ ။ ပြီးတော့ ဆက်ပြီးခင်မင်သွားသူကတော့အစ်မမေလေးပါ ။ သူ့ကဗျာတွေကို ကျွန်တော်က တအားကြိုက်တယ် ။ အဲဒီတုန်းက နာမည်ပြဿနာတွေ တူနေတဲ့ပြဿနာတွေ အတော်များတယ် ။ အစ်မမေလေး နာမည်တူ တဲ့ပြဿနာကို ၀င်ရှင်းပေးဖူးတယ် ။ အစ်မလည်းအခုတော့ အလုပ်တွေပိနေလို့ ပိုစ်တွေပုံမှန်မတင်နိုင် ရှာတော့ ဘူး ။ အစ်မနိုင်းနိုင်းစနေ ကိုလည်း အရင် က ယောင်္ကျားလေး ပဲထင်နေတာ ။ ဟီးးသူ့စီဘောက်မှာ သွား စကားပြောရင်း မှ မိန်းကလေးမှန်းသိရတယ် ။အပြင်မှာ လည်းတွေ့ဖူးပြီး သဘောကောင်းတဲ့ တိုင်းရင်းသူ အစ်မ ကြီးတစ်ယောက်ပါ ။ တောင်ကြီးရောက်ရင် ၀င်လည်ပါလို့ ဖိတ်ခေါ်ထားတယ် ။ နောက်ပြီး တော့ စာအရမ်းရေး တာတော်တဲ့ ရန်ကုန်သား ၊ ကိုလူထွေး ၊ သူငယ်ချင်း မလေး နှင်းဟေမာ သူတို့နဲ့ ခင်မင်ခဲ့ရတယ် ။ သားကြီး ၊ ကိုဟန် နဲ့ တကွ ဆက်လက်ပြီး ခင်မင်ခဲ့တဲ့ ဘလော့ဂါတွေအများကြီးပါပဲ ။

ဘလော့တွေကို အချိန်ပေးမလည်နိုင်တဲ့အတွက် တခြားဘလော့ဂါတွေလိုတော့ အသိမိတ်တွေအများ ကြီးမရှိခဲ့ ပါဘူး ။ အစ်မ ပန်ဒိုရာ ရဲ့ဘလော့က ကဗျာတွေကိုလည်းရင်းနှီးခဲ့ပြီး ၀က်ဝံလေး နဲ့ ကိုစိုင်းတို့ကိုလည်း အစ်မနိုင်း စီဘောက် ကတဆင့်ရင်းနှီးခွင့်ရခဲ့တယ် ။ ဒဏ္ဍာရီ ( အစ်မရှင်မွှေးကြူ ) ကို လည်းသူ့ဘလော့လေး က စိတ်ဝင်တစားမို့သွားဖတ်ရင်း ရင်းနှီးခဲ့ရတယ် ။ နှင်းနဲ့မာယာ ၊ မိုးငွေ့ ၊ ခြင် ၊ ကလေးငယ်လေး ၊ ကျွန်တော်အခက်အခဲကြုံလို့ အကူအညီတောင်းတိုင်း မမောမပန်းကူညီပေးတတ်တဲ့ စင်ကာပူက ဘော်ဒါကြီး ပူးတေ တို့ ကိုလည်း အတိုင်းမသိခင်မင်ခဲ့ရပါတယ် ။ မန္တလေးသားလေး ကိုကိုးအိမ် ( သူက မန္တလေး သား နော် ဒါပေမယ့် ဘီယာမသောက်တတ်ဘူး ဆေးလိပ်မသောက်ဘူး အရမ်းရိုးတယ် အဲဒါကိုယ်တွေ့ ) ၊ ကျွန်တော့် ကို ထမင်းကျွေးဖူးတဲ့ ဆရာမရွှေစင်ဦး ( ဟီးးနောက်လည်းကျွေးပါဦး ) ကျွန်တော့် ဆွေမျိုးသား ချင်းတွေလို ခင်မင်ခဲ့ရတယ် ။ ကျွန်တော့်ဘလော့လေးမှာ အမြဲပဲကွန်းမန့်တွေလာလာရေးပေးကြတဲ့ ကိုကိုမောင် (ပန်းရနံ့) ၊ ဆွေလေးမွန် ၊ မိုးယံ စတဲ့ဘလော့ရေးသူတွေကိုလည်း ကျေးဇူးအမြဲတင်ပါတယ် ။ ကျွန်တော် ကတော့ ဘလော့ကို ပိုးဝင်သွားပြီထင်တာပါပဲ ။ သေတဲ့အထိရေးဖြစ်မယ်ထင်တယ် ။ ရောက်တဲ့နေ ရာ ကနေပြီးတော့ ဟီး ။ အခု အပြင်က ဂျာနယ်မဂ္ဂဇင်းတွေ (Health For All Magazine , Living life Journal , Health Care Journal , Sarana ) မှာ သက်တန့်ချို (ဆေး ၂) နာမည်နဲ့ရေးနေတယ် ။ ဒါပေ မယ့် ။ ဒါအမှန် အတိုင်းဝန်ခံတာပါ ။

ထူးဆန်းထွေလာတွေရေးတာချင်းလိုင်းတူတဲ့ မိတ်ဆွေကြီး ကိုပီတာ ၊ အမြဲလာရောက်အားပေးတဲ့ ညီမလေး အိန်ဂျယ်လှိုင်း ညီလေးအလင်းသစ် ၊ ဆောင်းနှင်းရွက်တို့ကိုလည်း ကျွန်တော့် ရင်ထဲအမြဲအမှတ်ရနေမှာပါ ။ တရား စာပေတွေတွေကို ဖတ်ရှုခွင့်ရတဲ့ တောက်ပကြယ်စင် ဘလော့ ၊ ပန်းကမ္ဘာဘုန်းဘုန်း အစရှိသူတို့ ကိုလည်း လေးစား ဦးညွှတ်မိပါ၏ ။ စာအရေးအသားအရမ်းကောင်းတဲ့ ကိုမြစ်ကျိုးအင်း ၊ ဟောက်ဆာ ဂျင်အပိုင်း ဆက်မှာ ရန်ဖြစ်ဖူးတဲ့ အစ်မငယ်နိုင် (ဟီးးး ငယ်ကျိုးငယ်နာတွေပြန်ဖော်နေတာ ) ၊ အစ်မ ၀ါဝါ ခိုင်မင်း ( အစ်မက နောင်ဘ၀ နတ်ပြည်ရောက်မှာ ကျိန်းသေတယ် ဟီးးကောင်းမှုတွေ အမြဲလုပ်နေတာ ) ၊ မ ခင်ဦးမေ ( စာအရေးအသားက သူများနဲ့မတူပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံမျိုးမို့ ကျွန်တော်ကြိုက်တယ် စီဘောက်မှာစာရေးရင် kom :cool ဆိုပြီးရေးလေ့ရှိတယ် ) ၊ မေတ္တာဖြင့် အန်တီတင့် ဟီးး သူက ကွန်းမန့်တွေ မှာ အဲဒလိုထည့်ထည့်ရေးတယ် ၊ နောက်ပြီး အစ်မကြည်ကြည် (အခုတလောဘယ်ပျောက်နေတယ်မသိ ) thettantchocho@gmail.com အခိုးခံရတော့ မိတ်တွေတော်တော်များများ အားလုံးနီးပါးနဲ့အ ဆက်အ သွယ်ပြတ် သွားတယ် ။

သူငယ်ချင်းချစ်ကြည်အေး (ကဗျာတိုလေးတွေမိုက်တယ် ) ၊ ကိုအောင်ကျော်မင်း (ကျွန်းသား ) - ကျွန်တော့်ကို နာမည်ခေါ်ပါဆိုဘယ်တော့မှမခေါ်ဘူး ဒေါက်တာကြီးပဲလုပ်နေတယ် ဟိဟိ ၊ KP3 - ကျွန်တော် တစ်ခုခု လိုချင်ရင်အဲဒီမှာသွားသွားမွှေတယ် ၊ ကဗျာဆရာ မိုးစက်အိမ် ၊ ကဗျာဆရာမလေး မိုးအိပ်မက် ( ဧကရီဝင်း ) ၊ ဘလော့မှာ လူသိများတဲ့ ကိုဇော် ၊ အခုရက်ပိုင်းမှာ ရင်းနှီးလာခဲ့တဲ့ ကိုလင်းဦး ( စိတ်ပညာ) ၊ စာရေးဆရာမ မေသိမ့်သိမ့်ကျော် ( ဟီးး ခပ်တည်တည်ပဲရေးပစ်လိုက်ပြီ ) ၊ ချဉ်ပေါင်ခြံထဲ တကုပ်ကုပ်အလှုပ်ရှုပ်နေတတ်တဲ့ ကိုဘကြိုင်ကြီး (သူလည်း social network တွေနဲ့နဘမ်းလုံးနေရှာတယ် ) ၊ မမ ကိကိ ၊ သဒ္ဓါ့လှိုင်း ၊ ချိုကိုးသဇင် ၊ အိန်ဂျယ်ရှားပါး ( ဘလော့တွေ အရေးပါးတယ် သွားသတိပေးဦးမှ ) ၊ စားသောက်ဖွယ် ရာတွေနဲ့သရေကျအောင်အမြဲလုပ်တဲ့ အစ်မဂျာမုန်းဒါန် ၊ မကြာခင်ကမှ နတ်ပြည်မှာ နတ်သမီးလေး ငါးရာနဲ့ ပျော်မွှေ့သွားတဲ့ ဘဘကျောက် ( ပြောရင်းတောင် နိုချင်တယ် ခဏလေးပဲစောင့်ပါဗျာ လိုက်ခဲ့မယ် - ဟိဟိ အံမယ် ကိုယ်က နတ်ပြည်ရောက်မှာကျနေတာပဲ ဒီပုံမျိုးနဲ့ ) ။ မြန်မာပြည်ကနေ ပရုပ်ဆီတွေ ပျက်သွားတော့ စာရေးတာပါပျက်သွားတဲ့ အစ်မပန်းရင့် ( Ultrasurf သုံးနည်းသင်ပေးမယ်ပြောထားပြီးမှ သူနဲ့လည်းအဆက်ပြတ်သွားတယ် ) ကျွန်တော် အမြဲသတိတရရှိနေကြမယ့် ဘလော့ဂါတွေပါပဲ ။ ဒီထဲမှာ နာမည်မပါ တဲ့ ရောင်းရင်းကြီးများကျန်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါကုန် ။ စဉ်းစားမိသလောက် ရေးရတာဆိုတော့ ဟီးး ကျန်ခဲ့ ရင်နားလည်ပေးကြပါ ။



ထပ်ပြီးပြောချင်တာကတော့ ဘလော့စပေါ့မှာ ဒိုမိန်းအခွံအုပ်တဲ့ကြောင်းပါ ။ blogspot ဆိုတာက Blogger ဟိုစတင်ကနေ ပေးတဲ့ ဖရီးရတဲ့ ဒိုမိန်းဆိုပါတော့ ။ သူ့ဘာသူ ဒီအတိုင်းသုံးလို့လည်းရသလို ။ ကိုယ့်ဘာသာ ဒိုမိန်းဝယ်ပြီးတော့ ( .com, .org, .net , .info ) စသဖြင့်လည်းချိတ်နိုင်ပါတယ် ။ ချိတ်တာကလည်း ကိုယ်ဝယ် ထားတဲ့ဒိုမိန်းကို ၀ယ်တဲ့ ဆိုက်မှာ Cname , NDS ချိတ်ပြီးတာနဲ့ ၂၄ နာရီစောင့်ရပါတယ် ။ Domain Redirection လို့ ခေါ် တာပေါ့ ။ Blogger မှာလည်း ၀ယ်လို့ရပါတယ် ။ ၂၄ နာရီစောင့်ပြီးရင်တော့ Setting ထဲက Publishing နေ ရာမှာ သွားချိတ်လို့ရပါပြီ ။

ဘာတွေကွာသွားသလဲ ?

စာရေးသူနေရာကနေကြည့်ရင်တော့ ဘာမှမကွာပါဘူး ။ ဒီအတိုင်းပါပဲ ။ စာဖတ်သူနေရာကနေကြည့်ရင်တော့ မြန်မာနိုင်ငံ ကနေ ဖတ်လို့ရပါပြီ ။ blogspot.com နဲ့ကတော့မြန်မာနိုင်ငံကနေ ဘာဆိုက်မှ မပွင့်ပါဘူး ။ ကျော်ကြည့် ရင်ကြည့် မကြည့်ရင် Reader ထဲကနေဖတ် ။ ဒိုမိန်းချိတ်လိုက်ရင်တော့ မြန်မာနိုင်ငံကနေပွင့်ပါပြီ ။ ဥပမာ နိုင်းနိုင်းစနေ ၊ ကိုပီတာ ၊ သက်တန့်ချို ၊ ရွှေစင်ဦး ၊ ကိုကိုးအိမ် ၊ မေသိမ့်သိမ့်ကျော် စတဲ့ ဘလော့တွေ ဘာမှကျော်စရာမလိုပဲ ပွင့်ပါတယ် ။ Background ပုံတွေကတော့ ကိုယ့်ဘာသာ Ning တို့လို တခြား Image Hosting တစ်ခုခုမှာ သွားချိတ်ပြီးပြန်တင်ရင်တော့ ဘလော့ပုံလေးပြည့်ပြည့်စုံစုံမြင်ရပါပြီ ။ ကျွန်တော့်ဘလော့ အဲဒီလို လုပ်ထားပါတယ် ။ စိတ်ပါဝင်စားသူများ စမ်းကြည့်ဖို့ တိုက်တွန်းပါရစေ ။ ဒိုမိန်းချိတ်တဲ့အခါမှာ ကျွမ်းကျင် တဲ့သူနဲ့ချိတ်ဖို့တော့အကြံပေးလိုပါတယ် ။

ဘလော့ရပ်ဝန်းကြီးဒီထက်မက တိုးတက်ပါစေ ဗျာ ။ စာရေးကောင်းသူများလည်း အစဉ်အမြဲပေါ်ထွက်လာပါစေ ။ ဘလော့ကို ရင်ထဲအသည်းထဲကကို ချစ်မြတ်နိုးသူများဖြစ်ကြပါစေလို့ ဆုတောင်းရင်း အဆုံးသတ်လိုက်ပါတယ် ။ တဂ်ပေး တဲ့ အစ်မကြီး နတ်သမီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျား))

အားလုံးနီးပါးကလည်းတဂ်ပြီးသားဖြစ်နေတော့ဆက်မတဂ်တော့ပါဘူး (နောက်မှ အချီကြီးတဂ်မယ် အကုန်လုံး ကို ဟိဟိ )

သက်တန့်ချို
29 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. သက်တန့်.
    သတိပေးထားတာလေးတွေ့မှ သတိရသွားတာ။ ဆန္ဒရှိတဲ့အတိုင်း နှလုံးသွေးရပ်တဲ့အထိ စာတွေရေးနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. ကိုသက်တန့်ရေ..တဂ်ပို့စ်လေး လာဖတ်ပါတယ်ဗျ။။။
    ကျွန်တော်မသိတဲ့ ဘလော့ပိုင်ရှင်လေးတွေ အများကြီးပဲ
    နောက်မှ သူတို့ဆီ လိုက်မွှေဦးမယ်။။။ ပျော်စရာကြီး။။။

    ReplyDelete
  3. စာတွေ ဗဟုသုတပို့စ်တွေ အများကြီးဆက်ရေးနိုင်ပါစေ..။

    ReplyDelete
  4. အဖြူရောင်နတ်သမီးAugust 29, 2011 at 6:05 PM

    မူကွဲ ရေးစတိုင်လ်လေးနဲ့..
    ဘလော့ဂ်ဒေး..ကို ကြိုဆိုလိုက်တယ်ပေါ့လေ..
    ကျေးဇူး အထူး..

    ReplyDelete
  5. အဖြူရောင်နတ်သမီးAugust 29, 2011 at 6:06 PM

    မူကွဲ ရေးစတိုင်လ်လေးနဲ့..
    ဘလော့ဂ်ဒေး..ကို ကြိုဆိုလိုက်တယ်ပေါ့လေ..
    ကျေးဇူး အထူး..

    ReplyDelete
  6. ကိုသက်တန့် ရေ

    စာလေး ဖတ်သွားပါတယ် ပျော်စရာ ဘလော့ဂ် ကမ္ဘာမှာ နှစ်ပေါင်း များစွာ ဘလော့ဂ်ဂင်း ကြမယ်နော်

    ဒါနဲ့ အချီကြီး တက်မဲ့ အချိန်ကိုလည်း စောင့်နေပါတယ်

    ခင်မင်စွာဖြင့်

    ReplyDelete
  7. မောင်လေးရေ။ ဘလော့ဒေး ပိုစ့်ကို အစ်မ ဖတ်ပြီး ကွန်မန့်ပေးသွားတယ်။ မောင်လေးပိုစ့်တွေ ရီဒါထဲကနေ ဖတ်နေကျ။ ဘလော့ကမ္ဘာထဲ ငါတို့ တူတူ ချီတက်ကြမယ်။ နှေးမယ်၊ မြန်မယ်၊ ခဏလေးလိုပေမယ့် တို့မောင်နမတွေ လက်မဖြုတ်စတမ်းနော်။ မောင်လေးကျန်းမာပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ။ အစ်မကိုလည်း ကူနိုင်ပါစေ ဟီးးး။ (လုပ်မတတ်ရင် ကူခိုင်းနေကျ)။

    ချစ်တဲ့
    အစ်မမေလေး



    P.S မောင်လေး မောက်စ်ကိုင်များလို့ လက်ကောက်ဝတ်ကြွက်သားရောင်ရမ်းနာကျင်ရတဲ့ ရောဂါအကြောင်း ပိုစ့်လေး အစ်မ ပြန်ရှာမတွေ့ဘူး။ လင့်ခ် ပေးပါဦး။ မမဝါဝါခိုင်မင်း ညာလက်ကောက်ဝတ် ကိုက်နေတယ်ဆိုလို့ ပြောပြမလို့။ ကျေးဇူးတင်တယ်နော်ကလေး

    ReplyDelete
  8. Happy blog day ပါအကို :)
    မရောက်တာ ကြာနေလို့ မေ့သွားပြီထင်နေတာ မမေ့ဘူးဆိုတော့
    ပျော်ထှာနော် :P ...
    ရေးဟန်မတူ မူကွဲတစ်မျိုးနဲ့ ဘလော့ဒေးကို ကြိုဆိုလိုက်တယ်ပေါ့လေ ......:)
    အခုတစ်လော အလာကျဲနေတာအတွက်ပါ ခွင့်လွတ်ပါလို့

    ReplyDelete
  9. မြတ်မွန်August 30, 2011 at 3:33 PM

    ဟက်ပီး ဘလော့ဒေးပါ အကို သက်တန့်ရေ..။

    ReplyDelete
  10. ဘလော့ဂ်ဒေးပို့စ်ကို တင်တဲ့နေ့ကဖတ်ပြီး ကွန်မန့်ပေးခဲ့ပေမယ့် မရောက်သွားဘူးထင်တယ်။ ကွန်နက်ရှင်ကြောင့်လို့ သတ်မှတ်ပေးပါ ကိုသက်တန့်ရေ။ (ကိုသက်တန့်လို့ ခေါ်တာ လေးစားသမှုနော် အသက်ကြီးလို့ မဟုတ်ဘူးး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ကိုသက်တံ့ ကို ဧဒင်ဥယျာဉ်မှာ ကိုရီးယားမင်းသား ဂျယ်ဟီး ရဲ့ ပုံနဲ့တင်ထားကတည်းက စသိခဲ့တာ ...
    ဂျယ်ဟီး ကလူပျို သူဋ္ဌေးသားလေ ကလေးတယောက်အမ မုဆိုးမကိုယူလိုက်တာ :P

    ReplyDelete
  12. အခုချက်ချင်းဘဲ ဖေ့ဘုတ်မှာတွေ့လို့လိုက်မန့်တာ
    ပုံ ... အသည်းကွဲနေသူ သီဟဇော်လင်းဦး

    ReplyDelete