Monday, October 24, 2011

ဗီတာမင်အေအကြောင်း သိကောင်းစရာ

ဗီတာမင်အေအကြောင်း သိကောင်းစရာ





ဗီတာမင် အေကို Retinol , Retinal , ဘီတာ ကာရိုတင်းအပါအ၀င် Four carotenoids စသဖြင့် အမျိုးမျိုးခေါ် ဆိုကြပါတယ် ။ ဗီတာမင်အေဟာ မျက်လုံးရဲ့ retina လို့ခေါ်တဲ့ မျက်စိအာရုံခံလွှာအတွက် သီးခြား metabolite အနေနဲ့လိုအပ်တဲ့ ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ် ။ ဘယ်လိုအရာမျိုးလဲဆိုရင် အလင်းရောင်ကို စုပ်ယူပေး တဲ့ မော်လီကျူးဖြစ်တဲ့ retinal ဖြစ်ပြီး အဲဒီအရာဟာ အမြင်အာရုံ အရောင်တွေနဲ့ အရောင်နိမ့် ( Low light ) များအတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ် ။ ဗီတာမင်အေဟာ Retinol ပုံစံကို ဓါတ်တိုးစေခြင်းအားဖြင့် retinoic acid အနေနဲ့လည်း လုပ်ဆောင်ပြီး အဲဒါဟာ epitheilal နဲ့ တခြားဆဲလ်တွေအတွက် အရေးကြီး တဲ့ ဟော် မုန်းနှင့်ဆင်တူသော Growth factor လည်းဖြစ်ပါတယ် ။

အစားအစာတွေထဲမှာဆိုရင် ဗီတာမင်အေရဲ့ အဓိကပုံစံဟာ ester ဖြစ်ပြီး မူရင်း retinyl palmitate ဖြစ်ပါတယ် ။ အဲဒီက မှ တဆင့် retinol အဖြစ်ကို intestine လို့ခေါ်တဲ့ အူထဲမှာ ပြောင်းလဲပေးပါတယ် ။ Retinol ဟာ ဗီတာ မင်ရဲ့ သိုလောင်မှုပုံစံအဖြစ် ထမ်းဆောင်ပေးပြီး အသက်ဝင်သော ပုံစံ Active aldehyde form , retinal အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ် ။ ဗီတာမင်အေ ကို အဓိကအားဖြင့် အစားအသောက်တွေထဲမှာ ပုံစံနှစ်မျိုး နဲ့တွေ့ရလေ့ရှိပါတယ် ။

၁ ။ Retinol - တိရိစ္ဆာန်တွေရဲ့အသားကို စားသုံးတဲ့အခါမှာ ဗီတာမင်အေရဲ့ စုပ်ယူထားသော ပုံစံဖြစ်ပြီး အ၀ါရောင် ရှိသော အဆီတွင် ပျော်ဝင်နိုင်သော အရာဖြစ်ပါတယ် ။ သန့်စင်သော အယ်ကိုဟော (Pure alcohol form) ပုံစံ ဟာ မတည်မြဲတဲ့အတွက် ဗီတာမင်ကို တစ်ရှူးတွေမှာဆိုရင် retinyl ester အနေနဲ့ တွေ့ ရလေ့ ရှိပါ တယ် ။ ဒါကိုပဲ အဆင့်အဆင့်ပြောင်လဲထုတ်လုပ်ကြပြီး retinyl acetate သို့မဟုတ် palmitate စ တဲ့ ester တွေ အဖြစ် သောက်သုံးကြပါတယ် ။

၂ ။ The carotenes alpha-carotene, beta-carotene, gamma-carotene;နှင့် the xanthophyll beta-cryptoxanthin - ဒီအရာတွေဟာ ဗီတာမင်အေအဖြစ် အပင်စားတိရိစ္ဆာန်တွေနဲ့အသားစား တိရိစ္ဆာန်တွေ မှာ တာ ၀န်ထမ်းဆောင်ပါတယ် ။ ဒီအရာတွေဟာ ဒြပ်ပေါင်းတွေကို retinal အဖြစ်ပြောင်းလဲဖို့အတွက်လိုအုပ်တဲ့ အင်ဇိုင်းတွေကို ပိုင်ဆိုင်ထားပါသေးတယ် ။



နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို အောက်မှာ အသက်အရွယ်အလိုက် ခွဲခြားဖော်ပြပေးထားပါတယ် ။


အသက် စားသုံးရမည့်ပမာဏ
μg/day


မွေးကင်းစကလေး
0–6 months 400*
7–12 months 500*

ကလေး

1–3 years 300
4–8 years 400

အမျိုးသား

9–13 years 600
14–18 years 900
19 – >70 years 900

အမျိုးသမီး

9–13 years 600
14–18 years 700
19 – >70 years 700

ကိုယ်ဝန်ဆောင်သည်

<19 years 750
19 – >50 years 770

နို့တိုက်မိခင်

<19 years 1200
19 – >50 years 1300

Institute of Medicine of the National Academies ရဲ့အဆိုအရာ ` နေ့စဉ် လိုအပ်တဲ့ဗီ တာမင်အေပမာဏဟာ အုပ်စုတစ်ခုမှာ လူအသီးသီးအတွက် အများဆုံး (၉၇ -၉၈%) လောက်ထိ လိုအပ် ပါတယ် ´ လို့ ဖော်ပြထားပါတယ် ။ ကဲ ဒီလိုဆိုရင်ဗီတာမင်အေကို ဘယ်လို နည်းလမ်းတွေ ဘယ်လို အစား အစာတွေ ကနေများရရှိနိုင်မလဲဆိုတာကိုလည်း ဆက်လက် ကြည့်ရှုကြရအောင် ။

ဗီတာမင်အေကို သဘာဝအလျှောက် အစားအစာတွေ အများစု မှာ တွေ့ရလေ့ရှိပါတယ် ။

- အသည်း ( အမဲအသည်း ၊ ၀က် ၊ ကြက် ၊ ငါး ၊ ကြက်ဆင် ၊ ငါးကြီးဆီ ) စတာတွေမှာ ဗီတာမင်အေ 6500 μg 722% ပါဝင်ပါတယ် ။
- အ၀ါရောင်ပန်းပွင့်သော အလေ့ကျပန်းပင် Dandelion greens မှာ ဗီတာမင်အေ 5588 IU 112% ပါဝင်ပါတယ် ။
- မုန်လာဥ၀ါ မှာဆိုရင်တော့ ဗီတာမင်အေ 835 μg 93% ပါဝင်ပါတယ် ။
- ပန်းဂေါ်ဖီစိမ်းမှာဆိုရင်တော့ ဗီတာမင်အေ 800 μg 89% ပါဝင်ပါတယ် ။ အတွင်းသား ထက်စာ ရင်အ ရွက်တွေက ပိုပြီးဗီတာမင်ဓါတ်များတယ်လို့ USDA database က ပြောဆိုထားပါတယ် ။
- အာလူး မှာတော့ ဗီတာမင်အေ 709 μg 79% ပါဝင်ပါတယ် ။
- ထောပတ်မှာတော့ ဗီတာမင်အေ 684 μg 76% ပါဝင်ပါတယ် ။
- ကိုက်လန်မှာတော့ 681 μg 76% ပါဝင်ပြီး ဒေါက်ခွမှာတော့ 469 μg 52% ပါဝင်ပါတယ် ။ ဗီတာမင်အေကို ရရှိနိုင်တဲ့အခြားအစားစာတွေကတော့ ရွှေဖရုံ ၊ အ၀ါရောင် ဒိန်ခဲ ၊ သခွာမာသီး ၊ ဥအမျိုးမျိုး ၊ တရုတ်ဆီးသီး ၊ papaya ၊ သရက်သီး ၊ ပဲအမျိုးမျိုးနဲ့ နို့ စသည်တို့ဖြစ်ပါတယ် ။

ဗီတာမင်အေက ခန္ဓာကိုယ်မှာ ဘာတွေ ဆောင်ရွက်ပေးသလဲ ?

ဗီတာမင်အေဟာ ခန္ဓာကိုယ်ထဲမှာ များစွာ သော လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးပါတယ် ။

က ။ အမြင်အာရုံ

ဗီတာမင်အေက အမြင်အာရုံမှာ ပါဝင်ပတ်သတ်မှုဟာ တကယ်တော့ Retinal form နဲ့ ဆက်နွယ်မှုရှိပါတယ် ။ မျက်လုံး ထဲမှာ 11-cis-retinal ကို rhodopsin ( အချောင်းပုံစံ ) နဲ့ iodopsin ( ကတော့ချွန်ပုံစံ ) အရာတွေက ၀ိုင်းရံ ထားပါတယ် ။ အလင်းရောင်က မျက်လုံးထဲဝင်လာပြီဆိုရင် 11-cis-retinal ဟာ "trans" form တွေအဖြစ်ပြောင်းလဲသွားရပါတယ် ။ အဲဒီ "trans" retinal တွေဟာ opsin ကနေ ပုံရိပ်အရောင် ချွတ်ခြင်းဆိုတဲ့ Photo bleaching ဆိုတဲ့ အဆင့်မှာ ခွဲခွာသွားပါတယ် ။ အဲဒီကမှတဆင့် ဦးနှောက် ထဲမှာရှိတဲ့ အမြင်အာရုံ စင်တာ ကို အမြင်အာရုံကြော Optic nerve တွေကတဆင့် အာရုံကြော အချက်ပြ မှု (Signal ) တွေ ထုတ်လွှင့်စေပါတယ် ။ Opsin ကနေခွဲခွာပြီးတဲ့အခါမှာ အဲဒီ "trans"-retinal တွေဟာ recylce ပြန်ဖြစ်ပြီး အင်ဇိုင်းတွေရဲ့အကူအညီနဲ့ 11-"cis"-retinal ပုံစံကို ပြန်လည်ရောက် ရှိလာပါတယ် ။ 11-"cis"-retinal ရဲ့ နောက်ဆုံးအဆင့်ပြောင်းလဲခြင်းဟာ opsin နဲ့ပြန်လည် ပူးပေါင်းပြီး အမြင်အာရုံခံလွှာမှာ rhodopsin တွေပြန်လည်ဖြစ်ပေါ်လာဖို့ဖြစ်ပါတယ် ။ တကယ်တော့ rhodopsin ဟာ အလင်းနိမ့် စူးစိုက်ရခြင်း Low light (contrast) တွေကိုကြည့်ဖို့ လိုအပ်ပြီးအထူးသဖြင့် ညမှောင်နေတဲ့အခါမျိုးမှာဖြစ်ပါတယ် ။ ဗီတာ မင်အေတွေ သာ ချှို့တဲ့ခဲ့ရင် rhodopsin ကို တားဆီးသလိုဖြစ်ပြီး ပထမဆုံး လက္ခဏာကတော့ ညဖက် မမြင်ရ ခြင်း ( night blindness ) ကို စတင်ခံစားရမှာဖြစ်ပါတယ် ။

- ဂျင်းန် Gene transcription
- ကိုယ်ခံအားတက်စေခြင်း ( Immune)
- သန္ဓေသားလောင်း ဖွံ့ဖြိုးစေခြင်းနှင့် မျိုးပွားမှုအား ထောက်ပံ့ပေးခြင်း
- အရိုး၏ ဇီဝဖြစ်ပျက်မှုများ
- သွေးထုတ်လုပ်ခြင်းဖြစ်စဉ် (Haematopoiesis)
- အရေပြားနှင့် ဆဲများသေဆုံးခြင်းဖြစ်စဉ်
- ဓါတ်တိုးဆန့်ကျင်ပေးခြင်း ( Antioxidant activity ) စသည်တို့ဖြစ်ပါတယ် ။

ဗီတာမင်အေ ချို့တဲ့ခြင်းအကြောင်း

ဗီတာမင်အေချို့တဲ့ခြင်းဟာ ကမ္ဘာတ၀ှမ်းလုံးမှာဆိုရင် အသက်ငါးနှစ်အောက်ကလေးတွေမှာ သုံးပုံတစ် ပုံလောက် မှာ ဖြစ်ပွာတးယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ် ။ နှစ်စဉ် ငါးနှစ်အောက်ကလေး 670 000 မှာ ဆိုရင် ခန့်မှန်းခြေ 250,000–500,000 အရေအတွက်ရှိတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ နှစ်စဉ် ဗီတာမင်အေ ချို့တဲ့မှုကြောင့် မျက်စိ မမြင်ရခြင်း ( Blind ) ကို ခံစားနေရပါတယ် ။ အထူးသဖြင့် အရှေ့တောင် အာရှ နဲ့ အာဖရိကမှာ ဖြစ်ပါတယ် ။ ဗီတာမင်အေ ချို့တဲ့ခြင်းဟာ Primary သို့မဟုတ် Secondary လည်းဖြစ်နိုင် ပါတယ် ။ Prinary Vitamin A deficiency ကိုတော့ ကလေးတွေနဲ့ လူကြီးတွေမှာ အထူးသ ဖြင့်သစ်သီးနဲ့အရွက်တွေကနေရရှိတဲ့ provitamin A carotenoids နဲ့ အသားတွေကနေရရှိတဲ့ Preformed Vitamin A တို့ ကို လုံလောက်စွာ စားသုံးခြင်းမရှိတဲ့ လူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ် ။ မိခင်နို့တိုက်ကျွေး ခြင်းကို စောစောစီးစီးရပ်လိုက်တဲ့ ကလေးတွေမှာလည်း ဗီတာမင်အေ ချို့တဲ့ခြင်းကို ခံစားရနိုင်ပါတယ် ။ Secondary Vitamin A deficiency ကတော့ lipids လို့ခေါ်တဲ့အဆီတစ်မျိုးကို ကြာရှည်စွာ စုပ်ယူနိုင်မှု ကင်းမဲ့ခြင်း (chronic malabsorption of lipids) နဲ့ ဆက်နွယ်မှုရှိပါတယ် ။ သည်းခြေရေ ထုတ်လုပ်ခြင်း နဲ့စွန့်လွှတ်ခြင်း လည်းချို့ယွင်းပြီး အထူးသဖြင့် ဆေးလိပ် အကြာကြီးသောက်နေတဲ့သူတွေ ၊ နှစ်ရှည် အရက်သောက်သုံးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။ ဇင့်ဓါတ်ချို့တဲ့ခြင်းဟာလည်း ဗီတာမင် အေ စုပ်ယူခြင်း ၊ ပို့ဆောင် ခြင်း နဲ့ ဇီဝဖြစ်ပျက်မှုတို့ကို ပျက်ယွင်းစေပါတယ် ။ ဘာကြောင့် လည်းဆိုတော့ ဇင့်ဟာာ ဗီတာမင်အေ ကို ပို့ဆောင်ပေးတဲ့ ပရိုတိန်းတွေ ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ်လို အပ်ပြီး retinol ကနေ retinal အဖြစ် ပြောင်း တဲ့နေရာမှာလည်း ပူးပေါင်းပါဝင်သူ cofactor အဖြစ်ဆောင် ရွက်ပေးတဲ့အတွက်ဖြစ်ပါတယ် ။

ဗီတာမင်အေချို့တဲ့ပြီဆိုရင် အရင်ဆုံး အလင်းရောင်နည်းလာပြီး ညဖက်မမြင်ရခြင်း Night blindness ကို ခံစားရနိုင်တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ် ။ Persistent deficiency (အလုံးစုံချို့ယွင်းခြင်း ) မှာဆိုရင်တော့ များစွာ သော ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ် ။ အချို့ကတော့အမြင်အာရုံပြောင်းလဲလာခြင်း xerophthalmia ကို ခံစားရပါတယ် ။ အရင်ဆုံး မျက်လုံးခြောက်သွေ့လာပြီး သာမန် မျက်ရည်ထုတ်ခြင်း အချွဲရည် ထုတ်သော အလွှာ epithelium ကို keratinized epithlium ကနေ အစားထိုးလဲလှယ်လိုက်ပါတယ် ။ မျက်မှေးတက်တယ်လို့လည်းခေါ်ကြပါတယ် ။ မျက်လုံးထဲမှာ သေးငယ်သော အဖြူဆံ ကလေးများ ( Bitot's spots ) ကလေးများပေါ်လာပြီး နောက်ဆုံး မျက်ကြည်လွှာ တစ်ခုလုံးဟာ ပျက်ဆီးသွားခြင်း keratomalacia အဖြစ် ရောက်ရှိပြီး လုံးဝမမြင်ရတော့သောအဆင့် total blindness အဖြစ်ကိုရောက်ရှိပါတယ် ။ တခြားပြောင်းလဲမှုတွေကတော့ ကိုယ်ခံအားကျဆင်းလာတဲ့အခါ နားအတွင်း ပိုးဝင်ခြင်း ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၊ Meningococal ရောဂါ စတာတွေပါ ပူးတွဲခံစားလာရပါတယ် ။ ဗီတာမင်အေကိုသာ မပိုလျှံစေပဲ လုံလုံလောက်လောက်စားသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်သည် ၊ နို့တိုက်မိခင်တွေသာမက သန္ဓေသားဖွံ့ဖြိုး မှုအတွက်ပါ အလွန်အကျိုးရှိစေပါတယ် ။ မွေးပြီးမှ ဗီတာမင်အေချို့တဲ့တာကိုတွေ့ရပြီဆိုရင်တော့ ဗီတာမင်အေ ဖြည့် စွက်တိုက်ကျွေးပေမယ့်လည်းပြန်လည် ဖြည့်တင်းဖို့ မလွယ်တော့ပါဘူး ။

ဗီတာမင်အေကို အလွန်အကျွံသောက်သုံးမိခြင်း ( ဗီတာမင်ဓါတ်အများအပြားထည့်ထားသော အားဆေးများ ) ကနေတဆင့် မွေးရာပါ ချို့ယွင်းချက် birth defects များဖြစ်ပေါ်စေနိုင် တဲ့အတွက် နေ့စဉ်လို အပ်တဲ့ပမာဏ ထက်ပိုပြီးသောက်သုံးဖို့ မသင့်ပါဘူး ။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သုံးခြင်း အားဖြင့် လည်း ဗီတာမင်အေ ကို တားဆီးသလိုဖြစ်ပြီး ကလေးမှာ Fetal alcohol syndrome ရှရှိနိုင်ပါတယ် ။ ဗီတာမင်အေကို များပြားစွာ အလွန်အကြူးသောက်သုံးမိရင်တော့ ပျို့ခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ အန်ခြင်း ၊ အမြင်အာရုံေ၀၀ါးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အမွှေးကျွတ်ခြင်း ၊ ကြွက်သားများအားနည်းခြင်း ၊ ၀မ်းဗိုက်နာခြင်း ၊ နုံးခွေးခြင်း နဲ့ စိတ်အာရုံခံစားမှုပြောင်းလဲခြင်း စသည်တို့ဖြစ်ပါတယ် ။ ဗီတာမင်အေ အများ အပြား ကို အကြာကြီးသောက်သုံးမိရင်တော့ အမွှေးကျွတ်ခြင်း ၊ အာခံတွင်းများ ခြောက်သွေ့ခြင်း ၊ ဖျားခြင်း ၊ ညဖက် အိပ်မပျော်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ကိုယ်အလေးချိန်ကျခြင်း ၊ အရိုးကျိုးအက်လွယ်ခြင်း ၊ သွေးအား နည်းခြင်း နဲ့ ၀မ်းသွားခြင်းစသည်တို့ဖြစ်ပွားတတ်ပါတယ် ။ ဒါဟာ ဗီတာမင်အေ အဆိပ်အတောက်ဖြစ်ခြင်းရဲ့ လက္ခဏာများလည်းဖြစ်ပါတယ်လို့ဖော်ပြရင်း ဗီတာမင်အေအကြောင်းသိကောင်းစရာဆိုတဲ့ ဆောင်းပါးကို အဆုံး သတ်လိုက်ရပါတယ် ။

Reference : http://en.wikipedia.org/wiki/Vitamin_A

သက်တန့်ချို

(For Living Life Journal Cover Story)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


5 comments:

  1. Hi,
    tami ka di blog ko aku mha twaet lolt win kyit tar par.ayan kyite par tal shin.tami ka healt news ko ayan sait win sar par tal.dar kyaunt missgreenlady mhar di blog lay ko twaet lolt lar win kyit tar par shin.amyal arr pay nay mhar par shin.di htett ma ka po pyi aung myin par sae.

    ReplyDelete
  2. နန်းသက်October 24, 2011 at 7:03 PM

    ဗီတာမင်အေအကြောင်းဖတ်သွားပါတယ်။ ခုလိုစုံစုံလင်လင်တင်ပြပေးတဲ့အတွက်လဲဗဟုသုတတွေတိုးပွါးပါတယ်။ ကျးဇူးတင်ပါတယ်။ အားပေးလျှက် :)

    ReplyDelete
  3. ကိုသက်တန့်
    night blindness ဖြစ်လာရင် ဘယ်လို ကုသလို့ ရနိုင်မလဲ ဆိုတာလေး ဝေမျှပါအုံး. အလွယ်တကူရော ကုသလို့ ရနိုင်လား... နည်းလမ်းလေးများ ရှိရင် ဝေမျှပါအုံး... ကျုပ်တို့ ရွာမှာ night blindness ဖြစ်နေတဲ့ ကလေးတွေ မနည်းဘူး.. ကူညီချင်တယ်ဗျာ..

    စောင့်မျှော်လျှက်...

    ကိုမျိုး (အညာမြေ)

    ReplyDelete
  4. ဟုတ်ကဲ့ပါကိုမျိုးရေ Night Blindness ကို ကုသနည်းလေးတွေကို ကျွန်တော်ပို့စ်ရေးပြီးတင်ပေးပါ့မယ်ခင် ကိုမျိုးရဲ့စေတနာကိုလေးစားပါတယ်ခင်ဗျ အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါ့မယ်း))

    ReplyDelete
  5. ဗီတာမင်အေနဲ့ပတ်သက်တဲ့ သိကောင်းစရာ အဖြာဖြာကို ဖတ်ပြီးမှတ်သွားပါတယ် မောင်သက်တန့်ရေ။
    ဗီတာမင်အေချို့တဲ့ခြင်းအပြင် အသုံးပြုလွန်ကဲခြင်းတို့က သိထားသင့်တယ်။ ဗဟုသုတတွေအတွက် ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete