Tuesday, October 11, 2011

စေစားရာ...

စေစားရာ...


သူပြောခဲ့တဲ့အတိုင်းပါပဲ

ပင်လယ်ပြင်ကိုလည်းဖြတ်ကူးခဲ့

မီးတောင်ကိုလည်းကျော်ဖြတ်ခဲ့

ဓါးသွား ချွန်မြမြတွေအပေါ်..ဖြတ်နင်းခဲ့

ဒီလိုနဲ့ ၂၈ ဆိုတဲ့ လွယ်အိတ်တစ်လုံး ပိုင်ဆိုင်ခွင့်ရခဲ့တယ်


တချို့သောလမ်းတွေကတော့ ကွေ့ကောက်

တချို့သောလမ်းတွေကတော့ မတ်စောက်လို့

အရှိတရားအချို့နဲ့ အသိတရားအချို့ကလည်း

အချိန်တိုင်းမှာ စစ်ခင်းလို့

ကျွန်တော့်စိုက်ခင်းလေးအတွင်းမှာ

ကန္တာရလို ပတ်ကြားအက်တွေသာ များလာခဲ့


လူတွေစည်ကားလှတဲ့ပွဲတော်သံတွေ

နေရာတိုင်းမှာ..ရယ်မောသံတွေသာပြည့်နှက်နေခဲ့

သူပြောခဲ့တဲ့အတိုင်းပါပဲ

ကျွန်တော်က အရောက်သွားခဲ့ပါလျှက်

ရင်ထဲမှာ လစ်ဟာမှုများ

ဘာကြောင့် များနေခဲ့ရပါသလဲ . . . .


သူ ဆိုတဲ့ ဇတ်ဆရာ

သူ ဆိုတဲ့ ကံကြမ္မာ

လောင်းကြေးထပ်ရမယ်ဆိုရင်တောင်

ကျွန်တော်က ရှုံးနိမ့်ပြီးသားဖြစ်ခဲ့

အဆင်မပြေမှုပေါင်းများစွာကလည်း

ကံဆိုးကောင်သွားလေရာ..

မိုးတွေကလည်း ထစ်ချုန်းရွာခဲ့ပေါ့ . . .


ဘ၀ က ခါးလိုက်တာလို့

မျက်စိစုံမှိတ်...မညည်းချင်ပါဘူး

အစီစဉ်တကျ ခင်ဗျားချမှတ်ခဲ့တဲ့

ဒီတရားစီရင်ခဲ့တဲ့ အမှုမှာ

တရားပါတယ်လို့ ခင်ဗျား ၀န်ခံရဲသလားဇတ်ဆရာ...


အလိုက်တသင့်တော့စီးမျောခဲ့တာပဲ

ဘယ်မှာအဆုံးသတ်မလဲတော့ ရေရာမှုမရှိဘူး

ခင်ဗျားပြောစမ်းပါဦး

ဘ၀ ဟာ ပျော်ရွှင်စရာကောင်းပါတယ်လို့

ဘ၀ ဟာ ကြည်နူးစရာကောင်းပါတယ်လို့

ဘ၀ ဟာ နေပျော်စရာကောင်းပါတယ်လို့

ဒီလိုဆို့နင့်မှုနဲ့မျက်ရည်တွေက

ဒဏ္ဍာရီမဟုတ်ခဲ့တာတော့ ကျိန်းသေတယ်


ဘယ်မှာလဲ ယုဇနပင်တွေ

ဘယ်မှာလဲ ဖဲကြိုးဝါတွေ

ဘယ်မှာလဲ အမှန်တရားတွေ

ဘယ်မှာလဲ ရေရာသေချာခြင်းတွေ

အိုး..........

အရာအားလုံးဟာ

အရာအားလုံးဟာ

စိတ်ကူးမယဉ်ခဲ့ပါပဲနဲ့

စိတ်ကူးယဉ်ဆန်နေခဲ့ရ....


သက်တန့်ချို

အောက်တိုဘာလ ၁၁ ရက်နေ့


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ဒါကြောင့်လဲ ကံစီမံရာဆိုတဲ့စကား သိပ်ခေတ်စားတာပေါ့။

    ReplyDelete
  2. Phyu Pyar Nay Win (PPNW)October 11, 2011 at 6:06 PM

    I never read blogger before. I was saw ur blog at my FB last week. When I was start reading & visit ur village, i don't know how to come out from ur village. I really enjoy visit to ur blog.
    Thanks alot Ko TTC& Villagers. :)

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ)October 11, 2011 at 7:51 PM

    ဒီနေ့က ကိုသက်တန့်ချိုရဲ့ မွေးနေ့လား၊ မွေးနေ့ဆိုရင် အသက်ရာကျော်ရှည်ပြီး အရာရာ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပါတယ် ... :D

    ReplyDelete
  4. အာဂျီးမားOctober 12, 2011 at 2:39 AM

    ကံဇတ်ဆရာရဲ့ အလိုအတိုင်းလိုက်ကရတယ်ဆိုပေမဲ့အမြဲတမ်းပဲကံကိုချည်းပဲပုံချမနေသင့်ဘူး။ ကိုယ်ဖြစ်ချင်တာတွေကိုကြိုးစားရင်း ဖြစ်လာတာတွေကိုရင်ဆိုင်ရဲရတယ်။ အဲဒီအတွက် ပေးဆပ်ရတာတွေတော့ရှိမှာပေါ့... :)

    ReplyDelete
  5. ကိုယ်စီမံရာ ကိုယ်တည်ဆောက်ရာ မဖြစ်လာရင်
    ကံစီမံရာလို့ လက်ညိုးလွှဲချတတ်ကြတယ်
    ကျွန်တော်လည်း ဂလိုပဲး)း)
    အားတင်းထား ကိုသက်တန့်

    ReplyDelete
  6. ဟက်ပီး သီတင်းကျွတ်ပါ ကိုသက်တံ ခင်ဗျာ

    ReplyDelete
  7. စိတ်ကူးမယဉ်ခဲ့ပါပဲနဲ့
    စိတ်ကူးယဉ်ဆန်နေခဲ့ရ ...

    ReplyDelete
  8. အမှန်တ၇ားတစ်ခုဟာကံစီမံ၇ာ၇ဲ့နောက်ကွယ်မှာပါခင်ဗျာ

    ReplyDelete
  9. ဒီကဗျာလေးသဘောကျမိပါတယ်။

    ReplyDelete