Tuesday, August 21, 2012

ကျောက်စရစ်ခဲတွေစုဆောင်းထားပါ

ကျောက်စရစ်ခဲတွေစုဆောင်းထားပါ



တစ်ခါတုန်းက အိမ်ခြေယာခြေမဲ့ လူမျိုးစုတစ်စုရှိတယ် ။ သူတို့ဟာ နေရာအတည် တကျမနေကြပဲ ရေကြည်ရာမြက်နုရာလျှောက်သွားနေလေ့ရှိတယ် ။ တစ်ညတော့ သူတို့ဟာ နေရာတစ်ခုမှာ စခန်းရပ်နား ဖို့ပြင်နေတုန်း သူတို့နားကို လက်ဖြာနေတဲ့အလင်းတန်းကြီးတစ်ခု ကျလာခဲ့တယ် ။ သူတို့လူစုက အဲဒါကို ကောင်းကင်ထက်က တန်ဖိုးရှင်ကြီးပဲလို့ တွေးလိုက်ကြပြီး သူတို့ကို ဘာတွေများ မှာကြားမ လဲလို့ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေခဲ့ကြတယ် ။

အလင်းတန်းထွက်လာပြီးတဲ့အခါ အဲဒီအလင်းတန်းထဲကနေ အသံတစ်သံ ထွက်လာခဲ့တယ် ။ “ ကဲ သင်တို့ လူစု ကျောက်စရစ်ခဲတွေကို ကောက်နိုင်သမျှ ကောက် ကြပါ ပြီးတော့ ကုန်းနီအိတ်တွေထဲမှာထည့်ပြီး သွားပါ တစ်နေ့ခ ရီးသွားပြီးနောက်တစ်နေ့ညဖက်မှာသင်တို့အားလုံးပျော်ရွှင်ရလိမ့်မယ် တချိန်တည်းမှာပဲ သင်တို့ စိတ်မ ချမ်းမသာလည်းဖြစ်လိမ့်မယ် ” လို့ပြောပြီး ပျောက်ကွယ်သွားတယ် ။

သူတို့လူစုတစ်ခုလုံး စိတ်ပျက်ပြီး ဒေါသတွေထွက်သွားကြတယ် ။ သူတို့လူစု ကြီးပွားချမ်းသာ ဖို့နဲ့ လောကကြီး အကျိုးဘယ်လိုသယ်ပိုးရမလဲ ချမ်းသာသုခတွေကို ဘယ်လိုခံစားရမလဲ ဆိုတဲ့အရေးကြီး တဲ့အချက်တွေ ကိုမပြောသေးပဲ ဘာမဟုတ်တဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို ခိုင်းသွားလို့ မကျေနပ်ဘူးဖြစ်နေ ခဲ့ကြတယ် ။ ဒါပေမယ့် လည်းအလင်းတန်းထဲက တန်ခိုးရှင်လို့ သူတို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့စကားဖြစ် တာကြောင့်လည်း လုံးဝလစ် လျှူမရှုဝံ့ဘူးဖြစ်နေကြတယ် ။ ဒါနဲ့ သူတို့လည်း အမျိုးမျိုးဝေဖန်ပြော ဆိုပြီး ကျောက်စ ရစ်ခဲ တစ်လုံးနှစ်လုံးလောက်ကို ကုန်နီအိတ်တွေထဲထည့်ခဲ့ကြတယ် ။

နောက်တစ်နေ့ မှာ တစ်နေ့လုံးခရီးနှင်ခဲ့ကြပြီး ညဖက်စခန်းချဖို့နေရာကိုရွေးခဲ့ကြတယ် ။ အဲဒီအခါ သူတို့ ကုန်နီအိတ်တွေထဲနှိုက်ကြည့်တဲ့အခါ ကျောက်စရစ်ခဲတွေဟာ စိန်တွေဖြစ်နေတာကိုတွေ့ခဲ့ကြရတယ် ။ စိန်တွေရ လာတဲ့အတွက်သူတို့တဖွဲ့လုံးဝမ်းသာပျော်ရွှင်ခဲ့ကြရတယ် ။ ဒါပေမယ့် အများကြီးမကောက်မိ ခဲ့လေခြင်း ဆိုပြီး နောင်တတွေရလို့ ၀မ်းနည်းခဲ့ကြရတယ် ။

------------------------------------------

ကျွန်တော်တို့ ယနေ့အချိန်မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကနေရတဲ့သင်ခန်းစာတွေ ၊ လေ့လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေဟာ အခုအချိန်မှာ ဘာမှသိပ်အသုံးမ၀င်တဲ့ကျောက်စရစ်ခဲတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့်တကယ်ဘေးကြုံရတဲ့အချိန်မှာ အဲဒီကျောက်စရစ်ခဲတွေဟာ စိန်တုံးအဖြစ်ပြောင်းလဲပြီးကိုယ့်ကို ကယ်တင်နို င်ပါလိမ့်မယ် ။

ဒီနေ့ဒီအချိန်ကစလို့ သင်လည်းကျောက်စရစ်ခဲတွေကို ရနိုင်သမျှ စုဆောင်းပါ ။ များနိုင်သမျှ သယ်နိုင်သမျှ သယ် ယူပါ ။ နောင်တချိန်လျှောက်လှမ်းမယ့်ခရီးလမ်းမှာငယ်ငယ်ကစုဆောင်းထားတဲ့ကျောက်စရစ်ခဲတွေဟာ စိန်တွေ အဖြစ်ပြောင်းလဲလို့ သင့်အတွက်အလွန်အသုံးဝင်လာပါလိမ့်မယ် ။

သက်တန့်ချို
John Wayne Schlatter ရေးသားသော The Magic Pebbles အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. မှတ်သားစရာကောင်းပါတယ်

    ReplyDelete
  2. မြတ်နိုးသူ(MUFL)August 22, 2012 at 11:45 AM

    ဗဟုသုတလေးတွေ
    လာေ၇ာက်ဖတ်သားသွားပါတယ်
    အစ်ကိုအားပေးလျက်ပါ

    ReplyDelete
  3. အန်တီလေးမေခင်August 22, 2012 at 11:46 AM

    နောင်တချိန်လျှောက်လှမ်းမယ့်ခရီးလမ်းမှာငယ်ငယ်ကစုဆောင်းထားတဲ့ကျောက်စရစ်ခဲတွေဟာ စိန်တွေ အဖြစ်ပြောင်းလဲလို့ သင့်အတွက်အလွန်အသုံးဝင်လာပါလိမ့်မယ် ။
    ဗဟုသုတစာပေးလေးတွေဆက်လက်ရေးသားနိုင်ပါစေ
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  4. ဒီစာသားလေးဟာသမီးတို့ရဲ့အိပ်ပျော်နေတဲ့အသိဥာဏ်တွေကိုနှိုးစွပေးလိုက်သလိုပါဘဲ။

    ReplyDelete