Monday, June 12, 2017

ဒဂါင်္းပြားနဲ့တူတဲ့ ဘဝ


 ဘ၀ က ဒဂါင်္းပြားတစ်ချပ်ရဲ့
ခေါင်း နဲ့ ပန်းလိုပါပဲ

မျက်နှာပြင်တစ်ဖက်တည်းကိုပဲ
သင်မြင်တွေ့ခွင့်ရမယ်

အမှောင်ဖက်ခြမ်းကို သင်မြင်နေရတယ်ဆိုရင်
သေချာပါတယ် တစ်ဖက်ခြမ်းမှာ အလင်းဆိုတာ ရှိနေသေးတယ်

အခက်အခဲတွေရှိတဲ့အခြမ်းကို သင်မြင်နေရတယ်ဆိုရင်
သေချာပါတယ် အဆင်ပြေချောမွေ့တဲ့တစ်ခြမ်းရှိနေသေးတယ်

ဝမ်းနည်းနာကျင်တဲ့အခြမ်းကို သင်မြင်နေရတယ်ဆိုရင်
ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတဲ့ တစ်ခြမ်းရှိနေသေးတယ်

ဘ၀မှာ ဘာမှ အားငယ်စိတ်ပျက်စရာဆိုတာမရှိပါဘူး
အမှောင်ပြီးရင် အလင်းလာမှာပေါ့
ငိုပြီးရင် ရယ်ရမှာပေါ့

ဘယ်လို ဒါဏ်ရာမျိုးဖြစ်ဖြစ်
အချိန်တန်ရင် အနာကျက်သွားမှာပါ ။

#သက်တန့်ချို
12.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment