Thursday, June 15, 2017

ဘ၀ခရီးလမ်း



ဘ၀က ခရီးသွားနေရသလိုပါပဲ

ခရီးစစထွက်ချင်း ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပျော်စရာကြီးပေါ့
ဒီလိုနဲ့ ဘ၀ခရီးကို ဆက်သွားနေကြတုန်း ခရီးတစ်ဝက်လောက်မှာ

တချို့  ကိုယ်နဲ့ ဆက်မလိုက်နိုင်တဲ့သူတွေ ကျန်ခဲ့ကြတယ်
တချို့ ကိုယ့်ကို နှုတ်မဆက်ပဲ ထွက်သွားခဲ့ကြသူတွေရှိတယ်
တချို့ ကိုယ့်ကို မုန်းပြီး ကျောခိုင်းသွားကြသူတွေရှိတယ်
တချို့ ကိုယ့်ကို နာကျင်စေပြီး လမ်းလွှဲသွားကြသူတွေရှိတယ်
တချို့ ရာထူးဂုဏ်တွေမက်ပြီး ဘ၀င်မြင့်သွားကြသူတွေရှိတယ်
တချို့ မာန်မာနတွေတက်ပြီး အောက်ခြေလွတ်သွားကြသူတွေရှိတယ်
တချို့ လမ်းမှားကို လမ်းမှန်ထင်ပြီး ဇွတ်တိုးသွားကြတဲ့လူတွေရှိတယ်
တချို့ သိက္ခာနဲ့ အဆင့်အတန်းကို အလဲအလှယ်လုပ်သွားကြတဲ့သူတွေရှိတယ်

ဘယ်လိုပဲ စခဲ့စခဲ့
ဒီခရီးကို အဆုံးသတ်ရမှာ ကိုယ်တစ်ယောက်တည်းပါပဲ ။

" သိက္ခာတရားကို တန်ဖိုးထားပါ
ရိုးသားပါ
အလင်းဖက်မှာ နေပါ
စိတ်က မှောင်နေရင် ဘ၀လမ်းတလျောက်လုံးမှောင်နေလိမ့်မယ် "

ဘယ်နေ့ အဆုံးသတ်မလဲမသိတဲ့ ဘ၀ခရီးမှာ
ကိုယ့်စိတ်ကို ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ ။

#သက်တန့်ချို
15.7.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment