Wednesday, June 7, 2017

" ဘယ်လိုအရာတွေကို သည်းခံရမလဲ "


" ဘယ်လိုအရာတွေကို သည်းခံရမလဲ "

တခါတလေ တချို့သောကိစ္စရပ်တွေဟာ သည်းခံလိုက်ရမလား
သည်းမခံပဲ ဖြေရှင်းလိုက်ရမလားဆိုပြီး ဒွိဟဖြစ်နေတတ်တယ်

ကိုယ်သည်းခံလိုက်လို့ ပတ်ဝန်းကျင်ကလူတွေကိုရော
ကိုယ်ကိုယ်တိုင်ရော ထိခိုက်နစ်နာမှု နည်းသွားစေမယ်ဆိုရင် သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်းအကျိုးရှိသွားမယ်
သူတစ်ပါးကိုလည်း အပြစ်မဖြစ်စေ ၂ ဦး ၂ဖက် မှာ အဆင်ပြေသွားမယ်ဆိုရင်သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ပြဿနာတစ်ခုက အဆိုးကနေ
အကောင်းဖက်ကို ဦးတည်ပြောင်းလဲသွားနိုင်မယ်ဆိုရင် သည်းခံလိုက်ပါ

ဒီလိုမှ မဟုတ်ပဲ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်း စိတ်ဆင်းရဲမယ်
အကုသိုလ်တွေပိုတိုးပြီး မကောင်းတာတွေထပ်ဖြစ်လာနိုင်တယ်ဆိုရင် သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ အခြေအနေက ပိုဆိုးသွားမယ်
ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နာကျင်စေနိုင်တဲ့ကိစ္စမျိုးဆို သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ ရောင့်တက်လာပြီး
ကိုယ့်ကို စော်ကားတဲ့အဆင့်ရောက်နိုင်တဲ့ကိစ္စမျိုးဆိုသည်းမခံပါနဲ့

======================

သည်းခံတိုင်းလည်း ကောင်းတာမဟုတ်သလို
အဆိပ်မရှိရင်လည်း လူတွေက ကစားစရာလို သဘောထားတတ်ကြတယ် ။

သက်တန့်ချို
7.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment