Monday, June 26, 2017

ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ


အထက်လူကြီး အလုပ်မှာမရှိလို့
ဝန်ထမ်းတစ်ယောက်ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားနည်းချက်ရှိနေလို့ပဲ

အထက်လူကြီးအလုပ်လာလို့
ဝန်ထမ်းတစ်ယောက် ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားသာချက်ရှိလို့ပဲ

အကြောင်းပြချက် တိတိကျကျမရှိပဲ
ဝန်ထမ်းတစ်ယောက် ခနခန ခွင့်ယူတယ်
နောက်ကျနေတယ်ဆိုရင် သေချာပါတယ်
လုပ်ငန်းခွင်မှာ ပျော်မွေ့မှုမရှိတော့လို့ပဲ

တကယ်တော့ အထက်လူကြီးနဲ့ ၀န်ထမ်းဆိုတာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ

အထက်လူကြီးက
" ငါရာထူးကြီးတယ် ငါလုပ်ချင်တာလုပ်မယ်
ငါလုပ်တာမှန်တယ် ငါ့ကို ဘာမှ ပြန်မပြောနဲ့
ငါ့ Rule နဲ့ညီအောင်နေ မကျေနပ်ရင်ထွက်  "
ဆိုတဲ့ စိတ်ဓါတ် ရှိနေပြီဆိုရင်
သေချာပါတယ် ....
မကြာခင် ကျရှုံးမဲ့ လမ်းကို ဦးတည်နေတာပါပဲ ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်
ကိုယ့်လက်အောက်ကလူတွေရဲ့
စိတ်ခံစားချက် အပြုအမူတွေကို သိနေဖို့လိုတယ် ။

#သက်တန့်ချို
26.7.2017 #ttcworkquote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment: