Friday, June 23, 2017

နေရာတကာ မျှမျှတတတွေးပါ

 လူတစ်ယောက်ကို စစ်စစ်မှန်မှန်မဆက်ဆံနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
စစ်မှန်တဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

လူတစ်ယောက်ကို စိတ်နှစ်ကိုယ်နှစ် မပေါင်းသင်းနိုင်ရင်
မပက်သက်တာအကောင်းဆုံးပါပဲ
စိတ်နှစ်ကိုယ်နှစ်ပေါင်းတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

လူတစ်ယောက်ကို နောက်ဆုံးအချိန်အထိ တာဝန်မယူနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
မျှော်လင့်ချက်များတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

" ကိုယ့်အတွက်လည်းကြည့်ပါ .. သူတစ်ပါးအတွက်လည်းကြည့်ပါ "
နေရာတကာမှာ မျှမျှ တတ တွေးနိုင်ခဲ့ရင်
လောကကြီးက နေပျော်ဖို့ကောင်းပါတယ် ။

#သက်တန့်ချို
23.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment