Saturday, June 17, 2017

ပျော်ရွှင် ရဲရင့် လွတ်လပ်ခြင်းဆိုတာ

ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာ
နောက်ဆက်တွဲ စိုးရိမ်ပူပင်ခြင်းကင်းတဲ့
ပေါ့ပါးလွတ်လပ် ပျော်ရွှင်ခြင်းကိုခေါ်တယ်

ပျော်တော့ပျော်တယ် ဒါပေမယ့် မသိစိတ်ထဲ
စိုးရိမ်မှု ပူပန်မှုရှိနေတယ်ဆိုရင် ပျော်ရွှင်ခြင်းအစစ်မဟုတ်သေးဘူး

ရဲရင့်ခြင်းအစစ်အမှန်ဆိုတာ
ကိုယ့်ဖက်မှာရှိတဲ့စစ်မှန်တဲ့ ခိုင်လုံချက်တွေကို
ကိုယ်ကိုယ်တိုင် ဖော်ထုတ်ပြသနိုင်ခြင်းကိုခေါ်တယ်

သတ္တိတော့ရှိပါရဲ့ ဒါပေမယ့် ကိုယ့်ဖက်က အားနည်းချက်
တစ်ခုခုရှိမလား ပူပန်မှုရှိနေတယ်ဆိုရင် ရဲရင့်ခြင်းအစစ်မဟုတ်သေးဘူး

လွတ်လပ်ခြင်းအစစ်အမှန်ဆိုတာ
ဘယ်သူ့ကိုမှ ထိခိုက်နာကျင်စေခြင်းမရှိတဲ့
လုပ်ပိုင်ခွင့်နယ်ပယ် ဆုံးဖြတ်ပိုင်ခွင့်နယ်ပယ်ကိုခေါ်တယ်

လွတ်တော့လွတ်လပ်ပါရဲ့ ဒါပေမယ့်
ကိုယ့်လွတ်လပ်မှုကြောင့် ကိုယ့်ဘေးကလူတွေ ထိခိုက်နာကျင်ခြင်းကလည်း
လွတ်လပ်ခြင်းအစစ်မဟုတ်သေးဘူး ။

#သက်တန့်ချို
17.6.2017 #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment