Tuesday, June 27, 2017

ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာ


နာမည်တစ်ခု ပျက်စီးဖို့ဆို တာသိပ်လွယ်ပါတယ်
နာမည်တစ်ခု တည်ဆောက်ဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်

ဂုဏ်သိက္ခာ ပျက်ယွင်း နိမ့်ကျဖို့ဆိုတာ သိပ်လွယ်ပါတယ်
ဂုဏ်သိက္ခာ မြင့်မား ခိုင်မာဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်

ရိုးသားတဲ့ စိတ်ကို အရောင်ဆိုးဖို့ဆိုတာ သိပ်လွယ်ပါတယ်
ရိုးသားတဲ့ စိတ်ကို မပျက်စီးအောင်ထိမ်းသိမ်းဖို့
အချိန်အများကြီးယူပြီး မယိုင်လဲအောင် နေရတယ်

" လောကကြီးမှာ ပျက် .. တာက လွယ်သလောက်
ပြင် ... ရတာက ခက်တယ်
တစ်ခါ ပျက်ပြီး ရင် တစ်သက်လုံး ပြင်ဖို့ ခက်တာက
ပျက်စီးသွားတဲ့ နာမည် ၊ ဂုဏ်သိက္ခာနဲ့  ရိုးသားမှု ပဲ "

သင့်မှာ ရိုးသားတဲ့ စိတ်အခံလည်းရှိတယ်
တည်ကြည်ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာလည်းရှိတယ်
မပျက်စီးတဲ့ နာမည်ကောင်းတစ်ခုလည်းရှိတယ်ဆိုရင်
ဘယ်လို အရာနဲ့ဖြစ်ဖြစ် အပျက်စီး မခံပါနဲ့

" ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာတွေဖြစ်လို့ပါပဲ "

#သက်တန့်ချို
27.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment