Wednesday, August 31, 2011
သူနဲ့တွေ့မှ စိတ်ချရပြီ
သူနဲ့တွေ့မှ စိတ်ချရပြီ
( ဒီဆောင်းပါးကတော့ ဆေးကုမ္ပဏီအတွက်ရေးပေးတဲ့ ဆောင်းပါးဖြစ်ပါတယ် ။ ကျွန်တော်ပြောချင်တဲ့အချက်တွေကို နောက်ဆုံးအပိုဒ်မှာထည့်ရေးပေးထားတယ် ။ စာဖတ်သူတွေဆီကလည်း အခုလို အရေးပေါ်သန္ဓေတားဆေးတွေ ဈေးကွက်ထဲ ပေါ်ပေါ်ထင်ထင် အသုံးတွင်ကျယ်လာခြင်းနဲ့ပတ်သတ်လို့ ဘယ်လို ထင်မြင်ပါသလဲဆိုတာ သိချင်ပါတယ် ။ ဒီဆောင်းပါးကို ပွင့်သောပန်းတိုင်းမွှေးစေချင် ၊ ပန်းကလေးများမနွမ်းစေချင် စသဖြင့်ကျနော်အများကြီးရေးဖူးတယ် ။ ဒါပေမယ့် အပျိုဇတ်လမ်းတွေနဲ့ရေးရင် အပျိုတွေလိုက်တုပြီးမှားကုန်မှာစိုးလို့တဲ့ အိမ်ထောင်သည်နဲ့ပြန်ရေးပေးပါဆိုလို့ ပြန်ရေးလိုက်ရတယ် ( ဘာမှလည်းမဆိုင်သလိုပဲ အိမ်ထောင်သည်က ရောအရေးပေါ်သုံးပါ့မလား regular ဆိုတော့ ထိုးဆေးနဲ့သောက်ဆေးပဲသုံးမှာပေါ့ ဒါပေမယ့်ကျနော့်ဇတ်လမ်းထဲကလို ခွဲနေရတဲ့သူဆိုရင်တော့အဆင်ပြေနိုင်ပါတယ် )
၁ ။ အဲဒီဆေးတွေပေါ်လာတာကောင်းသလား ၊ ဆိုးသလား
၂ ။ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေမှာ ပေါ်ပေါ်ထင်ထင်ပါလာတာ ကောင်းသလား ၊ ဆိုးသလား
၃ ။ နောက်ဆက်တွဲတွေ ဘာတွေဖြစ်နိုင်သလဲ အဲဒီလိုမျိုး စာဖတ်သူတွေဆီက အတွေးလေးတွေပေါ့ ။ )
မိုးတွင်းအချိန်မို့ အရာရာသည် အုံ့အုံ့ဆိုင်းဆိုင်းနှင့် ထိုင်းမှိုင်း၏ ။ ပိတ်ရက်ဖြစ်သောကြောင့် ဂျာနယ် တစ်စောင်နှင့် ဇိမ်ယူနေခိုက် ` ကလင်..ကလင်...ကလင် ´ ဟု အသံကြားလိုက်သောကြောင့် ဖုန်းကို ကိုင်လိုက် ၏ ။
` ဟလို ´
` ဟလို ဆရာကျော်လား ဆရာ အခုဘယ်မှာလဲ ´
` အိမ်မှာပါခင်ဗျ ဘယ်သူလည်းမသိဘူး ´
` အဲ့ ဆရာကျော် ငါ့အသံ မမှတ်မိတော့ဘူးလား ငါ ဥမ္မာလေ ´
` အာ ဥမ္မာ နင်ကလည်း ဆရာကျော်တွေဘာတွေလုပ်နေတော့ ငါကဘယ်သိမလဲဟ အရင်လို ကျော် လို့ပဲခေါ်စမ်း ပါဟာ ငါအိမ်မှာရှိတယ် ´
` ဟီး.. အေး ကျော် နင့်ကို ငါတိုင်ပင်စရာရှိလို့ဟ ငါအခုလာခဲ့မယ်သိလား ခဏလေးပဲစောင့် ´
ပြောပြောဆိုဆို သူငယ်ချင်းမ ဥမ္မာက ဖုန်းချသွားလေသည် ။ ငယ်ငယ်ကတည်းက ငယ်သူငယ်ချင်းတွေမို့ ဒင်း အကြောင်း မရှိပဲတော့ လာမှာမဟုတ် ။ အိမ်ထောင်မကျခင်ကတော့ ခဏခဏတွေ့ဖြစ်ကြပေမယ့် အိမ်ထောင် ရှင်မ ကြီး ဖြစ် သွားပြီးတဲ့နောက်မှာတော့ ဥမ္မာ တစ်ယောက် အိမ်မှုကိစ္စတွေ ကလေး ၂ ယောက်နှင့် လုံးလည် ချာလည်လိုက်နေပေပြီ ။ ကျောင်းတုန်းမှာဆို ဥမ္မာက သူတို့ကျောင်း၏ ကွင်း အလှဘုရင်မ ။ အခု ကလေး ၂ ယောက် ရနေတာတောင် သူငယ်ချင်းမ က လှနေတုန်းပင် ။ သဘောင်္သား သူငယ်ချင်း တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီးနောက် သူတို့ အိမ်ထောင်ရေးက နေနဲ့လ ရွှေနဲ့မြဟုပြောရမလိုပင် သာယာလှပေသည် ။
အတွေးထဲ နစ်မျောနေခိုက် ခြံတံခါး ဖွင့်သံကြောင့် လှမ်းကြည့်လိုက်တော့ သူငယ်ချင်းမ ဥမ္မာ တစ်ယောက် ခြံထဲ ၀င်လာသည်ကိုတွေ့လိုက်ရလေတော့သည် ။
`ဟဲ့ ကျော် နင်က ဇိမ်ကျနေတယ်ပေါ့လေ ဂျာနယ်ဖတ်ပြီးတော့ ဆေးခန်းမသွားဘူးလား ´
` ဒီတစ်ရက်တော့ နားပါရစေ မိဥမ္မာရယ် ညနေကျရင် တော့သွားမှာပေါ့ဟ ကဲပြော ဘာဒုက္ခပေးဦးမလို့လဲ ´
` ဟီး နင်က ဘယ်လိုသိလဲ ´
` သိတာပေါ့ ဆရာကျော်တွေဘာတွေခေါ်နေပြီး အကြောင်းထူးပြီးရောက်လာပုံထောက်ရင်တော့ ပြော နင့်ဘဲဘဲ ကြီး ဘာဖြစ်လို့လဲ ´
` ဟီး ဟုတ်ပါဘူး ဟ ဒီတစ်ခါ သူဖြစ်တာမဟုတ်ဘူး ငါဟ ငါလည်း တိုင်ပင်စရာမရှိလို့ဟာ နင့်ပဲ ပြေး မြင်ပြီးထွက် လာတာ ´
` ကဲဆိုစမ်းပါဦး ´
` ဒီလိုဟာ နင်နဲ့ငါနဲ့က သူငယ်ချင်းတွေပဲ နင်က ဆရာဝန်ဆိုတော့ ငါ ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဟာ ဟီး အခု ငါ့မှာ ကလေး ၂ ယောက်ရှိတာနင်သိတယ်နော် ´
` တယ် .. ငါပဲ ၂ ယောက်လုံးမွေးပေးခဲ့တာမဟုတ်လား အဲဒါဘာဖြစ်လဲ ´
` ဟီးး အေးလေ အဲဒါ ငါ နောက်ထပ်ကလေးမယူချင်သေးဘူးဟ အခု ၂ ယောက်နဲ့ တောင် တော်တော် အလုပ် များနေပြီ ´
` မယူနဲ့ပေါ့ဟ ရတာပဲ ထိုးဆေးသုံးတယ်မဟုတ်လား ´
` အဲဒါပြောတာပေါ့ အခုကိုမျိုးတစ်နေ့က သင်္ဘောကဆင်းလာတယ်လေ ငါ လည်း ၀ မှာစိုးလို့ ထိုးဆေးမထိုး ထားဘူးဟ အဲဒါ မနေ့ညက ငါတို့အတူနေမိလိုက်တယ်ဟာ သူက ကွန်ဒုံးလည်းမသုံးချင်ဘူးပြောတယ် ဒီတော့ ဘာအကာအကွယ်မှ မသုံးလိုက်မိဘူး ငါ နောက်ကလေးထပ်မယူချင်ဘူး ကျော်ရယ် အဲဒါငါ့ကို အကြံပေးပါဦး´
` အင်းဖြစ်ရမယ် ဖြစ်ရမယ် မိဥမ္မာ နင်ကလေ အရာရာနဲ့အကြောင်းကြောင်းကြီးပဲသိလား ´
`လုပ်ပါ ကျော်ရယ် ငါ့မှာ အရေးကြီးတိုင်ပင်စရာဆိုလို့ နင်ကလွဲပြီးဘယ်သူမှမရှိဘူးလေဟာ ´
မျက်နှာငယ်လေးနဲ့ စိုးရိမ်စိတ်နှင့်ပြောနေသော ဥမ္မာ့ကိုကြည့်ရင်းသူ သက်ပြင်းချမိသည် ။
`ဟုတ်ပါပြီ မယ်မင်းကြီးမ ရယ် ကဲ မနေ့ညက အတူနေမိတာဆိုတော့ အခုဆိုအလွန်ဆုံးရှိမှ ၁၂ နာရီတောင် မကျော်သေးပါဘူး ။ နင်အရမ်းကံကောင်းပါတယ် မိဥမ္မာရယ် ဟိုးအရင်ခေတ်ကလို မဟုတ်တော့ဘူးလေ အခုခေတ် မှာ အရေးပေါ် သန္ဓေတားဆေးဆိုတာ ပေါ်နေပြီဟ အဲဒါနင်သောက်ရမယ် ။ ဆေးကဒ်တစ် ကဒ်မှာ ဆေး ၂ လုံးပါတယ် ခဏလေးစောင့် ငါနမူနာပြမယ် ´
သူ့ကိုခဏစောင့်ခိုင်းပြီး မနေ့က ဆေးကုမ္မဏီမှ နမူနာ sample ပေး သွားသော ဆေး ကဒ်လေးအား သွားယူလိုက်လေသည် ။
` ဒီမှာ ဒီဆေးကဒ်လေးကို Pill 72 လို့ခေါ်တယ် အရေးပေါ် သန္ဓေတားဆေးပေါ့ဟာ 72 က ဘာကို ရည်ညွှန်သ လဲဆို ရင် ၇၂ နာရီကို ရည်ညွှန်းတယ် ၇၂ နာရီအတွင်းသောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးပေါ့ဟာ ဒီ ထက်စောစောသောက်နိုင်ရင်တောပိုကောင်းတာပေါ့ ´
` ဟုတ်လား တယ်မိပါလား ဘယ်လိုသောက်ရတာလဲဟ ´
` ဆေး ၂ လုံးပါတယ်ဟာ ဆေး ၂လုံးလုံးကို ၇၂ နာရီအတွင်းသောက်ရမယ် ပထမဆေးတစ်လုံးသောက်ပြီး ၁၂ နာရီကြာရင်နောက် တစ်လုံးသောက်ရမယ် ။ ဆေးသောက်ပြီး ပျို့အံနေခဲ့ရင်ပြန်သောက် ရမယ်နော်အဲဒါ ကိုလည်းမှတ်ထားလို့လိုတယ် ´
` အင်းသိပြီ ဒါနဲ့ စိတ်ချရပါ့မလားဟ ´
` အင်း တစ်ခုတော့ပြောမယ် ဥမ္မာရဲ့ အခုသုံးနေတဲ့ အရေးပေါ်သန္ဓေတားဆေးမှမဟုတ်ဘူး ၃ လခံထိုးဆေးတွေ လက်ညွှန်း ထိုးကဒ် OC Pill တွေနဲ့ နောက်ဆုံး ကွန်ဒုံးသုံးတာတောင်မှ Failure Rate ဆိုတာရှိတယ် ။ ဒီတော့ ဒီလို သန္ဓေတား ကာကွယ်ဆေးတွေမှာ ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်ဆိုတာ ဘယ်ဆေးမှာမှမရှိဘူး ကာ ကွယ်ပေးနိုင်ပါတယ်လို့ အာမခံရင်လည်း အဲဒါလိမ်တာပဲဖြစ်လိမ့်မယ် ဒါပေမယ့် ဟာ အထူးထုတ်လုပ်ပြီး trial တွေ study တွေအများကြီး လုပ်ပြီးမှ ဈေးကွက်ထဲရောက်တာဆိုတော့ ၉၀ ရာခိုင်နှုန်းကျော်တော့ စိတ်ချ ရပါတယ် ဟ ´
` အင်း.. နင်ရှင်းပြမှပဲသေချာသိတော့တယ် ကျော်ရယ် တချို့ငါ့သူငယ်ချင်းတွေ ကိုယ်ဝန်တားဆေး သုံးနေရင်း ကနေ ကိုယ်ဝန်ရသွားတာတွေက ဒါဟာ failure rate ကြောင့်ပေါ့နော် ´
` အင်းပေါ့ ဟုတ်တာပေါ့ ဒါပေမယ့်လည်းဟာ လူတိုင်းမှာ ကြုံရနိုင်တာတော့မဟုတ်ပါဘူး ဒီဆေးတွေကို ကမ္ဘာပေါ် မှာ သန်းပေါင်းများစွာသောအမျိုးသမီးတွေ ယုံကြည်စိတ်ချစွာသုံးနေကြတာပဲ failure rate ဆိုတာ လည်း လူတိုင်းကြုံရနိုင်တာတော့မဟုတ်ပါဘူး ဒီလို ဖြစ်နိုင်တယ်ဆိုတဲ့သဘောတရားလေးကိုသိထားယုံပါ ကဲ ဘာသိချင်သေးလဲ ´
` ရှင်းသွားပါပြီ ဒါနဲ့ ဒီ Pill 72 က အရည်အသွေးရော စိတ်ချရပါ့မလား ´
` စိတ်ချရသလားတော့မမေးနဲ့ အိန္ဒိယ နိုင်ငံမှာ Cipla ဆိုတာ နာမည်ကြီးဆေး ၀ါးထုတ်လုပ်ရေး ကုမ္မဏီကြီးတစ်ခုပဲ Pill 72 ကို Cipla က ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ Vimal Company ကတင် သွင်းဖြန့်ချီပါတယ် တစ်နိုင်ငံလုံးက အမြို့မြို့ အနယ်နယ်က ဆိုင်တိုင်းမှာ အလွယ်တကူမေးဝယ်နိုင်ပါတယ် ´
` ဒါနဲ့ နောက်ဆွေးနွေးစရာရှိသေးတယ် ဒါကတော့ ဒီဆေးနဲ့မဆိုင်ဘူးပေါ့ဟာ ငါတွေးမိတာလေးရှိလို့ပါ ငါက အိမ်ထောင်သည်မို့ထားပါတော့ ဒီလိုဆေးတွေကို အခုလို ဈေးကွက်ထဲရောက်ပြီးလူတွေအများကြီးသိကုန်တော့ ငယ်ရွယ် တဲ့မိန်းကလေးတွေ လူငယ်လေးတွေအတွက် ငါတို့ လွယ်လွယ်မှားလို့ရတာပဲ မှားပြီးရင်လည်း ဒီဆေးသောက်လို့ရတာပဲ ဆိုပြီးအတွေးမှားမသွားနိုင်ဘူးလား ကျော် ပြီးတော့ အခုခေတ်က လည်းနင်သိ တဲ့အတိုင်းပဲ အကုန်လုံးက လိုတာထပ် ပွင့်လင်းနေကြတယ်ဆိုတော့ ´
` ဒီလိုရှိတယ် ဥမ္မာရဲ့ ငါတို့ဟာ ဘယ်အရာကိုပဲကြည့်ကြည့် အကောင်းဖက်ကကြည့်မလား အဆိုးဖက် ကကြည့်မလားဆိုပြီးရွေးချယ်ရလိမ့်မယ် အဆိုးဖက်ကကြည့်မယ်ဆိုရင်တော့ နင်ပြောသ လိုပေါ့ ဆေး ကုမ္မဏီတွေ က ဒီလို သန္ဓေတားကာကွယ်ဆေးတွေကို ဂျာနယ်တွေ မဂ္ဂဇင်းတွေ မှာ ပေါ်ပေါ် ထင်ထင်ကြော်ငြာ လာတော့ လူငယ်လူရွယ်လေးတွေအနေနဲ့ ငါတို့ မှားမိလည်းဒါသောက်လို့ရတာပဲဆိုပြီး အတွေးဝင် သွားနိုင်တာပေါ့ ဒါပေမယ့်နင်စဉ်းစားကြည့် လေ ဒါတွေကိုသူတို့မသိလို့ မှားမိပါပြီတဲ့ ကိုယ်ဝန်ရလာပြီတဲ့ ဖျက်ချပါပြီ တဲ့ မသေသင့်ပဲသေကြရမယ် ဒုက္ခတွေများကြမယ် နောက်ဆက်တွဲ ပြဿနာတွေအများကြီး ငါတို့က အဓိကလုပ်သင့်တာက ဒါတွေဟာ ဒီလို ဆိုးကျိုးတွေရှိတယ်ကောင်းကျိုးတွေရှိတယ် ဒီလမ်းကိုသွားရင် ဒီကိုရောက်မယ် ဆိုတာပြောပြရမယ် အသိပညာပေးရမယ် အဲဒါကို လက်ခံတဲ့နေရာမှာ သူတို့ရဲ့ကိုယ်ပိုင် အတွေးအခေါ် ယဉ်ကျေးမှု ပတ်ဝန်းကျင်နဲ့ ဗီဇ တွေအပေါ်မူတည်တယ် ဆိုးတဲ့အကွက်လေးက ဒီလို အသိ ပညာပေး လို့ရလာတဲ့ကောင်းကွက်နဲ့စာရင် နည်းနည်းလေးပါ ဥမ္မာရယ် ကျန်းမာရေးအသိပ ညာ တွေ နဲ့ ဆေးဝါးတွေ ကို လူတွေ အတော်များများသိသွားကြရင် မြန်မာနိုင်ငံမှာ abortion rate တွေ ကျလာလိမ့် မယ် ဆေး ၀ါးတွေကို ပဲစေ့လို လွယ်လွယ်ကူကူစားနေကြတဲ့ Misuse တွေလည်းနည်းလာလိမ့်မယ်လို့ ငါကတော့ ယုံကြည်တယ် ´
` အ င်း ကျေးဇူးပါပဲဟာ နင်ရှင်းပြမှပဲ ငါလည်း နားလည်တော့တယ် ငါလည်းခုန ကလိုပေါ့အဆိုး ဖက်က တွေး ပြီးစိုးရိမ်နေမိသေးတယ် ဘာပဲဖြစ်ဖြစ်ပါဟာ အခုဆို နင်ညွှန်ပြတဲ့ဆေးလေးကြောင့် ငါ စိတ်အေး သွားရပြီ နင်နဲ့တွေမှ စိတ်ချရတော့တယ် ´
` ဘယ့်နှယ့် ငါနဲ့တွေ့မှမဟုတ်ပါဘူးဟ သူနဲ့တွေ့မှ စိတ်ချရတယ် လုပ်စမ်းပါ ´ ဟု ပြောရင်း Pill 72 ကဒ်လေးကို လက်ညွှန်း ထိုးပြလိုက်တော့ ကြည်လင်စွာ ပြုံးလိုက်သော သူငယ်ချင်းမလေးကိုကြည့်ရင်း ၀မ်းသာ ပီတိဖြစ် ရတော့သည် ။
သက်တန့်ချို
www.thettantcho.com
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
14 comments:
  1. ဆရာလေးပြောသလိုပါပဲ...
    ဆိုးကျိုးနဲ့ ကောင်းကျိုးကိုချင့် ချိန်တွက်ဆရပါ
    မယ်...
    ပြီးတော့ ပြောင်းလဲလာနေတဲ့ ခေတ်ကာလကို
    လည်းကျွန်တော်တို့ မေ့ ထားလို့ မရပါဘူး...
    လက်ရှိဖြစ်ထွန်းနေတဲ့ အခြေအနေကိုမျက်စေ့ 
    မှတ်ပြီး ဟင့် အင်း တို့ ငယ်ငယ်တုံးက၊ အဘိုး
    တွေ၊အဖွားတွေ၊ အဖေတွေ၊ အမေတွေခေတ်
    တုံးကဘယ်လိုဆိုပြီးအတင်းဖြစ်စေချင်နေလို့ 
    လည်းမရတော့ ပါဘူး...
    အကောင်းဆုံးကတော့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုရှင်းပြအသိပေးရမယ်...
    ဒါပေမယ့် ထိန်းချူပ်လို့ ရနိုင်တာလေးတစ်ခု
    ကတော့ အဲဒီအရေးပေါ်ဆေးတွေကို ဆရာ
    ပြုနိုင်အောင်လုပ်ထားလိုက်ယင်တော့ လွဲမှား
    စွာအသုံးချတာ ( ဒီဆေးအားကိုးနဲ့ အကြိမ်
    ကြိမ်မိုက်မဲစွာ သဘောကောင်းနေကြတာ )
    နည်းပါးသွားနိုင်မယ်ထင်ပါတယ်...
    ReplyDelete
  2. ကိုပီတာပြောသလိုပါပဲ မှန်ပါတယ် အဲဒီဆရာဝန်ညွှန်းစာမပါပဲ Antibiotic တွေနဲ့တခြား OTC ( Over the counter ) ဆေးမဟုတ်တဲ့ Prescription ဆေးတွေကို လွယ်လွယ်ဝယ်လို့ရနေတာကတော့အဓိကအားနည်းချက်ကြီးတစ်ခုပါ ။ အဲဒါကိုပြင်ဖို့ ကြိုးစားနေကြပေမယ့်လည်းအခုထိတော့ အကောင်အထည်ပေါ်မလာသေးပါဘူး ။ တစ်နေ့နေ့တော့ ဖြစ်လာမယ်မျှော်လင့်ပါတယ် ခင်ဗျာ ။ ကျေးဇူးတင်ပါတယ်း)
    ReplyDelete
  3. အနော့်ကို ဦးဦးလို့ခေါ်သွားတဲ့ ဘဘသက်တန့်ရေ... ဟေဟေ့..ကျွန်တော်လည်း ကိုပီတာကျော် ပြောတဲ့ အဆိုအတိုင်းပဲ ပြောချင်ပါတယ်။။ လွယ်လွယ်လေး ဝယ်လို့ရနေခြင်းအားဖြင့် ဟိုးတလောက ဖတ်လိုက်၊ ကြားလိုက်ရတဲ့ ချစ်သူများနေ့မှာ မြန်မာနိုင်ငံက တည်းခိုခန်းတွေ၊ ဟော်တယ်တွေမှာ အခန်းလွတ်တောင် မကျန်တော့အောင် လူပြည့်ခဲ့ပါတယ်ဆိုတဲ့ (ဟုတ်မဟုတ်တော့ သေချာမသိပါ) သတင်းမျိုးတွေ နှစ်တိုင်းကြားနေရမယ် ထင်တာပါပဲဗျာ။။ အဲလိုသာဆိုရင်တော့ ကိုယ်တွေလို ရည်းစားမရှိ၊ရင်ခုန်ဆဲ၊ လူပျိုလေးတွေတော့ မျက်ခုံးခပ်လှုပ်လှုပ်ရယ်။။ အဲဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲ ဒီဆိုးကျိုးကြီးကတော့ တော်တော်ဆိုးဆိုးပါဗျာ။။။ ငိုတောင် ငိုချင်လာပြီ။။ ဟေးဟေး။။။
    ReplyDelete
  4. သိထားသင့်တဲ့အရာအနေနဲ့တော့မရည်ရွယ်ပဲဖြစ်သွားခဲ့တဲ့ကိစ္စတွေမှာ့အရှက်တကွဲအကျိုးနည်းမဖြစ်အောင်ကာကွယ်နိုင်တာပေါ့...( ဥပမာ အလိုမတူပဲအစော်ကားခံလိုက်ရတာမျိုး ကိုပြောတာပါ။) ..ဒီဆေးမျိုးရှိလို့ ဆိုပြီးလွယ်လွယ်ဖြစ်ကြတာတွေကတော့ လူတဦးချင်းစီနဲ့ ပဲဆိုင်တယ်လို့ ထင်ပါတယ်။ :))
    ReplyDelete
  5. မလုပ်နဲ့ဆို လုပ်ချင်ကြတဲ့ ခေတ်ဆိုတော့လဲ လုပ်ကြ လုပ်ကြ လုပ်ကြ လို့ အမိန့်ပေးမှ မလုပ်ဘဲ နေကြမယ် ထင်ပါတယ်။ မထိန်းနိုင်လို့ ပြုလုပ်ကြသူတွေအတွက် အမှန်တကယ် သုံးစွဲနည်းတော့ လိုအပ်ပါတယ်။
    ခင်မင်လျှက်
    ReplyDelete
  6. ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ကောင်းကျိုး ဆိုးကျိုးတွေ ဒွန်တွဲနေတယ်။ လိုက်လို့မမှီတော့တဲ့ ဆေးပညာရပ်တွေနဲ့ ပတ်သက်ပြီး ပညာပေးစာစောင်လေးတွေ ပိုမိုထုတ်သင့်တယ်လို့ ထင်ပါတယ် ကိုသက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7. အင်း ကောင်းကျိုးလဲလာသလိုဆိုးကျိုးကလဲလာနေမှာပဲ
    လေ..
    ReplyDelete
  8. I think you will want to get a facebook button to your website. I just bookmarked this article, although I must make it manually. Simply my advice.
    My site:
    rachat de credits rachatdecredit.net
    ReplyDelete
  9. ဆေးပညာဗဟုသုတရလို့ ကျေးဇူးပါ။ ဘယ်သူမဆိုသိသင့်တယ်လို့ထင်ပါတယ်။ ကောင်းတာလို ချင်ရင်တော့ ဆိုးတာလည်းနည်းနည်းတော့ပေးဆပ်ရမယ်လို့ ကျွန်တော်လက်ခံပါတယ်။ ကောင်းတာပိုဖြစ်ဖို့ မျှော်လင့် ရင်းနဲ့ပေါ့။
    ReplyDelete
  10. ကောင်းပါတယ်။ကောင်းမွန်တဲ့ဗဟုသုတမျိုးကိုတချို.တချို.သောမသိနားမလည်သေးတဲ့အမျိုးသမီးတွေအတွက် ဒါမှမဟုတ် သိရက်သားနဲ.မသိချင်ယောင်ဆောင်တဲ့အမျိုးသားနဲ.အမျိုးသမီးတွေအတွက်ဒီလိုမျိုး ဆေးပညာဆိုင်ရာဗဟုသုတတွေကိုတင်ပြပေးတဲ့ ကိုသက်တန်.ချို ကိုအရမ်းကျေးဇူးတင်ပါတယ်။ သက်တန်.ချိုနဲ.သိချင်တဲ့ ဖြူစင်သန်.
    ReplyDelete
  11. pill 72 ဆေးက 2လုံးတစ်ခါတည်း သောက်ရတာလား ဆရာ 1လုံးချင်းသောက်ရတာလား ဗျ ရှင်းပြပေးပါအုံးဆရာ အရေးကြီးလို့ ပါ သယ်ရင်းများသိရင်လဲ ပြောပြပေးပါအုံး နော် အရေးကြီးလို့ ပါ 2 လုံးလုံး တစ်ခါတည်း တိုက်လိုက် လို့ ပါ
    ReplyDelete
  12. pill 72 ဆေးကို သုံးရင် 2လုံး လုံး တစ်ခါတည်းသောက်လို့ ရလား ဗျ ။ တစ်လုံးချင်းသောက်မှာ ရတာလား ။ ဖြေပါပါအုံး ။ အရေးကြီးလို့ ပါ ။
    ReplyDelete
  13. pill 72 ဆေး က 2 လုံးတစ်ခါတည်းသောက်ရတာလား 1 လုံချင်းသောက်ရတာလား ဖြေပေးပါအုံး ။ 2 လုံးတစ်ခါတည်းသောက်ရင် ကိုယ်ဝန်ရှိသွားနိုင်လား တစ်ခါတည်းသောက်လို့ ရလား ။ ဗျ။
    ReplyDelete
  14. ကို(ဆရာ) သက်တန့်ချို ကျွန်တော့်ကို တစ်ခုလောက်ရှင်းပြပေးပါအုံဗျ pill 72 အကြောင်းပြီးတော့ 2လုံးတစ်ခါတည်းသောက်ရင် ရလား ဗျ အရေးကြီးလို့ပါ။
    ReplyDelete