Friday, September 16, 2011

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman



မျက်မြင်တွေ့ဖူးသူများဆွဲပြသော ပုံကြမ်း

Mothman ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက် ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅ ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။



ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ၂၀၀၂ ခုနှစ် ရုပ်ရှင်တွေမှာ Keel ရဲ့စာအုပ်တွေကိုအခြေခံပြီး Mothman Prophecies ဆိုပြီး ထင်ရှားကျော်ကြားလာခဲ့တယ် ။

၁၉၉၆ ခုနှစ်ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာပေါ့ ။ Point Pleasant မှ ငယ်ရွယ်တဲ့ စုံတွဲနှစ်တွဲဖြစ်တဲ့ Roger နဲ့ Linda Scarberry ၊ Steve နဲ့ Mary Mallette တို့ဟာ သူတို့ဟာ အဖြူရောင်ထူးဆန်းတဲ့ သတ္တ၀ါကြီးကို မြင်ခဲ့ရကြောင်း ရဲတွေကိုပြောဆိုခဲ့ပါတယ် ။ အဲဒီအဖြူကောင်တွေရဲ့ မျက်လုံးဟာ နီရဲတောက်ပနေပြီး ကားမီးထိုး လိုက်တဲ့အခါ ပိုပြီးထင်ရှားတောက်ပလာတယ်လို့ဆိုပါတယ် ။ သူတို့က ခြေဆယ်ချောင်းနဲ့ အတောင်ပံပါပျံသန်းနေသော လူသား လို့ဖော်ပြခဲ့ကြတယ် ။ အဲဒီအကောင်ကြီးဟာ ဒုတိယကမ္ဘာစစ် လက်နက်ဒဏ် သင့်အပင်တွေ ရှိတဲ့နေရာဖြစ်တဲ့ TNT လို့ခေါ်တဲ့မြို့ဧရိယာ ကို ကားဖြတ်မောင်းလာ စဉ်အနောက် ကနေ တောက်လျှောက် လိုက်လာခဲ့ပါတယ် ။ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ဒီလိုမြင်ကွင်းမျိုး ကိုထပ်တူမြင်ခဲ့ ရတယ်လို့ ဆိုတဲ့ လူတွေ ရှိလာပြန်ပါတယ် ။ အဲဒီထဲမှာ စေတနာရှင် မီးသတ်သမား၂ ယောက်လည်းပါပါတယ် ။ သူတို့ကတော့ အဒါကို အနီရောင်မျက်လုံးတဲ့ ကြီးမားတဲ့ငှက်ကြီးတစ်ကောင်ဖြစ်တယ်လို့ဆိုပါတယ် ။ Mason ပြည်နယ်မှ Sheriff George Johnson ကတော့ဒီလိုပြောခဲ့ပါတယ် ။ ` အခုတလော လူတွေ ပြောနေတဲ့ ထူးဆန်တဲ့ သတ္တ၀ါကောင် ကြီးဆိုတာ shitepoke လို့ခေါ်တဲ့ ကြီးမားတဲ့ Heron - ငဟစ်ငှက်ကြီး တစ်ကောင်ပဲဖြစ်ပါလိမ့်မယ် ´ Contractor Newell Partridge က သူလည်းပဲ လယ်ကွင်းနားမှာ အနီရောင်မျက် လုံးတွေနဲ့စူးရှတောက်ပတဲ့ ( ဆိုင်ကယ်မီးလိုမျိုး) မျက်လုံးတွေနဲ့ ထူးဆန်းတဲ့ အကောင်ကြီးကိုတွေ့ခဲ့ဖူးကြောင်း Johnson ကိုပြောခဲ့ပါတယ် ။



သူက ဆက်ပြောခဲ့တာကတော့ အဲဒီကောင်ကြီးတွေ့ပြီးတာနဲ့တပြိုင်နက် သူ့ရဲ့ရုပ်မြင်သံကြားဟာ ဆူညံတဲ့အ သံတွေ ထွက်ပေါ်လာပြီး ဂျာမန် Shepherd ခွေးတစ်ကောင် လည်းပျောက်ဆုံး သွားကြောင်းပြော ဆိုခဲ့ပါတယ် ။ West Virginia Univeristy မှ တောတွင်းတိရိစ္ဆာန်လေ့လာရေး ဇီဝပညာရှင် က သတင်းထောက်တွေ ကိုပြောခဲ့ တာကတော့ ဒီလို ဖော်ပြချက်တွေနဲ့ မြင်ကွင်းတွေဟာ Sandhill Crane နဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။ Sandhill Crane ဆိုတာ အမေရိကန် ကြိုးကြာနွယ်ဝင်ဖြစ်ပြီး လူတစ်ရပ်လောက်မြင့်ပါတယ် ။ ခြေချောင်း ၇ ချောင်း ရှိပြီးတောင်ပံတွေပါပါတယ် ။ အနီရောင်မျက်လုံးတွေကလည်း ၀ိုင်းစက်နေပြီး အဲဒီငှက်တွေဟာ အသား စား သတ္တ၀ါမျိုးနွယ်တွေဖြစ်တယ်လို့ဆိုပါတယ် ။ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းမှာတော့ လူပေါင်း ၄၆ ယောက် သေဆုံးခဲ့ရတဲ့ Silver Bridge ပြိုပျက်မှုမှာ ဒီ သတ္တ၀ါကြီးဟာ အဓိက တရားခံအဖြစ်ပါ ၀င်ပြီး တဲ့နောက် နောက်ထပ် report တွေထွက်မလာခဲ့တော့ပါဘူး ။



Silver Bridge ပေါ်မှ Mothman

ဒီတံတားကြီးပျက်ဆီးမှုနဲ့ ဒီအကောင်ကြီး ထွက်ပေါ်လာမှု ဟာ ဆက်နွယ်မှုရှိနေတာကိုတော့ ကျွန်တော်တို့ အား လုံးငြင်း လို့မရနိုင်ခဲ့ပါဘူး .။ တချို့လည်း ဒီလူပျံတော်ဟာ ပန်းကန်ပြားပျံ UFO တွေ ကမ္ဘာကို ရောက် ရှိလာ တာ နဲ့ ပတ်သတ်နေရမယ်လို့ ဆိုပါတယ် ။ ဘာပဲပြောပြော ဒီလူပျံတော် Mothman ဟာ ဒဏ္ဍာရီဆန်ဆန် နဲ့ ပုစ္ဆာပေါင်း များစွာ ပေးနေတုန်းပါပဲ ။



Ref : wikipeida

သက်တန့်ချို
16 Sept 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. မိုးနှင်းပွင်.September 16, 2011 at 12:00 PM

    ကြောက်စရာအကောင်ကြိး
    တို.ဆီတော.မလာနဲ.နော်

    ReplyDelete
  2. လွမ်းနေခွင့်September 16, 2011 at 2:07 PM

    ရန်လိုနေတဲ့ပုံကြီးပဲ..... လူမဟုတ် ဌက်မဟုတ်နဲ့...ကြောက်စရာကြီး...

    ReplyDelete
  3. မကြောက်ပေါင်း)
    တွေ့မှမတွေ့ဖူးသေးပဲလေ တွေ့ရင်သေးတွေပါထွက်ကုန်မလားမသိ အခုတော့မကြောက်ပေါင်

    မောင်ဘကြိုင်

    ReplyDelete
  4. မြန်မာပြည်ရောက်လာခဲ့စမ်းပါ..ရေဖျော်သောက်ပစ်လိုက်မယ်..အဲဒီလူပျံတော်ကို....။

    ဦးအောင်မြင့်တို့ ဦးသိန်းဌေးတို့ မြင်ရင် ဒီကောင့်ကို အမှုန့်လုပ်ပစ်လိုက်လိမ့်မယ်...ညှင်း ငှင်း ငွှင်း ဟွှင်း။

    ReplyDelete
  5. ထူးတော့ ထူးဆန်းတယ်နော် အကို... :)

    ReplyDelete
  6. ကြောက်စရာကြီး ရေနွေးနဲ့ဖျောပြီး အကျွတ်ကြော်လိုက်
    ဒါမှမဟုတ် စပါးလင်နဲ့အုပ်ပြီးချက်းစားလိုက်း)

    ReplyDelete
  7. ထူးတော့ ထူးဆန်းသား...။
    လူတစ်ပိုင်း ငှက်တစ်ပိုင်းနဲ့
    ယုံရအခက် မယုံရအခက်နော်...။

    ReplyDelete
  8. ထူးဆန်းသလို စိတ်ဝင်စားစရာလဲ ကောင်းတယ်။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  9. ခြေထောက်တွေက အများကြီးဆိုတော့ ပြေးရင် ခလုပ်တိုက်နေမှာပဲနော်။။ ဟီးးးးးးးးးးးးးးးးးးးး။။။

    ReplyDelete
  10. I can truly say that I have never read so much useful information about Blogger: သက်တန့်ချို..... - Post a Comment. I want to express my gratitude to the webmaster of www.thettantcho.com.

    ReplyDelete
  11. သူတို့ လိုမျိုးလူပျံတော်ဖြစ်ပြီးပျံတတ်ရင်သိပ်ကောင်းမှာဘဲ..ချစ်သူရှိရာရောက်အောင်ပျံဖို့ ...

    ReplyDelete
  12. wholesale replica watches i do replica watches replica watches oris replica watches review iwc pilot replica watches hamilton replica watches genuine swiss made replica watches [url=http://brandreplicawatches.org/Roger-Dubuis/watches/replica/]replica omega watches[/url] cheap watches replica replica oversized watches replica seiko watches

    ReplyDelete