Monday, October 17, 2011

ဆိတ်သွေးစုပ်ကောင်

ဆိတ်သွေးစုပ်ကောင်



ဒီထူးဆန်းတဲ့ သတ္တ၀ါကောင်ကို Chupacabras လို့ခေါ်ပြီး Chupar ရဲ့ အဓိပ္ပါယ်ကတော့ စုပ်ယူခြင်းဖြစ်ပြီး Cabra ကတော့ ဆိတ်ကို ခေါ်ပါတယ် ။ ဒီတော့ ဆိတ်သွေးစုပ်ကောင်လို့ ဘာသာပြန်ရမှာဖြစ်ပါတယ် ။ အမေရိ ကားမှာ နေထိုင်ကျက်စားကြပြီး ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်ဆန် အကောင်မျိုးဖြစ်ပါတယ် ။ မက်ဆီကိုနဲ့ ယူနိုတ် တက်စ တိတ်မှာ ဒီလို ထူးဆန်းသတ္တ၀ါကောင်ကို မြင်တွေ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။ ဆိတ်သွေး စုပ်ကောင်ဆိုတဲ့နာမည်ကလည်း ဆိတ်ရဲ့သွေးကို စုပ်ယူပြီးမှ အသက်ရှင်နေထိုင်ရတဲ့အတွက် ဒီလိုကြောက် မက်ဖွယ်နာမည်ပေးထားရခြင်းဖြစ်ပါတယ် ။

သူ့ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို တိတိကျကျ ဖော်ပြဖို့တော့ခက်လှပါတယ် ။ Puerto Rico မှာ ၁၉၉၅ ခုနှစ် မှာတော့ မျက်မြင်သက်သေတွေက ဝေးကွာလွန်းသော မြောက်ဖျားမှ Maine ၊ တောင်ဖက်မှာ Chile နဲ့ အမေရိ ကား အပြင်ဖက်နယ်ပယ်တွေဖြစ်တဲ့ ရုရှားနဲ့ ဖိလစ်ပိုင်ဒေသတွေမှာတောင် မြင်တွေ့ခဲ့ကြ တယ် လို့ဆိုပါတယ် ။ ၂၀၁၀ ခုနှစ် ဇူလိုင်လမှာတော့ Chupacabra အဖြစ် အကောင်တစ်ကောင်ကို သတ်ပြီးဖမ်းဆီးနိုင်ခဲံပါတယ် ။ ဒါပေမယ့်လည်း အဲဒီအကောင်ဟာမြောက်အမေရိက မြောက်ပိုင်းလွင်ပြင်ကျယ်တွေမှာ နေထိုင်ကျက်စားတဲ့ coyote နဲ့ဆင်တူပြီး များစွာသော parasite infection တွေကူးစက်ခံရလို့နေပါတယ် ။ အဲဒီ၂၀၁၀ ခုနှစ်ရဲ့အောက် တိုဘာလမှာတော့ University of Michigan မှ သိပ္ပံပညာရှင်တွေက ဒီလို ပါရာဆိုက်တွေ ကူးစက် ခံနေရတဲ့အကော်ဟာ အထူးသဖြင့် Scabies နဲ့ mange အကောင်တွေ ကူးစက်ခံရတာဖြစ်နိုင်ပြီး အဲဒါ ဟာ ဆိတ်သွေးကို စုပ်ယူစားသောက်တယ်ဆိုတဲ့ ဒဏ္ဍာရီရဲ့ အစဖြစ်စေခဲ့တယ်လို့ ဆိုပါတယ် ။

ဒီနေရာမှာ သတင်းလေးတစ်ပုဒ်ကို တင်ပြချင်ပါတယ် ။ Chupacabras ကို လက်ရ ပစ်ခတ်ဖမ်း ဆီးနိုင်ခဲ့တဲ့ သတင်းလေးပါ ။



သူ့ရဲ့သားမွှေးဟာ အပြာရောင်ဖုံးလွှမ်းထားတယ် ။ နားတွေက ၀ိုင်းက်ပြီး ချွန်မြတဲ့သွားချွန်တွေရှိနေတယ် ။ Mississippi မှ အိမ်ပိုင်ရှင်တစ်ဦးက ပစ်ခတ်ပြီးအသေဖမ်းဆီးရနိုင်ခဲ့တာပါ ။



ဒါဟာ ကာလအတော်ကြာပျောက်ဆုံးနေတဲ့ ဆိတ်သွေးစုပ်ကောင်ရဲ့ ဇတ်လမ်းကို ပြန်လည်အ စဖော်ပေး လိုက်သ လိုပါပဲ ။ Truitt Barnard ဆိုတဲ့သူဟာ သူ့ရဲ့ Simpson Country Garden ကနေပြီး ကိုက် ၁၃၀ အကွာ အဝေးမှနေ၍ ဒီသတ္တ၀ါကို လဲကျအောင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ် ။ နှစ်ငါးဆယ်အတွင်း အမိုက် လိုက်ခဲ့သ မျှ ကျွန်တော်မြင်ဖူးသမျှ ထဲမှာ အထူးဆန်းဆုံးပါပဲလို့ သူကပြောဆိုသွားခဲ့ပါတယ် ။



“ သူ့မှာ ရှည်လျားတဲ့ မျက်နှာရှိတယ် ဒါပေမယ့် ဆံပင်မရှိဘူး အနီရောင်ကြမ်းတမ်းတဲ့ သူ့နားတွေဟာ လုံးဝန်းနေ ပြီး ချွန်မြ ရှည်လျားတဲ့သွားတွေဟာ ၃ လက်မ ၄လက်မလောက်ရှိတယ် ” လို့ သူကဆိုပါတယ် ။ “ ဒီလိုအကောင် မျိုးကို Texas မှာတုန်းက တစ်ခါမြင်ဖူးပါတယ် အခုလည်းပုံစံအတူတူပါပဲ ကဲခင်ဗျားတို့ကြည့်ကြစမ်းပါဦး ” လို့ သူက ထိတ်လန့်အံ့သြနေတဲ့ အသွင်နဲ့ဆိုပါတယ် ။



၁၉၉၅ ခုနှစ်မှာ Puerto Rico မှ ဆိတ်ရှစ်ကောင်ဟာ ရင်ဘတ်မှာ ထိုးသွင်းဒါဏ်ရာတွေရရှိပြီး တူညီစွာ သေ ဆုံးနေခဲ့ ခဲ့တာကိုတွေ့ခဲ့ရပါတယ် ။ Chupacabra ကနေ စုပ်ယူထားတဲ့သွေးတွေဟာလည်း ဒီဆိတ်တွေ ရဲ့ဒါဏ် ရာတွေ ကနေ ယိုစီးနေတာကိုတွေ့မြင်ခဲ့ရပါတယ် ။ လ အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ Canovanas မှာ တိရိစ္ဆာန်ပေါင်း ၁၅၀ ကျော်ဟာ ၄င်းဒါဏ်ရာများနဲ့ ထူးဆန်းစွာ သေသုံးနေတာကို တွေ့ခဲ့ကြရပါတယ် ။ မက်ဆီကို အမေရိ က နဲ့ Texas တို့မှာ အလားတူတိုက်ခိုက်မှုပေါင်းများစွာ ကြုံတွေ့ခဲ့ရတာကြောင့် ဒီသတ္တ၀ါဟာ ထိတ် လန့် ကြောက်ရွံ့မှုတွေကို ပေးနေခဲ့တာကတော့ မငြင်းဆန်နိုင်ပါဘူး ။အကယ်၍ သာ နောင်တစ်ချိန်မှာ လူ သားတွေ သွေး ကို စုပ်ယူစားသောက်ခဲ့မယ်ဆိုရင်တော့ ..

Reference Links

http://www.dailymail.co.uk/news/article-2046464/Homeowner-shoots-dead-strange-creature-thinks-chupacabra.html
http://en.wikipedia.org/wiki/Chupacabra

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ကြောက်စရာကောင်းတယ်နော် မနှင်းဆီ

    ReplyDelete
  2. ဒါဆို သွေးလှူရှင်တွေ ကုသိုလ်အများကြီး ရတော့မပေါ့...

    :P

    ReplyDelete
  3. ကြောက်စရာ ကောင်းတာတောင် မနှင်းဆီကို အဖော်ညှိနေကြတယ်....တော်တော်ဆိုးတဲ့ အကိုတွေပဲ...:):)

    ReplyDelete
  4. ဒီလိုအကောင်တွေ အများကြီးရှိရင်တော့ မလွယ်လောက်ဘူး။


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  5. ဒီသတ္တဝါလည်း သွေးစုပ်ဖုတ်ကောင် စာရင်းဝင်ပဲပေါ့ မောင်သက်တန့်ရေ။ သွားက ၃လက္မ ၄လက္မဆိုတော့ လန့်စရာပါလား။ ဆိတ်ကို မရရင် အလားတူအကောင်တွေကနေ လူသားတွေအထိ မလုပ်ဘူးလို့ ပြောမရဘူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အာဂျီးမားOctober 18, 2011 at 5:17 PM

    ကြောက်စရာကောင်းလိုက်တာ... တောထဲဆို အလည်တောင်မသွားရဲတော့ဘူး.... ဟူးးးး

    ReplyDelete
  7. ထူးဆန်းတယ်နော်။ ကျွန်တော်တို့တော့ သိပ်မသိပါဘူး။ သူကဆိတ်သွေးကိုမှ ကြိုက်သတဲ့လား။ ဒါပေမဲ့သွေးစုပ်ဖုတ်ကောင်အမျိုးပဲ ပြောရမှာပါပဲ။

    ReplyDelete