Thursday, February 4, 2010

ဒီလို အမေမျိုးလည်း ရှိတယ်

ဒီလို အမေမျိုးလည်း ရှိတယ်

အလွန်တရာဆိုးဝါးလှတဲ့ ဟာရီကိန်းမုန်တိုင်းကြီး Hannah က ဒီအဖြူရောင်ကျားလေး နှစ်ကောင် ကိုသူတို့အမေနဲ့ခွဲပစ်လိုက်ပါတယ် ။ Anjana ဟာကယ်ဆယ်ရေးစခန်းကိုရောက်ရှိလာပါတယ် ။ Anjana ဆိုတာကတော့ တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကျားမျိုးဆက်ကယ်ဆယ်ရေးစခန်းကို ရောက် ရှိလာတဲ့ မျောက်ဝံမကြီးတစ်ကောင် ဖြစ်ပါတယ် ။ သူမဟာ အံ့သြဖွယ်ရာမိခင်တစ်ဦး ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းနဲ့လည်း ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ် ။ ဒါ့အပြင် အလုပ်တော်တော်များများကို လည်းကူလုပ်ပေးနိုင်ပါတယ် ။ ဥပမာ နို့ဗူးတိုက်ကျွေးခြင်းလိုမျိုး ဖြစ်ပါတယ် ။ မုန်တိုင်း ကြောင့် ကွဲကွာပြီးရောက်ရှိလာတဲ့ကျားဖြူလေးကိုလည်းသူမကပဲတာဝန်ယူပြီးထိန်းကျောင်း ပေး ရ ပါတယ် ။

ဒါပေမယ့် ဒီနေရာမှာ အံ့သြဖွယ်ရာကောင်းတဲ့အချက်ကတော့ Anjana ဟာ အချိန်တိုင်း အကူအညီ ဖြစ်စေမယ့်နည်းလမ်းတွေနဲ့ အလုပ်လုပ်နေခြင်းပဲ ဖြစ်ပါတယ် ။ Anjana ရဲ့ မျက်ဝန်းထဲက ချစ်စရာ ကောင်းတဲ့ အချက်ကတော့ဘယ်အချိန်ကြည့်ကြည့် ဘာမျော်လင့်ချက်မှမရှိပဲ အကူအညီပေး နိုင်ခြင်းပဲဖြစ်ပြီး မေတ္တာဓါတ်တွေအပြည့်နဲ့ မျက်ဝန်းအစုံကို အချိန်တိုင်းတွေ့ မြင်နိုင်ပါတယ် ။






















စာရေးသူ....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. အေ့လေ အသည်းယားစရာလေးတွေ
    တတ်လည်းတတ်နိုင်တဲ့ မျောက်ဝံမ။
    အဲ့ဒါ မိခင်စိတ်နေမှာ။

    ReplyDelete
  2. ချစ်ခြင်းမေတ္တာဆိုတာ မတူတဲ့ သတ္တ၀ါ အချင်းချင်းကြားမှာလည်း ရှိတယ်ဆိုတာ သက်သေပြနေတယ်နော့်။ သိပ်အယူသည်းတဲ့သူတွေ လူသားအချင်းချင်းတောင် အဆင့်အတန်းခွဲနေချိန်မှာ ဒါမျိုးကို တွေ့ရတာ ကျက်သရေ ရှိလှတယ်။ ဖေါ်ပြပေးတာ ကျေးဇူးတင်တယ်နော့်။

    ReplyDelete
  3. သက်တန့်ရေ.. ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။ မျိုးမတူတဲ့ တိရိစ္ဆာန်တွေမှာတောင် ဒီလို ကြင်နာတတ်တဲ့ နှလုံးသား ရှိကြပြီး ဘာဖြစ်လို့များ လူအချင်းချင်း ရက်စက်နေကြလဲ မသိဘူးနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. ချစ်စရာကောင်းလိုက်တာနော် သက်ရာ

    ReplyDelete
  5. ကိုသက်တန့် ရေ

    လာဖတ်သွားတယ်နော်
    မဲပေးသွားတဲ့ အတွက် ကျေးဇူးပါဘဲ

    ရူးတိုးတိုး ဒီနားလာ ကိုသက်တန့် အတွက်လည်း ပေးထားတယ်နော်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  6. ဒီနေ့ မနက်ခင်းလေးတော့ 
    ကျက်သရေရှိသွားပြီ . . .

    ReplyDelete
  7. အရမ်းမိုက်ပါတယ်......နောက်လဲ ကောင်းတာလေးတွေ တင်ပေးပါဦး....

    ReplyDelete
  8. ကြည်နူးစရာကောင်းလိုက်တာဗျာ...ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတာ တိရစ္ဆာန်တွေကတောင် သိတယ်ဗျာ။

    ReplyDelete
  9. ကိုသက်တန့် အခုတလော စာမရေးဖြစ်ဖူးနော် လမင်းက ကို သက်တန့်စာလေးတွေ မျှော်နေတာပါ


    ReplyDelete