Saturday, February 6, 2010

ကမ္ဘာ့အသေးဆုံး မိခင်

ကမ္ဘာ့အသေးဆုံး မိခင်

Stacey Herald က အသက် ၃၅ နှစ်ရှိပါပြီ ။ ဒါပေမယ့် အရပ်ကတော့ ၂ ပေ ၄ လက်မပဲ ရှိပါသေးတယ် ။ သူရဲ့ သားတောင်မှ အရွယ်အစားက သူ့တစ်ဝက်လောက်ရှိနေပါပြီ ။ အမေရိကန်ပြည်နယ် Kentucky မှ ဆရာဝန်များ က အကယ်၍ သူမဟာ ကိုယ်ဝန်ဆောင်တာနဲ့ တပြိုင်နက် အသက်သေဆုံး နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူမနဲ့ သူမခင်ပွန်းတို့ဟာ ကိုယ်ဝန်ဆောင်ခြင်းကို ဘုရားသခင်ကပေးတဲ့ လက်ဆောင်လို့ မှတ်ယူပြီး ကလေးတွေဆက်လက်မွေးဖွားသွားဖို့ပဲ ဆုံး ဖြတ်ထားကြပါတယ် ။



သူမကပြောပါတယ် " ကျွန်မတို့ဟာ ကလေးနှစ်ယောက်အပြင်တော့ ပိုမယူတော့ပါဘူး သူတို့လေးတွေကို ကမ္ဘာ့ ကြီးက ပေးတဲ့ လက်ဆောင်လို့ ပဲမှတ်ယူထားပါတယ် ။ သူတို့လေးတွေရဲ့ မျက်နှာကို ကြည့်လိုက်တဲ့ အချိန် တိုင်းမှာ အချစ်တွေနဲ့ ပဲ ပြည့်စုံနေတယ်လို့ ခံစားရပါတယ် ဒါဟာ ကျွန်မဘ၀အတွက် လုံလောက်သွားပါပြီ " တဲ့ .. ။ တကယ်တော့သူမဟာ Osteogenesis Imperfecta ဆိုတဲ့ရောဂါ တစ်မျိုးခံစား နေရခြင်းပဲဖြစ်ပြီး ဒီရောဂါက အရိုးတွေကို ကျိုးလွယ်စေတယ် မဖွံ့ဖြိုးစေဘူး အဆုတ်ကိုလည်း မသန်စွမ်းစေဘူး ခြုံငုံပြီးပြောရမယ်ဆိုရင် ဖွံ့ဖြိုးမှုအရမ်းကို နှေးကွေးခြင်းပဲ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ သူမဟာ ဘီးတပ်ကုလားထိုင်ကို အသုံး ပြုရတယ်လို့ ဆိုပါတယ်။
















ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်လည်း မှတ်ချက်တစ်ခု ချမိပါတယ် ။ " အော်... မိခင်တိုင်း မိခင်တိုင်းဟာ သားသမီးအပေါ်မှာ အချစ်ဆိုတဲ့အရာကို အပေးစွမ်းနိုင်ဆုံး လူသားတွေပဲ ဖြစ်ပြီး သားသမီးအတွက်ဆို ကိုယ့် အသက်ကိုတောင်ပေးဝံ့တဲ့ အာဇာနည်တွေပါလား " လို့...။

စာရေးသူ.....သက်တန့်ချို

ဒီဘလော့လေးကို ဖတ်ရှုပြီး ကြိုက်နှစ်သက်တယ်ဆိုပါက အောက်ပါလင့်လေးသို့ မဲပေးသွားနိုင်ပါတယ်။

http://www.mmblogpress.org/to-vote/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အဲဒီ မိခင် နေရာက ဝင်ခံစားကြည့်တယ်...
    သိပ်ကိုကြည်နူးစရာကောင်းပါတယ်...
    ကိုယ်အင်္ဂါ မဖွံ့ဖြိုးပေမယ်..သူ့ရဲ့ဘဝလေးက သာမန်မိသားစုဘဝလေးတွေ ထက်တောင် ပျော်ရွှင်နေရသလိုပဲ..
    အဲဒါလည်း ဘုရားကပေးတဲ့ လက်ဆောင်ပါပဲ...

    ReplyDelete
  2. ဒါမျိုး အမျိုးသားလဲ ရှိသေးတာပဲနော်.... တနေ့ သုံးကြိမ် ထိုင်ကန်တော့ဘို့ကောင်းတယ်... ဒေါက်တာရေ...

    ReplyDelete
  3. မိခင်တိုင်းးး မိခင်တိုင်းးး
    ကိုယ့်သားသမီးကို
    အရမ်းချစ်ကြတယ် လေ ..!

    ReplyDelete