Sunday, February 7, 2010

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ ( အပိုင်း ၁)

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ ( အပိုင်း ၁)


ကျွန်တော်တို့ အားလုံးဟာ ဒိုင်နိုင်ဆော တစ်ကောင်ဘယ်အရွယ်အစားလောက်ရှိလဲ ဆိုတာ အားလုံး သိကြပြီး သား ဖြစ်ပါတယ် ။ အကယ်၍များသာ ကြွက်တစ်ကောင်က နွားတစ်ကောင်လောက် အရွယ်အစား ၊ ပင်လယ် ကင်းမြီးကောက်တစ်ကောင်က လူတစ်ယောက်လောက်အရွယ်အစား ၊ ပင်ဂွင်း ငှက်တစ်ကောင်က လူလတ်ပိုင်း အရွယ်အစား ၊ ပေငါးဆယ်ထက်ရှည်တဲ့ ငါးမန်းကြီးတွေ ၊ အကြီးမားဆုံး ဝေလငါးကြီးတွေထက် အဆသုံး ဆယ်လောက်လေးတဲ့ ပင်လယ်သတ္တ၀ါကြီးတွေ ၊ ပေါင် ၁၀၀၀ လောက်လေးတဲ့ တွားတွားသတ္တ၀ါကြီးတွေ သာယခုရှိနေမယ်ဆိုရင် ဘယ်လိုများဖြစ်နေမှာပါလိမ့် ။ တူညီတဲ့နေရာနဲ့ နေရာသာ မဟုတ်ချင်နေပါစေ ပြောခဲ့သော သတ္တ၀ါအားလုံးဟာ အမှန်တကယ် တည်ရှိနေပါတယ် ။



ဖော်ပြထားတဲ့ ပုံတွေကို ကြည့်ပြီး အကြီးဆုံး ခေတ်ဟောင်းသတ္တ၀ါကြီးတွေကို လေ့လာကြပါစို့ ။


ဘတ်စ်ကားတစ်စီးထက်ရှည်သော ကြီးမားသော မြွေကြီးအား ရှာဖွေတွေ့ရှိခြင်း



အချိန်တိုင်းစွတ်စိုနေတဲ့ မိုးအမြဲရွာနေတဲ့ သစ်တော်ကြီးတွေကြားမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ မီလီယမ်လောက် က ကမ္ဘာ့အကြီးဆုံး Anaconda ကဲ့သို့ မြွေကြီးတွေ အမှန်တကယ်ပဲ ကျက်စားခဲ့ပါတယ်လို့ ရှေးဟောင်း သတ္တ၀ါကြီးလေ့လာရေးအဖွဲ့က ပြုလုပ်တဲ့ လေ့လာမှု အသစ်တစ်ခုကနေ ပြောဆိုခဲ့ပါတယ် ။ Colombia နိုင်ငံမှ Cerrejon ကျောက်မီးသွေးတွင်းမှာ ဒီမြွေကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အမျိုးအစားကတော့ Titanoboa cerrejonesis ဖြစ်ပြီး Reptilia အနွယ်ဝင်မြွေကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမြွေကြီးဟာ ၄၂ပေ (၁၃ မီတာ ) ခန့်ရှည်လျားပြီး ၂၅၀၀ ပေါင် (၁၁၃၅ ကီလိုဂရမ် အလေးချိန်ရှိပါတယ် ။ )



" ဒါဟာ မြို့ထဲက ဘတ်စ်ကားတစ်စီး ထက်ရှည်လျားပြီး ကားတစ်စီးထက်ပိုလေးတယ် " လို့ လေ့လာရေး အဖွဲခေါင်းဆောင် Jason Head ကပြောကြားခဲ့ပါတယ် ။ သူက Canada နိုင်ငံ University of Toronto Mississauga မှ မြွေကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးကျွမ်းကျင်သူ ဖြစ်ပြီး Smithsonian Institution မှ တွဲဖက်လေ့လာရေး ခေါင်းဆောင်လည်း ဖြစ်ပါတယ် ။


ပြီးခဲ့တဲ့အခေါက် ရှာတွေ့တုန်းက မြွေကြီးက Gigantophis garstini ဖြစ်ပြီး ၃၆ ပေမှ ၃၈ ပေ ( ၁၁မီတာမှ ၁၁.၆ မီတာ ) အထိရှည်လျားပါတယ် ။ ဒီမြွေကြီးဟာ မြောက်အာဖရိကမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ မီလီယံလောက်က နေထိုင်ကျက်စားခဲ့တဲ့ မြွေကြီးပဲ ဖြစ်ပါတယ် ။


Smithsonians ရဲ့ အမျိုးသားပြတိုက်မှ ရှာဖွေရေးနှင့် စုဆောင်ရေး ဒါရိုက်တာ Hans-Dieter Sues က ဒီလေ့လာမှုနဲ့မပါတ်သတ်ပေမဲ့ မြွေကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အရင်ဆုံး တွေ့ခဲ့သူလည်း ဖြစ်ပါတယ် ။ Sues က အကယ်၍များ လူသားတွေဟာ ဒီကြီးမားတဲ့ သတ္တ၀ါကြီးက ဖြေးဖြေးချင်း ၀ါးမြို မှာ ဖြစ်တဲ့အတွက် ရင်ဆိုင်တွေ့တဲ့အခါ ရပ်နေပြီး ဆုတောင်းဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။ ဆက်လက်ပြီး Sues က


" မြွေကြီးရဲ့ အရေခွံပေါ်က အကွက်တွေဟာ သဘောင်္ကျောက်ဆူးနဲ့ ဆင်တူပြီး ဒါဟာ ကားဟောင်းတွေကို ခြေမွဖျက်ဆီးတဲ့ အခါမှာသုံးတဲ့ ပစ္စည်းနဲ့လည်း ဆင်တူတယ် "


လို့ ဆိုပါတယ် ။ ဆက်ပြီးဆိုရရင်တော့ မြွေကြီးရဲ့ အလေးချိန်ဟာ နောက်ပိုင်းရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို ထင်ဟပ်ပြစေတဲ့ သီအိုရီတစ်ခုကို ဖြစ်စေခဲ့ပြီး ကမ္ဘာကြီးဟာလည်း ယနေ့ရှိနေတာထက် အများကြီး ပူနွေးလာဦးမယ်လို့ ဆိုပါတယ် ။


ဆက်လက်ရေးသားပါဦးမည် ။


စာရေးသူ.....သက်တန့်ချို (၁၀း၃၀ ည ၆.၂.၁၀)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. သြော် အဲလိုတွေလား..
    တော်တော်လေးကို ကြီးတာပဲ..
    နှစ်ပေါင်းကလဲ အဝေးကြီးပဲနော်

    ReplyDelete