Wednesday, February 10, 2010

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၄)

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၄)


လူတစ်ဦးထက် ကြီးမားသော ပင်လယ်ကင်းမြီးကောက်


ကျောက်ဖြစ်ရုပ်ကြွင်း လက်မကြီးကို ဂျာမဏီနိုင်ငံ Prum အနားမှာရှိတဲ့ ကျောက်ကျင်းတစ်ခုကနေ ရှာဖွေ တွေ့ရှိခဲ့ တာ ဖြစ်ပါတယ် ။

သိပ္ပံပညာရှင်တွေက ဒီပင်လယ် ကင်းမြီးကောက်တွေကို Jaekelopterus rhenaniae လို့ခေါ်ဆိုတယ် လို့ဆိုပါတယ် ။ သူတို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၉၀ မီလီယံလောက်တုန်းက နေထိုင် ကျက်စားခဲ့ပြီး ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်နေတဲ့ အောက်ခြေလက်မဟာ ၁၈ လက်မ (၄၆ စင်တီမီတာ ) ရှည်ပြီး ကမ္ဘာ့အကြီး မားဆုံး ကင်းမြီးကောက် မျိုးစိတ် သတ္တ၀ါ စာရင်းဝင်ခဲ့ပါတယ် ။ သူတို့ရဲ့ အရွယ်အစားဟာ ၈.၂ ပေ (၂.၅ မီတာ) ရှိတယ်လို့ National Geographic News မှာ ဖော်ပြထားပါတယ် ။

ဒီနှစ်ပေါင်း ၃၆၀ မီလီယံလောက်က ပင်လယ်ကင်းမြီးကောက်ဟာ ကြီးမားတဲ့ မိချောင်း တစ်ကောင်လောက် အရွယ် အစားရှိပြီး အဲဒီခေတ်တုန်းက ထိပ်တန်းသားရဲ တိရိစ္တာန်ဖြစ်ခဲ့ပါတယ် ။ ဒီကောင်တွေက ငါးတွေကို အလွှာလိုက် ထိုးခွဲစားသောက်တယ် ပင်လယ်ကမ်းခြေတွေနဲ့ ရွံ့ဗွက်ထူတဲ့ နေရာတွေမှာဆို လူသားစားတဲ့ အမူအ ကျင့် တွေတောင် ရှိနိုင်ပါတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့ပါတယ် ။

သူရဲ့ အရှည် ၈.၂ ပေ (၂.၅ မီတာ) ရှိကြောင်းကို သိပ္ပံပညာရှင်တွေက ကျောက်ဖြစ်ရုပ်ကြွင်း လက်မ အရှည် ၁၈ လက်မ (၄၆ စင်တီမီတာ ) ကို အခြေခံပြီးတွက်ချက်ထားတာ ဖြစ်ပါတယ် ။

ရှာဖွေတွေ့ရှိချက်တွေအရ အင်းဆက် ၊ ပင့်ကူ ၊ ဂဏန်းစတဲ့ Arthropods တွေဟာ မာကျောတဲ့အ ပြင်ဖက်အရိုးစု အဆစ်ပါတဲ့ ခြေလက်တွေ နဲ့ ခန္ဓာကိုယ်အပိုင်းတွေနဲ့ ဖွဲ့စသည်းထားပါတယ် ။ အရင်တုန်းက တွေးထင်ထား တာတွေထက် အများကြီး အရွယ်အစား ပိုကြီးမားပါတယ်လို့ United Kingdom , University of Bristol မှ Paleobiologist Simon ကပြောဆိုခဲ့ပါတယ် ။ သူကဆက်လက်ပြီးတော့ တခါတရံမှာ ဒီကျောက်ဖြစ် ရုပ်ကြွင်းတွေက ကြောက်မက်ဖွယ် ပိုးနသန်ကောင် ၊ အံ့သြဖွယ်ရာ ကင်းမြီးကောက်တွေ ၊ ကြီးမားတဲ့ ပိုးဟပ်ကြီး တွေ ၊ ပုစဉ်းကြီးတွေကို ဖော်ထုတ်ပေးနိုင်ပါတယ် လို့ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ယခုအချိန်ထိ နား မလည်နိုင်သေးတာက ဒီရှေးဟောင်း သတ္တ၀ါတွေဟာ ဘာကြောင့်များ ဒီလောက်တောင် ကြီးထွား နေရသလဲ ဆိုတာပါပဲ လို့လည်း ပြောဆိုခဲ့ပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဟုတ်တယ်နော် .... တော်တော် ကြီးတဲ့ သတ္တ၀ါတွေပဲ..။ သဘာဝရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေပေါ့။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ကိုသက်တန့်ရေ...
    ကိုက်ခံလိုက်ရရင်တော့ အကြွပဲနေမှာနော်...။
    ကြောက်စ်စရာဂျီးဒွေ...ခိခိ....း)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. လာဖတ်သွားပါသည်ကိုသက်တန့်ရေ..

    ဒီလောက်ကြီးတဲ့ ကင်းမြီးကောက်ကြီးတော့ မျိုးတုန်းသွားတာဝမ်းသာစရာ.. မဟုတ်ရင် လူတွေ ဒုက္ခရောက်လိုက်မဲ့ဖြစ်ခြင်း..

    ပျော်ရွှင်အဆင်ပြေပါစေ..

    ခင်မင်စွာဖြင့်

    ချော

    ReplyDelete
  4. ကိုသက်တန့်ရေ

    ဖတ်သွားတယ်
    ကြောက်စရာကြီး

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. ဟုတ်ပ..
    ဒီတခါပဲမြင်ဖူးသေးတယ်...

    ReplyDelete
  6. ဟုတ်ပ..
    ဒီတခါပဲမြင်ဖူးသေးတယ်...

    ReplyDelete
  7. သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
    သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။

    update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။
    ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
    တေလေများ

    ReplyDelete