Tuesday, February 23, 2010

ဒဏ္ဍာရီဆန်တဲ့ ရှန်ဂရီလာဒေသ

ဒဏ္ဍာရီဆန်တဲ့ ရှန်ဂရီလာဒေသ



ကြီးမားလှပတဲ့ ယန်ဇီမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာ ဒေသဟာ တကယ်ကိုပဲ ဒဏ္ဍာရီဆန်လောက်အောင် လှပ လွန်းပါတယ် ။ ဒီဒေသဟာ တရုတ်ပြည် ယူနန်စီရင်စု ရဲ့ တောင်ဖက်စူးစူးမှာ ရှိဖြစ် တရုတ်ပြည်ကြီးအတွက် အံ့သြ ဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ် ။ ရှန်ဂရီလာဆိုတဲ့ နာမည်ကို James Hilton ရဲ့ ( ပျောက် ဆုံးသွားသော မိုးကုတ်စက်ဝိုင်း) အမည်ရှိ စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ။ ဒီနာမည်ကို ပေးရခြင်း အကြောင်းမှာလည်း စာရေးသူဟာ ဒီစိတ်ကူးယဉ်ဆန်တဲ့ ဒေသကို ရောက်ရှိပြီး ဒီနာမည် ပေးဖို့ စိတ်ကူး မိကြောင်းပြောကြားပါတယ် ။ James Hilton ဟာ ယဉ်ကျေးမှုသီးခြား အနှစ်သာရကို ရှာဖွေနေတဲ့ ကမ္ဘာကျော် တိုးရစ် တစ်ဦးလည်း ဖြစ်ပါတယ် ။


၂၀၀၅ ခုနှစ် ဂျွန်လ ၂ ရက်နေ့က တရုတ်ပြည် ယူနန်စီရင်စု တောင်ဖက်စူးစူးမှာ တည်ရှိတဲ့ ရှန်ဂရီ ဒေသမှာ လူ တွေနဲ့ သိုးတွေဟာ မြက်ခင်းပြင်စိမ်းစိမ်းမှာ အပူအပင် ကင်းမဲ့စွာ ကျယ်ပြောတဲ့ မိုးကောင်းကင်ကြီးအောက်မှာ နေ ထိုင်ကြပုံ ပဲ ဖြစ်ပါတယ် ။



ရှန်ဂရီလာ ဒေသမှာ ရှိတဲ့ Meili တောင်မှာ နှင်းတွေဝန်းရံ ဖုံးအုပ်နေတဲ့ ပုံပဲ ဖြစ်ပါတယ် ။



ရှန်ဂရီလာဒေသမှာ ရှိတဲ့ Meili တောင်အောက်ခြေက ကြည်ညိုဖွယ် စေတီလေးတွေကို ပြသထားတဲ့ ပုံပဲ ဖြစ် ပါတယ် ။ ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေ တရားကျင့်ကြံ ကြပါတယ် ။ ဒီဒေသကို ကမ္ဘာ့ အစိမ်းရောင်နယ်မြေ အဖြစ် သတ်မှတ် ထား ပြီး တရားဓမ္မတွေ ထွန်းကားနဲ့ နယ်မြေလည်း ဖြစ်ပါတယ် ။


ရှန်ဂရီလာ ကိုဝန်းရံထားတဲ့ Jinsha မြစ်ကို ပြသထားခြင်းဖြစ်ပါတယ် ။ ရှန်ဂရီလာရဲ့ အထူးခြားဆုံး အစား အသောက်က တော့ ဆတ်သားဟင်းပဲ ဖြစ်ပါတယ် ။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်နေရာတွင်မှ မရနိုင် ဟုလည်း သိရပါတယ် ။ ဟိုးယခင် နှစ်ပေါင်းများစွာက ဒဏ္ဍာရီဆန်ခဲ့တဲ့ လူသူအ ရောက်အပေါက်နည်း လှ တဲ့ ရှန်ဂရီလာ ဟာ ယခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေပါပြီ ။ ရှန်ဂရီလာ ဒေသထွက် အမှတ်တရများကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကျေးဇူး ကိုသက်တန့် ရှန်ဂရီလာဆိုတာ နာမည်ပဲ ကြားဖူးတာ ခုမှတွေ့ဖူးတယ်..အရမ်းကို သာယာလှပတဲ့ ဒေသလေးတခုပဲဗျာ...

    ReplyDelete
  3. ဝတ္တုတွေထဲမှာ ခဏခဏ ပါနေတဲ့ ရှမ်ဂရီးလားရဲ့ ပုံလေးတွေ ကြည့်ရလို့ ကျေးဇူး.. သွားချင်လိုက်တာ.

    ReplyDelete
  4. သွားချင်တယ် .. ရောက်ဖူးချင်တယ် .. !

    ReplyDelete
  5. မင်းသိင်ခရဲ့ ၀တ်ထုတစ်ပုဒ်ကစပြီး ရှမ်ဂရီလာဆိုတာစကြားဖူးတာပဲ။ အရမ်း အေးချမ်းမှာပဲဗျ။ ရောက်ဖူးချင်တယ်။ ဆတ်သားဟင်းလည်း--အင်း---စားကြည့်ချင်တယ်။ :D

    ReplyDelete
  6. ရှန်ဂရီလာဆိုလို့ စိတ်ဝင်တစား လာဖတ်ဖြစ်တယ်။ မသိသေးတာ မမြင်ဖူးတာတွေအတွက် ကျေးဇူးအထူး တင်ပါတယ်ဗျာ

    ReplyDelete
  7. တော်တော်လှတယ် ကိုသက်တန့် ကျေးဇူး

    ReplyDelete
  8. ရှန်ဂရီလာမှာ ထွက်ရပ်ပေါက်ပုဂိုလ်တွေ နေကြတယ်လို့ ကြားဘူးတယ်... တရုတ်ဘုရားတွေ ကုလားဘရားတွေလဲ ရှိတယ် ဆိုပဲ... (ဟုတ်မဟုတ်တော့ မသိဘူးနော်)

    တိုးရစ်တောင်မှ နာမည်ကျော်တယ် ဆိုတော့ တခုခုကို ထူးချွန်အောင် လုပ်တတ်တဲ့ ဗီဇကိုလေးစား မိတယ်ဒေါက်တာရေ....

    ReplyDelete
  9. ဆရာမင်းသိင်္ခ စာအုပ်တွေဖတ်ပြီး ရှန်ဂရီလာ ဆိုတဲ့ နာမည်ကို ရင်းနှီးနေခဲ့တာကြာပြီ။
    သူတော်စင်တွေနေတဲ့ လျှို့ဝှက်တဲ့နေရာ ဆိုတာလည်း ရှိတယ်တဲ့လေ။
    ပုံလေးတွေမြင်ရတာနဲ့တင် အေးချမ်းတဲ့ နေရာဖြစ်မယ်ဆိုတာ သိသာပါတယ်။

    ReplyDelete
  10. ရောက်ဖူးချင်တဲ့ နေရာလေးထဲက
    တစ်ခုပါ ... ဖြစ်နိုင်မဖြစ်နိုင်တော့ မသိသေးဘူး

    ခင်မင်စွာနဲ့ 

    ပန်းခင်းလေး

    ReplyDelete
  11. ပုံတွေက တကယ်ပဲ ဒဏ္ဍာရီ ဆန်ပါတယ်

    ReplyDelete
  12. ပုံတွေက တကယ်ပဲ ဒဏ္ဍာရီ ဆန်ပါတယ်

    ReplyDelete