ရိုးရာဓလေ့ ၊ ထုံးတမ်းစဉ်လာဆိုတာ နေရာဒေသတိုင်းမှာ တည်ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ အီသီယိုးပီး ယမ်း လူမျိုး တွေရဲ့ ထုံးတမ်းစဉ်လာ ကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ် ။ သူတို့ရဲ့ အောက်နှုတ်ခမ်း ထဲကို ငယ်စဉ်ကတည်းက အ၀ိုင်းပြားကြီးတွေ ထည့်ထားလေ့ ရှိပါတယ် ။ အီသီယိုးပီးယမ်း အာလုံးလိုလို တော့ မဟုတ် ပါဘူး ။ အလွန်ရှေးကျတဲ့ လူမျိုးစုတွေမှာ တွေ့ရလေ့ရှိပါတယ် ။ မည်သို့ သော စားသောက် နေထိုင်ကြသလဲ ဆိုတာ ကတော့ စဉ်းစားစရာ အချက်တစ်ခုဖြစ်ပါတယ် ။ ရှေးကျတဲ့ လူမျိုးစုတစ်ခုရဲ့ အစဉ်အလာ ရိုးရာလေးကို ဖော်ပြပေးလိုက်ပါတယ် ။
စာရေးသူ......သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
စာရေးသူ......သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
အင်းနော် သူတို့ ဘယ်လိုများစားသောက်ကြလဲ မသိပါဘူးဗျာ..
ReplyDeleteဒါပေမယ့် အသက်ရှင်နေနိုင်တာ အံ့သြစရာပဲနော်..
ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်
ReplyDeleteမောင်လေး မနိုင်းတခါရေးဖူးတဲ့ ပိုစ့် http://www.99sanay.com/2009/06/murzi.html မှာလည်း ဖတ်ဖူးတယ်။ ဖတ်ကတည်းက အူယားတယ်ဝေ့ မန်မန်ဘယ်လိုစားမလဲ မသိ။ မိန်းကလေးတွေပဲ တပ်ရတာတဲ့။ ဒီလူမျိုးလည်း ရှားပါးပဲနော်။ အသက်ရှင်နေတာလည်း အံ့သြတယ် ။ မောင်လေးကျန်းမာပျော်ရွှင်ပါစေ
ReplyDeleteလူမျိုးတမျိုး ဓလေ့တမျိုးစီပဲနော်..။ ဒါပေမဲ့ သူတို့ကိုကြည့်ရတာတော့ တကယ်ထူးဆန်းတယ်။ နေရတာခက်မှာပဲလို့..
ReplyDeleteခင်တဲ့
သဒ္ဓါ
ကိုသက်တန့်ရေ...
ReplyDeleteအူယားစရာကြီးနော်....။
သူတို့ကတော့ နေသားကျနေမယ်နဲ့တူတယ်...။
ကျွန်တော်တို့ မြန်မာပြည်က ပဒေါင်လူမျိုးတွေလိုမျိုးပေါ့နော်...။ ထူးထူးဆန်းဆန်းလေးတွေ....း)
ကြည့်ရလို့ ကျေးဇူးးးး
ခင်မင်တဲ့
ဏီလင်းညို
ပဒေါင်(ကယန်း) လူမျိုးတွေ လည်ပင်းမှာ ကြေးကွင်းစွပ်ကြသလိုပဲပေါ့နော် ...
ReplyDeleteမမြင်ဘူးတာတွေမြင်ခွင့်ရလိုက်တယ်အင်းသူ
ReplyDeleteတို့နှုတ်ခမ်းတွေမနာဘူးလားမသိဘူးနော်