လယ်သမား Carlos Bayona ဟာ ကြီးမားတဲ့ အိုးကြီးထဲမှာ Culonas ပုရွက်တွေကို အပြန်အလှန် အထက် အောက်လှော်နေပါတယ် ။ ဒီပုရွက်ကြော်တွေကို Socorro မှာ စီးပွားဖြစ်လုပ်ကိုင်နေခဲ့ပါတယ် ။ ဧပရယ် ဂျွန် ရာသီတွေမှာ နှစ်စဉ်နှစ်တိုင်း Colombian လယ်သမား ထောင်ပေါင်းများစွာနဲ့ ၀ါသနာပါသူတွေက Santander စီရင်စုမှာ သူတို့ ဒေသရဲ့ ရိုးရာအဖြစ် ပုရွက်တွေ (Atta Laevigata) ကို လိုက်လံစုဆောင်းပါတယ် ။ ပုရွက်တွေ ကိုသူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် Ulonas လို့ခေါ်ကြပါတယ် ။ သူတို့ကို ချက်ပြုတ် ကြော်လှော်ပြီး တော့ ထူးခြားဆန်းပြားပြီး စွဲမက်နှစ်သက်ဖွယ်ကောင်းသော အထူးအစားအစာအဖြစ်ရောင်းချကြပါတယ် ။
၂၀၀၉ မေ ၁၉ ရက်နေ့မှာ San Gil မြို့ လမ်းတစ်နေရာမှာ ကလေးငယ်တစ်ဦးက Culonas ပုရွက်လှော်တွေကို ကြည့်နေခြင်း ဖြစ်ပါတယ် ။
မိန်းမတစ်ဦးက Barichara မြို့မှာ ၂၀၀၉ ခုနှစ် မေ၁၉ ရက်နေ့က ပုရွက်အချဉ်ရည်နဲ့ အာလူးချပ်ကို စားဖို့ ပြင်ဆင်နေ ပုံ ဖြစ်ပါတယ် ။
စားသောက်ဆိုင် Color de Hromiga , Barichara မှာ ပုရွက်ချဉ် ဆမ်းထားတဲ့ အစားအသောက်တစ်ခုကို ခင်းကျင်း ထားပုံပဲ ဖြစ်ပါတယ် ။
San Gil မြို့က စတိုးဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ဦးက Culonas ပုရွက်လှော်တွေ ထုပ်ထားတဲ့ အထုပ်တစ် ထုပ်ကို သူမရဲ့ စတိုးဆိုင်မှာ ပြသနေပုံပဲ ဖြစ်ပါတယ် ။
San Gil မြို့က မြို့လယ်ခေါင် လမ်းမကြီးမှာ ပျံကျဈေးသည်တွေဟာ Culonas ပုရွက်အရှင်တွေကို ခင်းကျင်း ပြသ ပြီး ရောင်းချလျှက်ရှိပါတယ် ။
စားသုံးဖူးသူတွေရဲ့ အဆိုအရ ဒီပုရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မှန်သမျှဟာ အရသာ အလွန်ထူး ကဲလှပြီး ဆိမ့်သောအရသာရှိတယ်လို့ ဆိုပါတယ် ။
စာရေးသူ.....သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အာ.. ကြောက်စရာ
ReplyDeleteမစားရဲပါဘူး..
လူတွေများ ရှာရှာကြံကြံ စားလဲစားတတ်ပါ့
အသည်းတယားယားနဲ့ ကြည့်သွားပါတယ်။ စားတော့ မစားရဲဘူး။
ReplyDeleteအောင်မလေး ....... ကြည့်တာနဲ့တင် ကြက်သီးထသွားတယ်။း)
ReplyDeleteကြည့်တာနဲ့တင်
ReplyDeleteကြက်သီးထတယ် ကွယ် .. !
သြော်...
ReplyDeleteအစကတည်းကမှ မျက်လုံးကပြူးပါတယ်ဆိုမှ..
ပုရွက်ဆိတ်ကြော်များစားလိုက်လို့ကတော့...
ဟီး....မီး..ဘာမှမပြောဘူးနော်...
အောင်မငီးးး စားလို့ကောင်းမကောင်းတော့မသိဘူး အကိုက်သာခံလိုက်ရလို့ကတော့ မတွေးရဲစရာပဲ အကောင်ကြီးကလဲ ကြည့်ဦး..။
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
စားကြည်.ချင်လိုက်တာ ဘယ်လိုအ၇သာလေးဘာလိမ်.
ReplyDeleteဟိဟိဟိ
ပန်း
အမလေးးးး
ReplyDeleteကြက်သီးထလိုက်တား(
မြန်မာ ပြည် က ပုရစ်ကြော် နဲ့ လဲ မလား ?
ReplyDeleteဘယ်အရသာ က ပိုကောင်း မလဲ...
ထူးခြားဆန်းပြားအစီအစဉ်မှာတော့မကြာခဏ
ReplyDeleteတွေ့ဘူးပါတယ်သူတို့ကတကယ်စားကြတာနေမှာနော်အဲလိုစားတော့ရောဂါတွေဘာတွေမဖြစ်ဘူးလားမသိနော်