Wednesday, March 10, 2010

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၂)

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၂)





ဟိန္ဒူနဲ့ ဗုဒ္ဓ ရဲ့ ဒဏ္ဍာရီလာအရ Naga ဆိုတာဟာ အရွယ်အစားအလွန်ကိုကြီးမားတဲ့ မြွေကြီးတစ်ကောင် ဖြစ် ပါတယ် ။ အရှေ့တောင်အာရှ လက်မှုပညာရဲ့ တွဲစပ်ပုံအရ ထိုင်းနိုင်ငံမှာဆိုရင် Naga ကို အလွန်ကြီးမားတဲ့ အမောက်ပါသော မြွေနဂါးအဖြစ် ရေးဆွဲပုံဖော်လေ့ရှိပါတယ် ။ ဒါပေမယ့် Angkor မှာတော့ Naga ဟာ သူ့ရဲ့ အ မောက်မပါရှိပါဘူး ။ ဒါဟာ Greek ဒဏ္ဍာရီအရ နိမိတ်မကောင်းမှုကို ဖော်ဆောင်ပြီး ဦးခေါင်းများစွာ ပါရှိခြင်း ကတော့ ရေခမ်းခြောက်မယ်ဆိုတဲ့ နိမိတ်ပဲ ဖြစ်ပါတယ် ။



Naga ရဲ့ များစွာသော ထူးဆန်းဖွယ်ရာ အရည်အသွေးတွေနဲ့ ဒဏ္ဍာရီဆန်မှု ၊ ရိုးရာပုံပြင်တွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လို့နေပါတယ် ။ ဒါ့အပြင် သူ့ရဲ့ လူသားတစ်ဦး ပုံစံပြောင်းလဲဖို့ ကြိုးစားနေဟန်နဲ့ လူအများကြားမှာ လျောက် သွားနိုင်တဲ့ တန်ခိုးတွေရှိတယ်လို့လည်း လူအများစုက ယုံကြည်နေကြပါတယ် ။ ရာဇ၀င်တွေထဲမှာတော့ Naga ရဲ့ သတ်ဖြတ်မှုအမျိုးမျိုး အထူးသဖြင့် သေစေနိုင်တဲ့ အဆိပ်ရည်ကိုက်ခဲမှု ၊ သူ့ရဲ့ အကြေးခွံတွေထဲမှာ အဆိပ် ရည်တွေ သိုလှောင်ထားပြီး ရန်သူနဲ့တွေ့တဲ့အခါ အဆိပ်ရည်တွေကို အသုံး ပြုနိုင်ပုံကိုလည်း ဖော်ပြထားပါတယ် ။



နိမိတ်မကောင်းခြင်းတွေအားလုံးထဲမှာတော့ Naga ဟာ ရန်သူနဲ့တွေ့တဲ့အခါ ရန်သူ့မျက်လုံးကို အဆိပ်ရည်တွေ ပက်ကျဲပြီး ရိုးရိုးရှင်းရှင်းပဲ သေစေတယ်လို့ ဆိုပါတယ် ။ သူ့ရဲ့ အစွမ်းရှိတဲ့တန်ခိုးဟာ ဥရောပတိုက်ထဲက ဒဏ္ဍာရီဆန်တဲ့ မြွေအမျိုးအစားနဲ့ ဆင်တူနေပြီး Third Harry Potter book နဲ့ movie တွေမှာ ဖော်ပြထား ပါတယ် ။


Naga ကို ကိုးကွယ်ယုံကြည်မှုတွေဟာ အရှေ့တောင်အာရှကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ် ။ Naga နဲ့ တူတဲ့ သက်ရှိတွေဟာ တကယ်ပဲနေထိုင်ခဲ့လို့ ဒီပုံပြင်တွေ ထွက်ပေါ်လာရတာလား ။ နှစ်စဉ်နှစ်တိုင်းမှာ ပြည်တွင်း ပြည်ပမှ ထောင်ပေါင်းများစွာသော လူတွေနဲ့ တိုးရစ်တွေဟာ Mekong မြစ်မှ Bang Fai Phaya Nark ပွဲတော်ဆီသို့ စုရုံးေ၇ာက်ရှိလို့လာပါတယ် ။ အဲဒီပွဲတော်မှာ Naga မြွေနဂါးရဲ့ မီးလုံးတွေဟာ ထိုင်းမှ လာအို မြစ်ကြောင်းတလျောက် ထွက်ပေါ်လေ့ရှိတယ်လို့ ဆိုပါတယ် ။




ဒီ Naga နဲ့ပတ်သတ်လို့ ထူးဆန်းတဲ့ အဆိုအမိန့်တွေဟာ ရေပြင်ပေါ်မှာ မျောပါနေတဲ့ မြွေနဂါးဥနဲ့ ဆင်တူတဲ့ အနီရောင် အလုံးကြီးတွေကို မြင်တွေ့ခဲ့ရာမှ အစပြုခဲ့တယ်လို့ ဆိုပါတယ် ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ထိုင်း နိုင်ငံဖက်ကို လာအိုနိုင်ငံသားတွေက သူတို့ဖက်ကနေပြီး မီးလုံးအနီကြီးတွေ အသံတုတွေ နဲ့ ထိုင်းနိုင်ငံက လူတွေကို လှည့်စားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။



ကြီးမားတဲ့ မြွေနဂါးရုပ်ထုကြီးကို မြင်တွေ့ရမှုဟာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်လို့လာပါပြီ ။ အောက် တိုဘာ ၂၀၀၀ ခုနှစ်မှာ Cryptozoologist Richard Freeman ဆိုသူဟာ Naga ကိုရှာဖွေဖို့အတွက် Discovery ရုပ်သံလိုင်းနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်လာခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ ရောထွေး လို့နေပါတယ် ။



Freeman ဟာ Naga ကိုတွေ့ရှိခဲ့တယ်ဆိုတဲ့ မျက်မြင်သက်သေကိုပဲ တွေ့ရှိခဲ့ပါတယ် ။ Naga ရဲ့ အရိုးစုနဲ့ ရိုက်ကူးခဲ့တဲ့ ဗီဒီယို ကတော့ အဓိပ္ပါယ် သတ်မှတ်လို့မရအောင်ပျက်ဆီးလို့နေပါတယ် ။ သူတို့ရဲ့ ရှာဖွေတွေ့ရှိ ချက် တွေအရ Freeman အဖို့ အရှေ့တောင်အာရှက တောနက်တွေထဲမှာ အလွန်ကြီးမားတဲ့ မြွေကြီးတွေ နေထိုင်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ် ။



အခြားဟိန္ဒူ ဒဏ္ဍာရီတစ်ခုကတော့ Angkor ရဲ့ ပတ်ဝန်းကျင်မှာ မျောက်များရဲ့ ဘုရင် ဟာနုမာန် ကို မကြာခဏ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ် ။ သူ့ရဲ့ ထူးခြားတဲ့ ပုံဆွဲပန်းချီတွေကို Banteay Samre မှာ တွေ့နိုင်ပါတယ် ။ ကန်ဘောဒီးယားတခွင်က တောတွေထဲမှာတော့ မျောက်များစွာ ကျက်စားလို့နေပါတယ် ။ မလေးရှားလူမျိုး Orang dalam ဆိုသူက ဒီထူးဆန်းတဲ့ creature တွေအားလုံးဟာ မြောက်အမေရိက မှ Bigfoot ရဲ့ ပုံပြင်တွေနဲ့ ဆင်တူတယ်လို့ဆိုပါတယ် ။ လွန်ခဲ့တဲ့ နှစ်၂၀၀ လောက်က တောထဲမှာ ခြောက်ပေမှ ရှစ်ပေအထိရှည်လျှားတဲ့ သတ္တ၀ါတွေဟာ စူးရှတဲ့အနံ့တွေကို ထုတ်လွှတ်ပြီး တောနက်ထဲမှာ နေထိုင်လေ့ရှိပြီး လူတွေနဲ့လည်း မကြာခဏ ပက်ပင်းတိုးလေ့ရှိပါတယ် ။

ဆက်လက်ရေးသားပါဦးမည် ။

စာရေးသူ....သက်တန့်ချို (၁၀.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ဟယ် ...
    ဘီလိုလုပ်ပြီး Dota Game ထဲက Naga Siren နဲ့ Silthreen Guard တို့က ပါလာရတာတုန်း ..

    ReplyDelete